Joan Camper Trophy မှ အကြောင်းပြချက်မရှိ နုတ်ထွက်မှုကြောင့် ပရိသတ်များကို ငွေပြန်အမ်းကာ ပြိုင်ဘက်သစ်ရှာဖွေရမှုကြောင့် ရိုးမားကို ဘာကာတရားစွဲမည်

ဘာစီလိုနာဟာ Joan Camper Trophy ပြိုင်ပွဲမှအကြောင်းပြချက်အခိုင်အမာတစုံတရာမပေးဘဲနုတ်ထွက်သွားတဲ့ဟိုဆေးမော်ရင်ဟိုရဲ့ရိုးမားအသင်းကိုတရားစွဲဆိုမှုပြုလုပ်သွားဖွယ်ရှိနေကြောင်းသိရပါတယ်။

Joan Camper Trophy က ဘာစီလိုနာတို့ ရာသီမစတင်မီနှစ်စဉ်ကစားလေ့ရှိတဲ့ရာသီကြိုခြေစမ်းပွဲတစ်ပွဲဖြစ်ပါတယ်။

ဟိုဆေးမော်ရင်ဟိုရဲ့ရိုးမားဟာ လာမယ့်ဩဂုတ်လ၆ရက်နေ့တွင်ကစားရမယ့် Joan Camper Trophy ပွဲအတွက်ဖိတ်ကြားခံထားရပါတယ်။ဒါပေမဲ့မော်ရင်ဟိုရဲ့ရိုးမားဟာပွဲကိုကြေညာပြီး၁၂ရက်အကြာတွင်ပင်နုတ်ထွက်သွားခဲ့ပါတယ်။

ယခုအခါဘာစီလိုနာက”ဩဂုတ်လ၆ရက်နေ့မှာနူးကမ့်မှာကစားမယ့်Joan Gamper Trophy ပွဲကိုအားလုံးသဘောတူစာချုပ်ချုပ်ဆိုပြီးတော့မှရိုးမားဘက်ကအကြောင်းပြချက်တစုံတရာမပေးဘဲတဖက်သတ်နုတ်ထွက်သွားကြောင်းကြေညာလိုပါတယ်။ဒီနှစ်ပွဲအတွက်ပြိုင်ဘက်သစ်ရှာနေပါတယ်။လာမယ့်၂၄နာရီအတွင်းမှာလက်မှတ်ဖိုးတွေကိုပြန်အမ်းပါမယ်။ဒီပွဲကိုဖျက်သိမ်းလိုက်ရတာရိုးမားရဲ့ဆန္ဒကြောင့်ဆိုတာပြောချင်ပါတယ်။ကလပ်ရှေ့နေအဖွဲ့ဟာဘာစီလိုနာကိုနစ်နာစေတဲ့အတွက်အီတလီကလပ်ကိုအရေးယူနိုင်ဖို့လုပ်နေပါတယ်။မမျှမတဆုံးဖြတ်ချက်ပါ။ပရိသတ်တွေလည်းမျှော်လင့်ထားကြမှာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ဘာစီလိုနာဟာရာသီကြိုခြေစမ်းပွဲစဉ်များအဖြစ် UE Olot ၊ အင်တာမီယာမီ၊ရီးရဲလ်မက်ဒရစ်၊ဂျူဗင်တပ်၊နယူးယောက်ရက်ဘူးလ်၊မန်စီးတီးတို့နှင့်ကစားရန်စီစဉ်ထားပါတယ်။
ရိုးမားအသင်းကခရီးသွားရမှုနည်းပါးစေရန်အတွက်ရာသီကြိုခြေစမ်းပွဲများကိုပြန်လည်ရေးဆွဲလိုက်ရမှုကြောင့်ဖြစ်ကြောင်းဆိုထားပါတယ်။

