ပြတ်ပြတ်သားသား အနိုင်ယူမယ့် ဂျပန်

ကြာသပတေးည အာရှဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲ ပွဲကြိုသုံးသပ်ချက်

ဂျပန် နှင့် အိုမန် (ညနေ ၄း၄၅)(မော်ကွန်း)

တတိယအဆင့်ခြေစစ်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွေဖြစ်တာကြောင့် ခြေစွမ်းခြေစက မှန်းဆရခက်တာတော့အမှန်ပါပဲ။ဖြတ်ကျော်လာမှုနဲ့လက်ရှိခြေစွမ်းအရတော့ အိုမန်ဟာ အားရစရာကောင်းလွန်းပြီး ပြိုင်ဘက်တိုင်းကို ဂိုးသွင်းနေနိုင်တယ်။

ဒါပေမဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲအဝေးကွင်းပွဲတွေဆိုရင် အိုမန်ရုန်းကန်ရတတ်ပြီး ခံစစ်ပိုင်းလုံခြုံအောင်ထိန်းကစားနိုင်စွမ်းမရှိတော့ဘူး။ဂျပန်ကတော့အိုကာဇာကီလိုဝါရင့်တိုက်စစ်မှူးမပါပေမယ့် ပြည်တွင်းအခြေစိုက်အိုဆာကိုလို ဂိုးသွင်းစက်ပါဝင်လာလို့ တိုက်စစ်စွာနေမှာပါ။ဂျပန်ကွင်းလယ်နဲ့ ခံစစ်ကလည်း အချိတ်အဆက်မိမာကျောတာကြောင့် အိုမန်ကို ပြတ်ပြတ်သားသား အနိုင်ယူသွားမယ်လို့ယုံကြည်မိတယ်။

zawgyi

ျပတ္ျပတ္သားသား အႏိုင္ယူမယ့္ ဂ်ပန္

ၾကာသပေတးည အာရွဇုန္ ကမာၻ႔ဖလားေျခစစ္ပြဲ ပြဲႀကိဳသုံးသပ္ခ်က္

ဂ်ပန္ ႏွင့္ အိုမန္ (ညေန ၄း၄၅)(ေမာ္ကြန္း)

တတိယအဆင့္ေျခစစ္ပြဲ အုပ္စုအဖြင့္ပြဲစဥ္ေတြျဖစ္တာေၾကာင့္ ေျခစြမ္းေျခစက မွန္းဆရခက္တာေတာ့အမွန္ပါပဲ။ျဖတ္ေက်ာ္လာမႈနဲ႔ လက္ရွိေျခစြမ္းအရေတာ့ အိုမန္ဟာ အားရစရာေကာင္းလြန္းၿပီး ၿပိဳင္ဘက္တိုင္းကို ဂိုးသြင္းေနႏိုင္တယ္။ဒါေပမဲ့ ကမာၻ႔ဖလားေျခစစ္ပြဲအေဝးကြင္းပြဲေတြဆိုရင္ အိုမန္႐ုန္းကန္ရတတ္ၿပီး ခံစစ္ပိုင္းလုံၿခဳံေအာင္ ထိန္းကစားႏိုင္စြမ္းမရွိေတာ့ဘူး။

ဂ်ပန္ကေတာ့ အိုကာဇာကီလိုဝါရင့္တိုက္စစ္မႉးမပါေပမယ့္ ျပည္တြင္းအေျခစိုက္အိုဆာကိုလို ဂိုးသြင္းစက္ပါဝင္လာလို႔ တိုက္စစ္စြာေနမွာပါ။ဂ်ပန္ကြင္းလယ္နဲ႔ ခံစစ္ကလည္း အခ်ိတ္အဆက္မိမာေက်ာတာေၾကာင့္ အိုမန္ကို ျပတ္ျပတ္သားသား အႏိုင္ယူသြားမယ္လို႔ယုံၾကည္မိတယ္။pmnews

pmnews