အောက်စုံနေပြီး မျောက်ခုန်ခုန်နေစမ်းပါ

အင်္ဂါည ယူရို၂၀၂၁ ဆီမီးဖိုင်နယ် ပွဲကြိုသုံးသပ်ချက်

အီတလီ နှင့် စပိန် (ည ၁း၃၀)(စိုင်းကို တောင်ကြီး)

အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ကဝင်ဘာလေကွင်းကြီးအတွင်းကစားကြမယ့်ပွဲပါ။ယူရို၂၀၁၆တုန်းက ၁၆သင်းအဆင့်မှာဒီနှစ်သင်းရင်ဆိုင်ဖူးပြီးအီတလီ ၂ဂိုးပြတ် အနိုင်ရရှိခဲ့တယ်။

ဒါကြောင့်အခုပြိုင်ပွဲမှာ စပိန်အနေနဲ့ အီတလီကို လျှော့မတွက်ဘဲလက်စားချေနိုင်ဖို့ ကြိုးစားလာပါလိမ့်မယ်။လက်ရှိ စပိန်ခံစစ်ကြောင်းကအမှားအယွင်းများနေပေမယ့်လည်း တိုက်စစ်ကတော့ဂိုးသွင်းအားရှိနေပါတယ်။

အီတလီကတော့ပြောင်မြောက်လှတဲ့ ခံစစ်နည်းဗျူဟာကိုပိုင်ဆိုင်ထားပြီးတိုက်စစ်ကတစ်ဂိုးလောက် သွင်းနိုင်ရင်ပဲအနိုင်ရလဒ်ရရှိသွားတတ်တဲ့အသင်းပါ။အီတလီရဲ့ခံစစ်ကိုရှိန်ပြီး စပိန်အသင်း ရဲရဲတင်းတင်း တိုက်စစ်မဖွင့်ရဲဘဲ ထိန်းကစားလာနိုင်တယ်။

အခုပွဲမှာသရေဆိုရင် အီတလီဘက်ကနေ ခပ်ပါးပါးနစ်နာရမယ်ဆိုပြီးအကျောပေးထားလေရဲ့။မိနစ် ၉၀အတွင်း မရှုံးအောင်စွမ်းဆောင်ပြမယ့် စပိန်ကိုလက်တွဲရမယ်။ဂိုးပေါင်းကြေး ၂-၃၀ဖွင့်လှစ်ထားမှုမှာ ဂိုးပေါင်းအောက်ကလည်းကစားချင်စရာငွေတွင်းကြီးဖြစ်နေမှာပါ။အောက်စုံနေပြီး ပျော်ပျော်ပါးပါး မျောက်ခုန်ခုန်နေစမ်းပါဗျာ။

zawgyi




