ဆားဘီးယားရဲ့မာဂုဏ်ကို လက်ခုပ်တီးပေး

သောကြာည နိုင်ငံတကာခြေစမ်းပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

ဂျပန် နှင့် ဆားဘီးယား (ညနေ ၄း၅၅)(ဇေကြီး)

ဂျပန်နိုင်ငံကအိမ်ရှင်အဖြစ် လက်ခံကျင်းပနေကျကီရင်ဖိတ်ခေါ်ဖလားပြိုင်ပွဲဖြစ်ပြီး ဒီနှစ်မှာတော့ဆားဘီးယားတစ်သင်းတည်းကိုပဲဖိတ်ခေါ်လိုက်နိုင်ပါတယ်။ယမန်နှစ်ပြိုင်ပွဲကို ကိုဗစ်ကြောင့်ကျင်းပနိုင်ခြင်းမရှိခဲ့ဘဲအခုနှစ်မှာလည်း ပြိုင်ပွဲဝင်တစ်သင်းဖြစ်တဲ့ဂျမေကာဟာ ပြည်ဝင်ခွင့်ကိုဗစ်စည်းမျဉ်းတွေကို လိုက်နာဆောင်ရွက်ဖို့ ခက်ခဲတာကြောင့်လာရောက်ယှဉ်ပြိုင်ခြင်းမရှိတော့ပါဘူး။

ဒါကြောင့် ဒီနှစ်ရဲ့ပြိုင်ပွဲကိုဆားဘီးယားတစ်သင်းတည်းပဲလာရောက်ကစားမှာဖြစ်တယ်။သမိုင်းတစ်လျှောက်မှာဒီနှစ်သင်းခြေစမ်းပွဲအဖြစ် ၃ကြိမ်ရင်ဆိုင်ဖူးပြီးပထမဆုံးတွေ့ဆုံတဲ့ ၂၀၀၄ခုနှစ်မှာဂျပန်ကအနိုင်ရရှိခဲ့ပါတယ်။၂၀၁၀နဲ့ ၂၀၁၃မှာတော့ ရွှေရောင်မျိုးဆက်တစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဆားဘီးယားကချည်းပဲအနိုင်ရရှိခဲ့ပြန်တယ်။

ဒီဘက်နောက်ပိုင်းနှစ်တွေမှာဆားဘီးယားရဲ့ခြေစွမ်းပြန်လည်ကျဆင်းလာပေမယ့်လက်ရှိမှာတော့တောင့်တင်းမှု၊ မာဂုဏ်မြင့်မားမှုကို ရရှိလာပြီး အခုဆိုရင်သူတို့ရဲ့နောက်ဆုံး ၈ပွဲဆက်တိုက်အရှုံးမရှိထားဘူး။ဒါကြောင့်နိုင်ပွဲတွေဆက်ပြီးခြေစွာနေတယ်ဆိုပေမယ့်လည်း ဂျပန်အနေနဲ့ အခုပွဲမှာတော့ဆားဘီးယားကို အနိုင်ယူဖို့ သေချာပေါက်ခက်ခဲပါလိမ့်မယ်။

ပွဲရဲ့ဖွင့်လှစ်မှုမှာတော့ဂျပန်အသင်းကသရေဆိုရင် ၉၀နစ်နာရမယ်ဆိုပြီး အကျောပေးထားလေရဲ့။အိမ်ရှင်အားသာချက်ရှိတယ်ဆိုပေမယ့်လည်း ဂျပန်အသင်းအနိုင်ရရှိဖို့ဆိုတာလုံးဝကိုမဖြစ်နိုင်ပါဘူး။ဆားဘီးယားရဲ့မာဂုဏ်ကို လက်ခုပ်တီးပေးဖို့ ပြင်ဆင်ထားလိုက်ကြပါ။

zawgyi