ZawGyi

Joan Camper Trophy မွ အေၾကာင္းျပခ်က္မရွိ ႏုတ္ထြက္မႈေၾကာင့္ ပရိသတ္မ်ားကို ေငြျပန္အမ္းကာ ၿပိဳင္ဘက္သစ္ရွာေဖြရမႈေၾကာင့္ ႐ိုးမားကို ဘာကာတရားစြဲမည္

ဘာစီလိုနာဟာ Joan Camper Trophy ၿပိဳင္ပြဲမွအေၾကာင္းျပခ်က္အခိုင္အမာတစုံတရာမေပးဘဲႏုတ္ထြက္သြားတဲ့ဟိုေဆးေမာ္ရင္ဟိုရဲ႕႐ိုးမားအသင္းကိုတရားစြဲဆိုမႈျပဳလုပ္သြားဖြယ္ရွိေနေၾကာင္းသိရပါတယ္။

Joan Camper Trophy က ဘာစီလိုနာတို႔ ရာသီမစတင္မီႏွစ္စဥ္ကစားေလ့ရွိတဲ့ရာသီႀကိဳေျခစမ္းပြဲတစ္ပြဲျဖစ္ပါတယ္။

ဟိုေဆးေမာ္ရင္ဟိုရဲ႕႐ိုးမားဟာ လာမယ့္ဩဂုတ္လ၆ရက္ေန႔တြင္ကစားရမယ့္ Joan Camper Trophy ပြဲအတြက္ဖိတ္ၾကားခံထားရပါတယ္။ဒါေပမဲ့ေမာ္ရင္ဟိုရဲ႕႐ိုးမားဟာပြဲကိုေၾကညာၿပီး၁၂ရက္အၾကာတြင္ပင္ႏုတ္ထြက္သြားခဲ့ပါတယ္။

ယခုအခါဘာစီလိုနာက”ဩဂုတ္လ၆ရက္ေန႔မွာႏူးကမ့္မွာကစားမယ့္Joan Gamper Trophy ပြဲကိုအားလုံးသေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုၿပီးေတာ့မွ႐ိုးမားဘက္ကအေၾကာင္းျပခ်က္တစုံတရာမေပးဘဲတဖက္သတ္ႏုတ္ထြက္သြားေၾကာင္းေၾကညာလိုပါတယ္။ဒီႏွစ္ပြဲအတြက္ၿပိဳင္ဘက္သစ္ရွာေနပါတယ္။လာမယ့္၂၄နာရီအတြင္းမွာလက္မွတ္ဖိုးေတြကိုျပန္အမ္းပါမယ္။ဒီပြဲကိုဖ်က္သိမ္းလိုက္ရတာ႐ိုးမားရဲ႕ဆႏၵေၾကာင့္ဆိုတာေျပာခ်င္ပါတယ္။ကလပ္ေရွ႕ေနအဖြဲ႕ဟာဘာစီလိုနာကိုနစ္နာေစတဲ့အတြက္အီတလီကလပ္ကိုအေရးယူႏိုင္ဖို႔လုပ္ေနပါတယ္။မမွ်မတဆုံးျဖတ္ခ်က္ပါ။ပရိသတ္ေတြလည္းေမွ်ာ္လင့္ထားၾကမွာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ဘာစီလိုနာဟာရာသီႀကိဳေျခစမ္းပြဲစဥ္မ်ားအျဖစ္ UE Olot ၊ အင္တာမီယာမီ၊ရီးရဲလ္မက္ဒရစ္၊ဂ်ဴဗင္တပ္၊နယူးေယာက္ရက္ဘူးလ္၊မန္စီးတီးတို႔ႏွင့္ကစားရန္စီစဥ္ထားပါတယ္။
႐ိုးမားအသင္းကခရီးသြားရမႈနည္းပါးေစရန္အတြက္ရာသီႀကိဳေျခစမ္းပြဲမ်ားကိုျပန္လည္ေရးဆြဲလိုက္ရမႈေၾကာင့္ျဖစ္ေၾကာင္းဆိုထားပါတယ္။