၄ရက်ကြာပျောက်ဆုံးနေတဲ့ဘောလုံးသမားကိုပြန်လည်တွေ့ရှိ

ပျောက်ဆုံးနေတဲ့ဘောလုံးကစားသမားဂျိမ်းစ်ဒိန်းကိုလေးရက်ကြာရှာဖွေမှုပြုလုပ်ပြီးနောက်သူ့ရုပ်အလောင်းကိုပြန်လည်တွေ့ရှိပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၃၅နှစ်ရှိဂျိမ်းစ်ကိုနောက်ဆုံးမြင်တွေ့ခဲ့ရတာပြီးခဲ့တဲ့အပတ်ဗုဒ္ဓဟူးနေ့ညလယ်ပိုင်းတုန်းကဘလက်ဘန်းအနီးရှိအော်ချတ်ဒရိုင်းဧရိယာတွင်ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ဟာဒေသခံအဖွဲ့အစည်းများနှင့်ပူးပေါင်းကာနယ်မြေများကိုပိုက်စိပ်တိုက်ရှာဖွေမှုများပြုလုပ်ပြီးနောက်ဂျိမ်းစ်ဒိန်းရဲ့ရုပ်လောင်းကိုတွေ့ရှိခဲ့တာလည်းဖြစ်ပါတယ်။

ရဲတပ်ဖွဲ့ကဂျိမ်းစ်ဒိန်းရဲ့ရုပ်လောင်းတွင်ဒဏ်ရာတစ်စုံတစ်ရာတွေ့ရှိရခြင်းမရှိကြောင်းနှင့်သေဆုံးရတဲ့အကြောင်းရင်းကိုစစ်ဆေးမှုများပြုလုပ်သွားရဦးမှာဖြစ်ကြောင်းဆိုထားပါတယ်။

အရပ်၆ပေ၊၃လက်မရှိတိုက်စစ်မှူးဟာဘလက်ဘန်းဖွားတစ်ဦးဖြစ်ပြီးဂရိတ်ဟာဝုဒ်တောင်းတွင်ကစားသမားဘဝစတင်ခဲ့ပါတယ်။သူဟာကလစ်သရိုး၊နော့ဝှစ်ချ်ဗစ်တိုးရီးယား၊စတဲလ်ဘရစ်ချ်ဆဲလ်တစ်နှင့်ဘူရီတို့တွင်ကစားခဲ့ဖူးသူဖြစ်ပါတယ်။

zawgyi

၄ရက္ၾကာေပ်ာက္ဆုံးေနတဲ့ေဘာလုံးသမားဂ်ိမ္းစ္ဒိန္းကိုျပန္လည္ေတြ႕ရွိ

ေပ်ာက္ဆုံးေနတဲ့ေဘာလုံးကစားသမားဂ်ိမ္းစ္ဒိန္းကိုေလးရက္ၾကာရွာေဖြမႈျပဳလုပ္ၿပီးေနာက္သူ႔႐ုပ္အေလာင္းကိုျပန္လည္ေတြ႕ရွိၿပီျဖစ္ေၾကာင္းသိရပါတယ္။

အသက္၃၅ႏွစ္ရွိဂ်ိမ္းစ္ကိုေနာက္ဆုံးျမင္ေတြ႕ခဲ့ရတာၿပီးခဲ့တဲ့အပတ္ဗုဒၶဟူးေန႔ညလယ္ပိုင္းတုန္းကဘလက္ဘန္းအနီးရွိေအာ္ခ်တ္ဒ႐ိုင္းဧရိယာတြင္ျဖစ္ပါတယ္။

ရဲတပ္ဖြဲ႕ဟာေဒသခံအဖြဲ႕အစည္းမ်ားႏွင့္ပူးေပါင္းကာနယ္ေျမမ်ားကိုပိုက္စိပ္တိုက္ရွာေဖြမႈမ်ားျပဳလုပ္ၿပီးေနာက္ဂ်ိမ္းစ္ဒိန္းရဲ႕႐ုပ္ေလာင္းကိုေတြ႕ရွိခဲ့တာလည္းျဖစ္ပါတယ္။

ရဲတပ္ဖြဲ႕ကဂ်ိမ္းစ္ဒိန္းရဲ႕႐ုပ္ေလာင္းတြင္ဒဏ္ရာတစ္စုံတစ္ရာေတြ႕ရွိရျခင္းမရွိေၾကာင္းႏွင့္ေသဆုံးရတဲ့အေၾကာင္းရင္းကိုစစ္ေဆးမႈမ်ားျပဳလုပ္သြားရဦးမွာျဖစ္ေၾကာင္းဆိုထားပါတယ္။

အရပ္၆ေပ၊၃လက္မရွိတိုက္စစ္မႉးဟာဘလက္ဘန္းဖြားတစ္ဦးျဖစ္ၿပီးဂရိတ္ဟာဝုဒ္ေတာင္းတြင္ကစားသမားဘဝစတင္ခဲ့ပါတယ္။သူဟာကလစ္သ႐ိုး၊ေနာ့ဝွစ္ခ်္ဗစ္တိုးရီးယား၊စတဲလ္ဘရစ္ခ်္ဆဲလ္တစ္ႏွင့္ဘူရီတို႔တြင္ကစားခဲ့ဖူးသူျဖစ္ပါတယ္။