လစ်သူရေးနီးယား ၄ဂိုးပြတ်ရှုံးဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်

ဗုဒ္ဓဟူးည ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ အုပ်စုပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

အီတလီ နှင့် လစ်သူရေးနီးယား (ည ၁း၁၅)(ဖိုးရာဇာ)

ဘူလ်ဂေးရီးယား၊ ဆွစ်ဇာလန်တို့ကို ဆက်တိုက်သရေကျလိုက်တာကြောင့်အီတလီအတွက်ထပ်ပြီးအမှားခံလို့မရတော့ပါဘူး။ဒါကြောင့် အီတလီအနေနဲ့ ပွဲအစအဆုံးသတိကြီးကြီးထားပြီးယှဉ်ပြိုင်လာမှာပါ။လစ်သူရေးနီးယားဆိုတာကအိမ်ဖြည့်ခံအသင်းသာဖြစ်ပြီး ရှေ့၊ လယ်၊ နောက် နေရာစုံ ယိုယွင်းလွန်းလှတယ်။

ဒါပေမဲ့သူတို့ဟာဂိုးပြတ်မရှုံးဖို့ ဦးတည်ကစားမှာပါ။အီတလီကလည်းပွဲဆက်များနေမှုကြောင့်အနိုင်ရရှိရုံ ထိန်းကစားလာနိုင်တာကြောင့်လစ်သူရေးနီးယား ၄ဂိုးပြတ်ရှုံးဖို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။

zawgyi




