စီးရီးအေကနေ ထုတ်ပယ်ခံရမယ့်အရေးနဲ့ရင်ဆိုင်နေရတဲ့ဂျူဗင်တပ်

အီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌဂါဘရယ်လီဂရာဗီနာကဂျူဗင်တပ်အနေဖြင့်ဥရောပစူပါလိဂ်မှနုတ်ထွက်ခြင်းမပြုလျှင်စီးရီးအေပြိုင်ပွဲမှအမှန်တကယ်ထုတ်ပယ်ခံရမယ့်အရေးနှင့်ရင်ဆိုင်နေရကြောင်းအပြင်းအထန်သတိပေးပြောကြားလိုက်ပါတယ်။

ဥရောပထိပ်သီးကလပ်များပါဝင်တဲ့ဥရောပစူပါလိဂ်ပြိုင်ပွဲကိုအကောင်အထည်ဖော်နိုင်ရေးကြိုးပမ်းနေကြသော်လည်းပရီးမီးယားလိဂ်ထိပ်သီးခြောက်သင်းအပါအဝင်အသင်းများနုတ်ထွက်နေကြပါတယ်။

စီးရီးအေမှမီလန်အခြေစိုက်အင်တာမီလန်နှင့်အေစီမီလန်တို့မှာလည်းဥရောပစူပါလိဂ်အားထောက်ခံနေမှုကိုရုတ်သိမ်းခဲ့ကြပါတယ်။ဒါပေမယ့်ဂျူဗင်တပ်အသင်းကတော့ဥရောပစူပါလိဂ်ကိုထောက်ခံနေတုန်းဖြစ်ကာနုတ်ထွက်ခြင်းမရှိသေးပါဘူး။

ဒါကြောင့်လည်းအီတလီဘောလုံးအဖွဲ့ချုပ်ဥက္ကဌဂရာဗီနာကဂျူဗင်တပ်အနေဖြင့်ဥရောပစူပါလိဂ်သို့ဝင်ရောက်ရေးဆက်လက်လုပ်ဆောင်နေလျှင်စီးရီးအေမှထုတ်ပယ်ခြင်းခံရမယ်လို့သတိပေးမှုပြုလုပ်လာခဲ့ပြီဖြစ်ပါတယ်။

အသက်၆၈နှစ်ရှိဂရာဗီနာက “စည်းမျဉ်းကတော့ရှင်းရှင်းလေးပါ။ဂျူဗင်တပ်သာလာမယ့်ရာသီအထိစူပါလိဂ်ရဲ့အစိတ်အပိုင်းအဖြစ်ပါဝင်နေသေးတယ်ဆိုရင်တော့စီးရီးအေမှာရှိတော့မှာမဟုတ်တော့ပါဘူး။ပရိသတ်တွေအတွက်တော့စိတ်မကောင်းပါဘူး။ဒါပေမယ့်စည်းမျဉ်းကစည်းမျဉ်းပါ။လူတိုင်းနဲ့အကြုံးဝင်ပါတယ်။မကြာခင်ဒီပြဿနာပြီးဆုံးဖို့မျှော်လင့်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ပီယာလိုဦးဆောင်တဲ့ဂျူဗင်တပ်ဟာလည်းယခုရာသီမှာစီးရီးအေတွင်ရုန်းကန်နေရပြီးအမှတ်ပေးဇယားအဆင့်၅နေရာမှာရပ်တည်နေကာချန်ပီယံလိဂ်ဝင်ခွင့်လွဲချော်ရမယ့်အခြေအနေမျိုးနှင့်ရင်ဆိုင်နေရပါတယ်။

zawgyi

စီးရီးေအကေန ထုတ္ပယ္ခံရမယ့္အေရးနဲ႔ရင္ဆိုင္ေနရတဲ့ဂ်ဴဗင္တပ္

အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌဂါဘရယ္လီဂရာဗီနာကဂ်ဴဗင္တပ္အေနျဖင့္ဥေရာပစူပါလိဂ္မွႏုတ္ထြက္ျခင္းမျပဳလွ်င္စီးရီးေအၿပိဳင္ပြဲမွအမွန္တကယ္ထုတ္ပယ္ခံရမယ့္အေရးႏွင့္ရင္ဆိုင္ေနရေၾကာင္းအျပင္းအထန္သတိေပးေျပာၾကားလိုက္ပါတယ္။

ဥေရာပထိပ္သီးကလပ္မ်ားပါဝင္တဲ့ဥေရာပစူပါလိဂ္ၿပိဳင္ပြဲကိုအေကာင္အထည္ေဖာ္ႏိုင္ေရးႀကိဳးပမ္းေနၾကေသာ္လည္းပရီးမီးယားလိဂ္ထိပ္သီးေျခာက္သင္းအပါအဝင္အသင္းမ်ားႏုတ္ထြက္ေနၾကပါတယ္။

စီးရီးေအမွမီလန္အေျခစိုက္အင္တာမီလန္ႏွင့္ေအစီမီလန္တို႔မွာလည္းဥေရာပစူပါလိဂ္အားေထာက္ခံေနမႈကို႐ုတ္သိမ္းခဲ့ၾကပါတယ္။ဒါေပမယ့္ဂ်ဴဗင္တပ္အသင္းကေတာ့ဥေရာပစူပါလိဂ္ကိုေထာက္ခံေနတုန္းျဖစ္ကာႏုတ္ထြက္ျခင္းမရွိေသးပါဘူး။

ဒါေၾကာင့္လည္းအီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌဂရာဗီနာကဂ်ဴဗင္တပ္အေနျဖင့္ဥေရာပစူပါလိဂ္သို႔ဝင္ေရာက္ေရးဆက္လက္လုပ္ေဆာင္ေနလွ်င္စီးရီးေအမွထုတ္ပယ္ျခင္းခံရမယ္လို႔သတိေပးမႈျပဳလုပ္လာခဲ့ၿပီျဖစ္ပါတယ္။

အသက္၆၈ႏွစ္ရွိဂရာဗီနာက “စည္းမ်ဥ္းကေတာ့ရွင္းရွင္းေလးပါ။ဂ်ဴဗင္တပ္သာလာမယ့္ရာသီအထိစူပါလိဂ္ရဲ႕အစိတ္အပိုင္းအျဖစ္ပါဝင္ေနေသးတယ္ဆိုရင္ေတာ့စီးရီးေအမွာရွိေတာ့မွာမဟုတ္ေတာ့ပါဘူး။ပရိသတ္ေတြအတြက္ေတာ့စိတ္မေကာင္းပါဘူး။ဒါေပမယ့္စည္းမ်ဥ္းကစည္းမ်ဥ္းပါ။လူတိုင္းနဲ႔အႀကဳံးဝင္ပါတယ္။မၾကာခင္ဒီျပႆနာၿပီးဆုံးဖို႔ေမွ်ာ္လင့္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ပီယာလိုဦးေဆာင္တဲ့ဂ်ဴဗင္တပ္ဟာလည္းယခုရာသီမွာစီးရီးေအတြင္႐ုန္းကန္ေနရၿပီးအမွတ္ေပးဇယားအဆင့္၅ေနရာမွာရပ္တည္ေနကာခ်န္ပီယံလိဂ္ဝင္ခြင့္လြဲေခ်ာ္ရမယ့္အေျခအေနမ်ိဳးႏွင့္ရင္ဆိုင္ေနရပါတယ္။