စီးရီးအေမှာ ရှုံးပွဲဆက်နေမှုကနေ ပြန်လည်ရုန်းထမယ့် အိုးလေဒီ

စနေည အီတလီစီးရီးအေပွဲစဉ်-၁၂ ပွဲကြိုသုံးသပ်ချက်

ဂျူဗင်တပ် နှင့် ဖီအိုရင်တီးနား(ည ၁၁း၃၀)(ရွှေဘိုသား)

ဂျူဗင်တပ်ဟာစီးရီးအေမှာသာရှုံးပွဲဆက်နေပေမယ့်ချန်ပီယံလိဂ်မှာရာနှုန်းပြည့်နိုင်ပွဲနဲ့ နောက်တစ်ဆင့်တက်ထားတာပါ။သူတို့ဟာနိုင်ငံတကာကြားဖြတ်ပြီးရင်ပွဲကျပ်ကာလကိုဖြတ်သန်းရမှာမို့ ဖီအိုရင်တီးနားနဲ့ဒီတစ်ပတ်အိမ်ကွင်းမှာပြန်လည်ရုန်းထနိုင်ဖို့ လိုပါတယ်။

ဖီအိုရင်တီးနားကတော့နောက်ဆုံးအဝေးကွင်း၂ပွဲဆက်ရှုံးထားပြီးအဲဒီထဲမှာလာဇီယိုကိုရှုံးခဲ့တာလည်းပါဝင်ပါတယ်။ပြန်ရုန်းထမယ့်အိမ်ရှင်အသင်းအ နိမ့်ဆုံးတစ်ဂိုးနဲ့နိုင်မှာပါ။

zawgyi




