
မန်ချက်စတာယူနိုက်တက်ဟာခါရာဘောင်ဖလားဆီမီးဖိုင်နယ်တွင်နော်တင်ဟမ်ဖောရက်စ်ကိုအလွယ်တကူကျော်ဖြတ်ကာ၁၉၉၉ခုနှစ်အက်ဖ်အေဖလားဗိုလ်လုပွဲတုန်းကထိပ်တိုက်တွေ့ခဲ့တဲ့နယူးကာဆယ်နှင့်ဝင်ဘာလေဗိုလ်လုပွဲပြန်လည်ရင်ဆိုင်ကစားလာရတော့မှာဖြစ်ပါတယ်။
ယူနိုက်တက်ဟာမနေ့ညတုန်းကအိုးထရက်ဖို့ဒ်ကွင်းတွင်ဒုတိယပိုင်းတွင်အန်တိုနီမာရှယ်နှင့်ဖရက်တို့သွင်းယူတဲ့ဂိုးဖြင့်နော်တင်ဟမ်ဖောရက်စ်ကို၂-၀ဂိုးဖြင့်အနိုင်ရခဲ့ပါတယ်။ယူနိုက်တက်ဟာပထမအကျော့တုန်းက၃-၀ဂိုးