ဂျူဗင်တပ်ဘက်သို့ တစ်ခါမှဂိုးသွင်းခဲ့ဖူးခြင်းမရှိတဲ့တိုက်စစ်မှူး

အင်တာမီလန်တိုက်စစ်မှူးရိုမီလူလူကာကူဟာအင်တာမီလန်တွင်ကစားတဲ့နှစ်ရာသီနီးပါးကာလအတွင်းတွင်၆၂ဂိုးအထိသွင်းယူထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။ဒါပေမယ့်သူဟာကစားသမားဘဝတစ်ခုလုံးတွင်ဂျူဗင်တပ်ဘက်သို့တစ်ကြိမ်မျှဂိုးသွင်းခဲ့ဖူးခြင်းမရှိကြောင်းတွေ့ရပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူး၂၀၁၉-၂၀ရာသီတွင်မန်ယူမှအင်တာမီလန်သို့ရောက်လာပြီးနောက်အင်တာမီလန်အတွက်ပြိုင်ပွဲအရပ်ရပ်တွင်၉၃ပွဲကစားထားရာမှာ၆၂ဂိုးအထိသွင်းယူထားပါတယ်။

လူကာကူဟာကစားသမားဘဝတစ်လျှောက်လုံးတွင်ဂျူဗင်တပ်နှင့်၅ကြိမ်တိုင်တိုင်ရင်ဆိုင်ခဲ့ဖူးပြီးယင်းမှ၄ကြိမ်ကစီးရီးအေပူပူနွေးနွေးချန်ပီယံအင်တာမီလန်နှင့်ကစားထားတာဖြစ်ပါတယ်။

လူကာကူဟာ၂၀၁၈ခုနှစ်တုန်းကမန်ယူတွင်ကစားစဉ်ကချန်ပီယံလိဂ်အုပ်စုပွဲတွင်ဂျူဗင်တပ်အား၁-၀ဂိုးဖြင့်ရှုံးနိမ့်ရာတွင်ပါဝင်ကစားခဲ့ဖူးပြီးဒုတိယအကျော့ပွဲစဉ်ကိုဒဏ်ရာကြောင့်လွဲခဲ့ပါတယ်။ယင်းသို့သူဟာအင်တာမီလန်သို့ရောက်တဲ့၂နှစ်နီးပါးကာလအတွင်းတွင်လည်းဂျူဗင်တပ်ဘက်သို့ဂိုးမသွင်းနိုင်ခဲ့ပါဘူး။

ပိုပြီးတော့စိတ်ဝင်စားဖို့ကောင်းတာကတော့လူကာကူဟာဂျူဗင်တပ်နှင့်၅ကြိမ်ရင်ဆိုင်ခဲ့ရာမှာ၁ကြိမ်တည်းသာအနိုင်ရဖူးတာဖြစ်ပါတယ်။၂၀၂၁ခုနှစ်၊ဇန်နဝါရီလတုန်းကဂျူဗင်တပ်ကို၂-၀ဂိုးအင်တာမီလန်အနိုင်ရခဲ့တဲ့ပွဲဖြစ်ပါတယ်။

ချဲလ်ဆီးနှင့်အဲဗာတန်တိုက်စစ်မှူးဟောင်းဟာဂျူဗင်တပ်က၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ကိုပါအီတာလီယာဆီမီးဖိုင်နယ်ပထမအကျော့ကိုပွဲပယ်ကြောင့်လွဲခဲ့ပြီးဂိုးမရှိသရေကျတဲ့ဒုတိယအကျော့ပွဲစဉ်တွင်ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။

