ယူရိုပါလိဂ်ဆင်းကစားရဖို့ရှိနေတဲ့ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာလာမယ့်ဘောလုံးရာသီမှာဂျူဗင်တပ်နှင့်အတူယူရိုပါလိဂ်ပြိုင်ပွဲကစားရမယ့်အရေးနှင့်ရင်ဆိုင်နေရပြီဖြစ်ပါတယ်။

ဂျူဗင်တပ်ဟာမနေ့ညတုန်းကအိမ်ကွင်းမှာအေစီမီလန်ကို၃-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပြီးယင်းရှုံးပွဲကြောင့်စီးရီးအေအမှတ်ပေးဇယားအဆင့်၅နေရာသို့ဆင်းပေးခဲ့ရပါတယ်။ဂျူဗင်တပ်ဟာစီးရီးအေရာသီသိမ်းရန်သုံးပွဲသာလိုတော့တဲ့အချိန်တွင်အမှတ်ပေးဇယားအဆင့်၅နေရာသို့ဆင်းခဲ့ရတာဖြစ်ပြီးထိပ်ဆုံးလေးသင်းနှင့်ရမှတ်၁မှတ်ကွာဟနေပါတယ်။

မနေ့ညတုန်းကဂျူဗင်တပ်နှင့်ပွဲစဉ်တွင်ဘရာဟမ်ဒိုင်ယက်ဇ်ကအေစီမီလန်အတွက်ဦးဆောင်ဂိုးသွင်းခဲ့ပြီးဒုတိယပိုင်းအစမှာကက်စီပင်နယ်တီလွဲချော်ခဲ့လို့မီလန်တို့ဒုတိယဂိုးရမယ့်အရေးနစ်နာခဲ့ရပါတယ်။ဒါပေမယ့်ရီဘစ်နှင့်တိုမိုရီတို့ကမီလန်အတွက်နောက်ထပ်အနိုင်ဂိုးများကိုသွင်းယူခဲ့ပါတယ်။မီလန်အတွက်တစ်ခုပေးဆပ်ခဲ့ရတာကတော့အဓိကတိုက်စစ်မှူးအီဘရာဟီမိုဗစ်ဒူးဒဏ်ရာရရှိသွားခဲ့တာဖြစ်ပါတယ်။

အေစီမီလန်နှင့်ပွဲစဉ်မှာဂျူဗင်တပ်ဟာပွဲချိန်မိနစ်၉၀အတွင်းတွင်ဂိုးပေါက်တည့်တဲ့ကန်ချက်၁ကြိမ်တည်းသာပြုလုပ်နိုင်ခဲ့ပါတယ်။ဂျူဗင်တပ်ဟာလက်ကျန်ပွဲစဉ်များအဖြစ်လာမယ့်ဗုဒ္ဓဟူးနေ့မှာအဆင့်၈နေရာမှဆက်စ်ဆူလိုကိုအဝေးကွင်းသို့သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီးစနေနေ့မှာချန်ပီယံအင်တာမီလန်နှင့်ရင်ဆိုင်ကစားရပါမယ်။၎င်းတို့ဟာရာသီသိမ်းပွဲစဉ်အဖြစ်အမှတ်ပေးဇယားအလယ်ပိုင်းမှဘိုလော့ဂ်နာနှင့်ရင်ဆိုင်ရပါမယ်။

ဂျူဗင်တပ်ရဲ့ယူရိုပါလိဂ်တွင်ကစားရနိုင်တဲ့အခြေအနေတွင်ရှိနေမှုနဲ့အတူခရစ္စတီယာနိုရော်နယ်ဒိုရဲ့အနာဂတ်နှင့်ပတ်သက်ပြီးပိုမိုမရေမရာဖြစ်လာခဲ့ပါတယ်။အီတလီမီဒီယာများကခရစ္စတီယာနိုရော်နယ်ဒိုဟာလာမယ့်နွေရာသီမှာအသင်းဟောင်းမန်ယူသို့ပြန်မယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပေါ်နေပါတယ်။

