လူစားဝင်ရောက်မကစားမီကွင်းအတွင်းသေးပေါက်မှုကြောင့်အနီကတ်ပြသခြင်းခံခဲ့ရတဲ့ဂျူဗင်တပ်စတားဟောင်း

ဂျူဗင်တပ်စတားဟောင်းတစ်ဦးဟာလူစားဝင်ရောက်မကစားမီ ကွင်းအတွင်းသေးပေါက်မှုကြောင့်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။

ဒါပေမဲ့သူ့နည်းပြကတော့သူ့ကစားသမားမှာမည်သူ့ကိုမျှထိခိုက်နစ်နာအောင်ပြုလုပ်ခြင်းမရှိရာအနီကတ်မပြသသင့်ကြောင်းဆိုသွားပါတယ်။

အသက်၂၅နှစ်ရှိခရစ္စတီယန်ဘူနီနိုဟာဂျူဗင်တပ်တွင်သုံးနှစ်ကြာကစားစဉ်အတွင်းတချိန်မှာစတားတစ်ဦးဖြစ်လာမဲ့သူအဖြစ်သတ်မှတ်ခြင်းခံခဲ့ရသူဖြစ်ပါတယ်။

ယခုအခါသူဟာစီးရီးစီကလပ်လက်ကိုတွင်ကစားနေပါတယ်။

သူဟာပီယန်စင်ဇာနှင့်ဂိုးမရှိသရေကျတဲ့ပွဲစဉ်တွင်ခြေစွမ်းပြကစားရန်မျှော်လင့်ထားခဲ့ပေမဲ့လည်းကွင်းအတွင်းမဝင်ရောက်မီမှာပင်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။

သူဟာပွဲပြီးရန်မိနစ်၂၀ဝန်းကျင်ခန့်အလိုတွင်လူစားဝင်ရောက်ရန်ပြင်နေစဉ်မအောင့်နိုင်မအီးနိုင်ဖြစ်လာခဲ့ပြီးနောက်ကွင်းဘေးနားတွင်ပင်သေးပေါက်ခဲ့ပါတယ်။

သူဟာပုန်းချိုးကွယ်ချိုးလုပ်ပေမဲ့လည်းလက်ထောက်ဒိုင်လူကြီးကသိရှိသွားပြီးနောက်ကွင်းအတွင်းဝင်ရောက်ချိန်တွင်ချက်ချင်းပင်အနီကတ်ပြသခြင်းခံခဲ့ရပါတယ်။

နည်းပြဖိုချီကတော့ဘူနီနိုကိုအများဆုံးအဝါကတ်သာပြသသင့်ကြောင်းဆိုသွားပါတယ်။

တကယ်တော့ကွင်းအတွင်းဘောလုံးသမားတွေသေးပေါက်တာထူးဆန်တဲ့ဖြစ်ရပ်တော့မဟုတ်ပါဘူး။

ဆဲလ်ဖို့ဒ်ဂိုးသမားတစ်ဦးဟာ၂၀၁၇ခုနှစ်တုန်းကဘရက်ဖို့ဒ်နှင့်ပွဲမှာသေးပေါက်ခဲ့လိုအနီကတ်ပြသခြင်းခံခဲ့ရဖူးသလိုစက်တင်ဘာလတုန်းကအင်ဖ်အေဖ လားပွဲတွင်လည်းဂိုးသမားတစ်ဦးဟာသေး ပေါက်ခဲ့လို့အရေးယူခြင်းခံခဲ့ရဖူပါတယ်။

ချဲလ်ဆီးနည်းပြဟောင်းမူရီစီယိုဆာရီဟာလည်းဖီယင်နုနှင့်ယူရိုပါလိဂ်ပွဲစဉ်တွင်ဖီယင်နုပရိသတ်များရဲ့သေးထည့်ပေါက်ထားတဲ့ပုလင်းဖြင့်ပစ်ပေါက်ခံခဲ့ရဖူးပါတယ်။