စိုင်းကို တောင်ကြီးရဲ့ တနင်္ဂနွေအကျိုးပြုစျေးကွက်

မင်္ဂလာပါရောင်းရင်းတို့။စူပါဆန်းဒေးမှာအပြုံးတွေနဲ့ပြန်လည်ဆုံဆည်းခွင့်ရကြပြီပေါ့နော်။ညတုန်းကဒီမှာရေးနေကျအကျိုးပြုစျေးကွက်နှစ်ပွဲစလုံးလွတ် လွတ်ကျွတ်ကျွတ်အောင်ပြီးအချိုပေါ်သကာလောင်းဆိုသလို ကျနော်ရဲ့Member Tips မောင်းလည်း ပေါက်ခဲ့ရတယ်။ကျနော့်ရဲ့မိတ်ဆွေ ရွှေဘိုသားကြီးကလည်း ၂မောင်းပေးတာ နှစ်မောင်းစလုံး အောင်ပွဲခံနိုင်ခဲ့လို့ စက်တင်ဘာ ၁၈ညချမ်းက မမေ့နိုင်စရာ ဖြစ်ခဲ့ရပါပြီ။

လက်ခမောင်းခတ်တာတွေ အောင်ပွဲခံတာတွေထားပါတော့။ လောင်းကစားဆိုတာ ကြွေတစ်လှည့် ကြက်တစ်ခုန်မို့ မဝင့်ကြွားလိုပါဘူး။ဒါပေမဲ့ ဘောလုံးလောင်းကစားဖြစ်နေလို့ ခြေစွမ်းနဲ့ လူအင်အား၊ အစဉ်အလာ၊ မှတ်တမ်း စတာတွေကို လမ်းညွွှန်ပေးဖို့ ကျနော်တို့မှာ သမိုင်းပေးတာဝန်ရှိနေတယ်လေ။ကိုင်း ထုံးစံအတိုင်း အင်္ဂလန်ပရီးမီးယားလိဂ်ရပ်ဝန်းထဲ ဝင်ကြရအောင်။

ကစားဖို့ရှိနေတာက ၃ပွဲ။ ဘော်ဒီနဲ့ ဂိုးပေါင်းစုစုပေါင်း ၆ကြောင်း။ အဲဒီထဲကမှကြေးစောင်းလာတာနှစ်ခုပဲမြင်လိုက်ရတယ်။ဘရိုက်တန်-လက်စတာပွဲရဲ့ဘော်ဒီစျေးနဲ့ စပါး-ချဲလ်ဆီးပွဲရဲ့ဘော်ဒီစျေး။ ဘရိုက်တန်ပွဲမှာကြေးစောင်းလာပုံအရ ကျနော်ရွေးရမှာကဂျာနယ်မှာပေးထားတာနဲ့ဆန့်ကျင်ဖက်ဖြစ်နေလို့ ရွေးမနေတော့ဘူး။နို့မို့ဆိုစိုင်းကိုဆိုတဲ့ကောင်ကဟိုဘက်ရောဒီဘက်ရောပေးနေတာလို့အပြောခံနေရဦးမှာ။

နောက်တစ်ပွဲကလည်း ချဲလ်ဆီးရဲ့ကြေးပြင်းလာပုံက ဂျာနယ်နဲ့ ကန့်လန့်တိုက်တော့မယ့်အနေအထား။ အဲဒီတော့ အင်္ဂလန်ကို အသာလေးကျောခိုင်းလှည့်ထွက်လာခဲ့မိတယ်။ဒီလိုနဲ့ပဲ စပိန်လာလီဂါထဲ ရောက်လာပါလေရော။ဖြစ်ချင်တော့ လာလီဂါမှာလည်း တစ်ပွဲတလေမှ မမြင်မိပြန်ဘူး။ ဒါကြောင့် အီတလီစီးရီးအေထဲ ခပ်မြန်မြန်လေး ခုန်ကူးလိုက်တယ်။

တနင်္ဂနွေဆိုရင်ရွေးချယ်စရာကအမြဲတမ်း ရှားပါးနေကျ။ စီးရီးအေမှာလည်းကစားဖို့ ၅ပွဲရှိတာတောင်မှ ကြေးတွေကငြိမ်ချက်သားကောင်းလို့။ရှားရှားပါးပါး ရွေးချယ်စရာဆိုလို့ဂျူဗင်တပ်- အေစီမီလန်တစ်ပွဲတည်းပဲမြင်မိတယ်။စတင်စျေးမှာဂျူဗင်တပ်ဘက်ကနေသရေ ၅၀ရှုံး အကျောပေးထားတယ်။ဒီနေ့မွန်းလွဲ တစ်နာရီခွဲအချိန်မှာတော့ဂျူဗင်တပ်ရဲ့အကျောပေးမှုကသရေ ၈၀ရှုံးနီးပါးအထိဖြစ်လာခဲ့ရတယ်။ကြားရက်ကချန်ပီယံလိဂ်မှာမယ်မိုကိုဂိုးပြတ်နိုင်လိုက်ရုံလေးနဲ့ဂျူဗင်တပ်ကိုအထင်ကြီးကုန်ကြတာလား။

