သြစတြေးလျကို လက်ခုပ်တီးပေးရမယ်

အင်္ဂါည အာရှဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဂျပန် နှင့် သြစတြေးလျ (ညနေ ၄း၄၅)(ဇေကြီး)

ဂျပန်ရဲ့ခြေစွမ်းနဲ့ ရလဒ်ပိုင်းသိသိသာသာကျဆင်းလာနေပြီးသူတို့ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲနောက်ဆုံး၃ပွဲမှာ ရှုံးပွဲ ၂ပွဲတောင်ရင်ဆိုင်ထားရတယ်။အိုမန်နဲ့ ဆော်ဒီကိုတောင်အရေးနိမ့်ခဲ့ရတဲ့ဂျပန်အနေနဲ့ အခုပွဲမှာအိမ်ရှင်ဆိုပေမယ့်လည်းသြစတြေးလျကိုခြေစွမ်းအသားစီးယူကစားဖို့ခက်ခဲပါလိမ့်မယ်။

သြစတြေးလျရဲ့ခံစစ်ဇုန်ကအကောင်းဆုံးအစွမ်းပြနေနိုင်ချိန်ဖြစ်ပြီးဂျပန်တိုက်စစ်ထိုးဖောက်မှုကိုဟန့်တားနိုင်မှာပါ။သရေဆိုရင်ဂျပန်နစ်နာရမှာမို့သြစတြေးလျကိုလက်ခုပ်တီးပေးရမယ်။

zawgyi




