Jay-Z နှင့်ဆက်စပ်နေတဲ့ လူကာကူကို အရှုံးခံပြီး ရောင်းချလာတော့မယ့် ချဲလ်ဆီး

ချဲလ်ဆီးဟာရိုမဲလူလူကာကူကိုအင်တာမီလန်သို့အရှုံးခံပြီးရောင်းချသွားရန်အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်းသိရပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာ၂၀၂၁ခုနှစ်နွေရာသီတုန်းကအသင်းဟောင်းချဲလ်ဆီးသို့အင်တာမီလန်မှပေါင်၉၇.၅သန်းဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

ဒါပေမဲ့လူကာကူဟာဒီဇင်ဘာလတုန်းကအင်တာဗျူးတွင် အသင်းဟောင်းအင်တာမီလန်သို့ပြန်လိုကြောင်းဖွင့်ဟခဲ့မှုနှင့်အတူ ချဲလ်ဆီးပရိသတ်များရဲ့ဒေါသထွက်ခြင်းခံရကာအဆင်မပြေမှုများကြုံလာရပါတယ်။

သူဟာနွေရာသီမှာတော့အသင်းဟောင်းအင်တာမီလန်သို့အငှားဖြင့်ပြောင်းခဲ့ပါတယ်။အင်တာမီလန်ဟာလူကာကူကိုအငှားဖြင့်ခေါ်ယူမှုအတွက် ငှားရမ်ခယူရို၈သန်းပေးခဲ့ရတဲ့အပြင်လုပ်ခလည်းအပြည့်အဝပေးနေရပါတယ်။

အသက်၂၉နှစ်ရှိလူကာကူဟာလာမယ့်ဘောလုံးရာသီတွင်လည်းအင်တာမီလန်တွင်အငှားဖြင့်ဆက်ကစားလိုနေပါတယ်။လက်ရှိအချိန်တွင်သုံးဘက်လုံးက၂၀၂၄ခုနှစ်အထိအငှားသက်တမ်းတိုးလိုနေကြပါတယ်။

လူကာကူအပြင်ချဲလ်ဆီးကိုယ်တိုင်ကလည်း အင်တာမီလန်ကိုအကောင်းဆုံးရွေးချယ်မှုအဖြစ်မြင်နေကြပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူးဟာယခုရာသီတွင်အင်တာမီလန်အတွက်၃ပွဲကစားထားပြီး ဒုတိယမြောက်ကစားတဲ့ပွဲတွင်ဂိုးသွင်းထားနိုင်ပါတယ်။

သူဟာပေါင်ကြွက်သားဒဏ်ရာကြောင့်ဩဂုတ်လကတည်းကအနားယူလာရတာလည်းဖြစ်ပါတယ်။

လူကာကူဟာ၂၀၁၈ခုနှစ်တုန်းကယူနိုက်တက်တွင်ကစားနေစဉ် Roc Nation အေဂျင်စီနှင့်ပူးပေါင်းခဲ့ပါတယ်။ Roc Nation ကို Jay-Zက ပိုင်ဆိုင်တာဖြစ်ပြီး ယင်းအေဂျင်စီအောက်သို့ရောက်ရှိတဲ့ပထမဆုံးပရီးမီးယားလိဂ်တားလည်းဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းပိုင်ရှင်တော့ဒ်ဘိုလေးဟာ Jay-Z နှင့်ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးရာ အားလုံးအတွက် အဆင်ပြေစေမဲ့ အင်တာမီလန်သို့သာ ရောင်းချလိုနေပါတယ်။

ZawGyi

Jay-Z ႏွင့္ဆက္စပ္ေနတဲ့ လူကာကူကို အရႈံးခံၿပီး ေရာင္းခ်လာေတာ့မယ့္ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာ႐ိုမဲလူလူကာကူကိုအင္တာမီလန္သို႔အရႈံးခံၿပီးေရာင္းခ်သြားရန္အဆင္သင့္ျဖစ္ေနၿပီျဖစ္ေၾကာင္းသိရပါတယ္။

ဘယ္လ္ဂ်ီယံတိုက္စစ္မႉးဟာ၂၀၂၁ခုႏွစ္ေႏြရာသီတုန္းကအသင္းေဟာင္းခ်ဲလ္ဆီးသို႔အင္တာမီလန္မွေပါင္၉၇.၅သန္းျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။

ဒါေပမဲ့လူကာကူဟာဒီဇင္ဘာလတုန္းကအင္တာဗ်ဴးတြင္ အသင္းေဟာင္းအင္တာမီလန္သို႔ျပန္လိုေၾကာင္းဖြင့္ဟခဲ့မႈႏွင့္အတူ ခ်ဲလ္ဆီးပရိသတ္မ်ားရဲ႕ေဒါသထြက္ျခင္းခံရကာအဆင္မေျပမႈမ်ားႀကဳံလာရပါတယ္။

သူဟာေႏြရာသီမွာေတာ့အသင္းေဟာင္းအင္တာမီလန္သို႔အငွားျဖင့္ေျပာင္းခဲ့ပါတယ္။အင္တာမီလန္ဟာလူကာကူကိုအငွားျဖင့္ေခၚယူမႈအတြက္ ငွားရမ္ခယူ႐ို၈သန္းေပးခဲ့ရတဲ့အျပင္လုပ္ခလည္းအျပည့္အဝေပးေနရပါတယ္။

အသက္၂၉ႏွစ္ရွိလူကာကူဟာလာမယ့္ေဘာလုံးရာသီတြင္လည္းအင္တာမီလန္တြင္အငွားျဖင့္ဆက္ကစားလိုေနပါတယ္။လက္ရွိအခ်ိန္တြင္သုံးဘက္လုံးက၂၀၂၄ခုႏွစ္အထိအငွားသက္တမ္းတိုးလိုေနၾကပါတယ္။

လူကာကူအျပင္ခ်ဲလ္ဆီးကိုယ္တိုင္ကလည္း အင္တာမီလန္ကိုအေကာင္းဆုံးေ႐ြးခ်ယ္မႈအျဖစ္ျမင္ေနၾကပါတယ္။

ဘယ္လ္ဂ်ီယံတိုက္စစ္မႉးဟာယခုရာသီတြင္အင္တာမီလန္အတြက္၃ပြဲကစားထားၿပီး ဒုတိယေျမာက္ကစားတဲ့ပြဲတြင္ဂိုးသြင္းထားႏိုင္ပါတယ္။

သူဟာေပါင္ႂကြက္သားဒဏ္ရာေၾကာင့္ဩဂုတ္လကတည္းကအနားယူလာရတာလည္းျဖစ္ပါတယ္။

လူကာကူဟာ၂၀၁၈ခုႏွစ္တုန္းကယူႏိုက္တက္တြင္ကစားေနစဥ္ Roc Nation ေအဂ်င္စီႏွင့္ပူးေပါင္းခဲ့ပါတယ္။ Roc Nation ကို Jay-Zက ပိုင္ဆိုင္တာျဖစ္ၿပီး ယင္းေအဂ်င္စီေအာက္သို႔ေရာက္ရွိတဲ့ပထမဆုံးပရီးမီးယားလိဂ္တားလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးအသင္းပိုင္ရွင္ေတာ့ဒ္ဘိုေလးဟာ Jay-Z ႏွင့္ပုဂၢိဳလ္ေရးခင္မင္ရင္းႏွီးရာ အားလုံးအတြက္ အဆင္ေျပေစမဲ့ အင္တာမီလန္သို႔သာ ေရာင္းခ်လိုေနပါတယ္။