လူကာကူဟာစီးရီးအေသို့ပြောင်းလာပြီးတဲ့နောက်ဂျူဗင်တပ်အပြင်ဂိုးမသွင်းဖူးသေးတဲ့အသင်းများအဖြစ်အတ္တလန္တာနှင့်ဗီရိုနာတို့လည်းရှိပါသေးတယ်။

zawgyi

ဂ်ဴဗင္တပ္ဘက္သို႔ တစ္ခါမွဂိုးသြင္းခဲ့ဖူးျခင္းမရွိတဲ့တိုက္စစ္မႉး

အင္တာမီလန္တိုက္စစ္မႉး႐ိုမီလူလူကာကူဟာအင္တာမီလန္တြင္ကစားတဲ့ႏွစ္ရာသီနီးပါးကာလအတြင္းတြင္၆၂ဂိုးအထိသြင္းယူထားႏိုင္တဲ့ကစားသမားျဖစ္ပါတယ္။ဒါေပမယ့္သူဟာကစားသမားဘဝတစ္ခုလုံးတြင္ဂ်ဴဗင္တပ္ဘက္သို႔တစ္ႀကိမ္မွ်ဂိုးသြင္းခဲ့ဖူးျခင္းမရွိေၾကာင္းေတြ႕ရပါတယ္။

ဘယ္လ္ဂ်ီယံတိုက္စစ္မႉး၂၀၁၉-၂၀ရာသီတြင္မန္ယူမွအင္တာမီလန္သို႔ေရာက္လာၿပီးေနာက္အင္တာမီလန္အတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၉၃ပြဲကစားထားရာမွာ၆၂ဂိုးအထိသြင္းယူထားပါတယ္။

လူကာကူဟာကစားသမားဘဝတစ္ေလွ်ာက္လုံးတြင္ဂ်ဴဗင္တပ္ႏွင့္၅ႀကိမ္တိုင္တိုင္ရင္ဆိုင္ခဲ့ဖူးၿပီးယင္းမွ၄ႀကိမ္ကစီးရီးေအပူပူေႏြးေႏြးခ်န္ပီယံအင္တာမီလန္ႏွင့္ကစားထားတာျဖစ္ပါတယ္။

လူကာကူဟာ၂၀၁၈ခုႏွစ္တုန္းကမန္ယူတြင္ကစားစဥ္ကခ်န္ပီယံလိဂ္အုပ္စုပြဲတြင္ဂ်ဴဗင္တပ္အား၁-၀ဂိုးျဖင့္ရႈံးနိမ့္ရာတြင္ပါဝင္ကစားခဲ့ဖူးၿပီးဒုတိယအေက်ာ့ပြဲစဥ္ကိုဒဏ္ရာေၾကာင့္လြဲခဲ့ပါတယ္။ယင္းသို႔သူဟာအင္တာမီလန္သို႔ေရာက္တဲ့၂ႏွစ္နီးပါးကာလအတြင္းတြင္လည္းဂ်ဴဗင္တပ္ဘက္သို႔ဂိုးမသြင္းႏိုင္ခဲ့ပါဘူး။

ပိုၿပီးေတာ့စိတ္ဝင္စားဖို႔ေကာင္းတာကေတာ့လူကာကူဟာဂ်ဴဗင္တပ္ႏွင့္၅ႀကိမ္ရင္ဆိုင္ခဲ့ရာမွာ၁ႀကိမ္တည္းသာအႏိုင္ရဖူးတာျဖစ္ပါတယ္။၂၀၂၁ခုႏွစ္၊ဇန္နဝါရီလတုန္းကဂ်ဴဗင္တပ္ကို၂-၀ဂိုးအင္တာမီလန္အႏိုင္ရခဲ့တဲ့ပြဲျဖစ္ပါတယ္။

ခ်ဲလ္ဆီးႏွင့္အဲဗာတန္တိုက္စစ္မႉးေဟာင္းဟာဂ်ဴဗင္တပ္က၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ကိုပါအီတာလီယာဆီမီးဖိုင္နယ္ပထမအေက်ာ့ကိုပြဲပယ္ေၾကာင့္လြဲခဲ့ၿပီးဂိုးမရွိသေရက်တဲ့ဒုတိယအေက်ာ့ပြဲစဥ္တြင္ဂိုးသြင္းႏိုင္ခဲ့ျခင္းမရွိပါဘူး။

လူကာကူဟာစီးရီးေအသို႔ေျပာင္းလာၿပီးတဲ့ေနာက္ဂ်ဴဗင္တပ္အျပင္ဂိုးမသြင္းဖူးေသးတဲ့အသင္းမ်ားအျဖစ္အတၱလႏၲာႏွင့္ဗီ႐ိုနာတို႔လည္းရွိပါေသးတယ္။