စီးရီးအေမှာဒီရာသီတာထွက်တည်းကဂျူဗင်တပ်တစ်ပွဲမှမနိုင်သေးဘဲတန်းဆင်းဇုန်ကိုတောင်မျက်စောင်းထိုးနေတယ်။အေစီမီလန်ဆိုတာကရာနှုန်းပြည့်နိုင်ပွဲရရှိပြီးချန်ပီယံဆုကိုစိန်ခေါ်ဖို့ဟန်ပြင်နေတဲ့အသင်းပါ။လက်ရှိခြေစွမ်းနဲ့ အနေအထားအရဂျူဗင်တပ်အနေနဲ့ အေစီမီလန်ကိုခြေစွမ်းအသာစီးယူဖို့ဆိုတာသိပ်တေ့မဖြစ်နိုင်ဘူး။ ဒီလိုမျိုး ကြေးပြင်းရှလာတာဟာ အကြီးစားမာယာလှည့်ကွက်ဆိုတာ သေချာပါတယ်။ အေစီမီလန်ဘော်ဒီကပထမဆုံးပစ်မှတ်ဖြစ်လာခဲ့ရပါပြီ။

ရွေးချယ်စရာ အရမ်းနည်းပါးနေသေးလို့ ဂျာမန်ဘွန်ဒက်စ်လီဂါထဲထပ်ဝင်ပါရစေ။စတုဂတ်- လေဗာကူဆင်ပွဲမှာ ဂိုးပေါင်းစျေး ၃+၃၀နဲ့စတင်ပြီး လက်ရှိမှာတော့ ၃-၁၅ဖြစ်လာတယ်။ ပြား ၅၀နီးပါးလောက်ကို ပြင်းရှသွားတာပါ။တိုက်စစ်စွာသလောက် ခံစစ်လည်းယိုယွင်းကြတဲ့ အသင်းနှစ်သင်းရင်ဆိုင်မှုဖြစ်လို့ အခုလိုမျိုး ဂိုးပေါင်းစျေးပြင်းရှလာတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။

ဒါပေမဲ့သူတို့နှစ်သင်းထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့နောက်ဆုံး ၈ပွဲမှာ ဂိုးပေါင်းအပေါ်အောင်တာကရှားရှားပါးပါး တစ်ပွဲပဲရှိထားတာကိုသတိပြုကြပါ။အစဉ်အလာမနိမ့်တဲ့ ဒီလိုအသင်းကြီးတွေရဲ့ရင်ဆိုင်မှုမှာအစဉ်အလာဆိုတာကလည်း ဖယ်ထုတ်လို့မရတဲ့အချက်ဖြစ်တယ်။နှစ်သင်းပေါင်းသွင်းဂိုး ၄ဂိုးမပြည့်နိုင်ဘူး။ ဘွတ်ကီတွေကတော့ကြေးပြင်းပြင်းနဲ့ ဂိုးပေါ်ကို အတင်းဆွဲခေါ်နေပါပြီ။ ဒီတော့ကာမာယာကိုရှောင်ကွင်းရင်းစတုဂတ်ပွဲဂိုးအောက်ကိုဒုတိယပစ်မှတ်အဖြစ်လှမ်းပစ်လိုက်ပါတယ်။

ကျနော်နေတဲ့နေရာရေကြီးလာလို့ကျန်ပွဲတွေကိုဆက်ရွေးဖို့ အချိန်မမီတော့ဘူး။အကြမ်းဖျဉ်းလေးပဲပြောပြခဲ့ပါမယ်။ တောင်ကျရေဆိုတော့အမြန်ပြေးလွှားရမှာမို့ပါ။အေစီမီလန်ဘော်ဒီ၊စတုဂတ်ဂိုးအောက်တို့ဖြစ်ကြောင်းပြောကြားရင်းနိဂုံးချုပ်ပေးလိုက်ပါတယ်။မိတ်ဆွေအပေါင်း အသင်းအားလုံးလောင်းတိုင်းပေါင်းပြီး ပြံုးပျော်နိုင်ကြပါစေလို့ ပြောကြားရင်းနိဂုံးချုပ်လိုက်ပါရစေ။