zawgyi

ယူ႐ိုပါလိဂ္ဆင္းကစားရဖို႔ရွိေနတဲ့ေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာလာမယ့္ေဘာလုံးရာသီမွာဂ်ဴဗင္တပ္ႏွင့္အတူယူ႐ိုပါလိဂ္ၿပိဳင္ပြဲကစားရမယ့္အေရးႏွင့္ရင္ဆိုင္ေနရၿပီျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ဟာမေန႔ညတုန္းကအိမ္ကြင္းမွာေအစီမီလန္ကို၃-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ၿပီးယင္းရႈံးပြဲေၾကာင့္စီးရီးေအအမွတ္ေပးဇယားအဆင့္၅ေနရာသို႔ဆင္းေပးခဲ့ရပါတယ္။ဂ်ဴဗင္တပ္ဟာစီးရီးေအရာသီသိမ္းရန္သုံးပြဲသာလိုေတာ့တဲ့အခ်ိန္တြင္အမွတ္ေပးဇယားအဆင့္၅ေနရာသို႔ဆင္းခဲ့ရတာျဖစ္ၿပီးထိပ္ဆုံးေလးသင္းႏွင့္ရမွတ္၁မွတ္ကြာဟေနပါတယ္။

မေန႔ညတုန္းကဂ်ဴဗင္တပ္ႏွင့္ပြဲစဥ္တြင္ဘရာဟမ္ဒိုင္ယက္ဇ္ကေအစီမီလန္အတြက္ဦးေဆာင္ဂိုးသြင္းခဲ့ၿပီးဒုတိယပိုင္းအစမွာကက္စီပင္နယ္တီလြဲေခ်ာ္ခဲ့လို႔မီလန္တို႔ဒုတိယဂိုးရမယ့္အေရးနစ္နာခဲ့ရပါတယ္။ဒါေပမယ့္ရီဘစ္ႏွင့္တိုမိုရီတို႔ကမီလန္အတြက္ေနာက္ထပ္အႏိုင္ဂိုးမ်ားကိုသြင္းယူခဲ့ပါတယ္။မီလန္အတြက္တစ္ခုေပးဆပ္ခဲ့ရတာကေတာ့အဓိကတိုက္စစ္မႉးအီဘရာဟီမိုဗစ္ဒူးဒဏ္ရာရရွိသြားခဲ့တာျဖစ္ပါတယ္။

ေအစီမီလန္ႏွင့္ပြဲစဥ္မွာဂ်ဴဗင္တပ္ဟာပြဲခ်ိန္မိနစ္၉၀အတြင္းတြင္ဂိုးေပါက္တည့္တဲ့ကန္ခ်က္၁ႀကိမ္တည္းသာျပဳလုပ္ႏိုင္ခဲ့ပါတယ္။

ဂ်ဴဗင္တပ္ဟာလက္က်န္ပြဲစဥ္မ်ားအျဖစ္လာမယ့္ဗုဒၶဟူးေန႔မွာအဆင့္၈ေနရာမွဆက္စ္ဆူလိုကိုအေဝးကြင္းသို႔သြားေရာက္ရင္ဆိုင္ရမွာျဖစ္ၿပီးစေနေန႔မွာခ်န္ပီယံအင္တာမီလန္ႏွင့္ရင္ဆိုင္ကစားရပါမယ္။၎တို႔ဟာရာသီသိမ္းပြဲစဥ္အျဖစ္အမွတ္ေပးဇယားအလယ္ပိုင္းမွဘိုေလာ့ဂ္နာႏွင့္ရင္ဆိုင္ရပါမယ္။

ဂ်ဴဗင္တပ္ရဲ႕ယူ႐ိုပါလိဂ္တြင္ကစားရႏိုင္တဲ့အေျခအေနတြင္ရွိေနမႈနဲ႔အတူခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕အနာဂတ္ႏွင့္ပတ္သက္ၿပီးပိုမိုမေရမရာျဖစ္လာခဲ့ပါတယ္။အီတလီမီဒီယာမ်ားကခရစၥတီယာႏိုေရာ္နယ္ဒိုဟာလာမယ့္ေႏြရာသီမွာအသင္းေဟာင္းမန္ယူသို႔ျပန္မယ္လို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ေပၚေနပါတယ္။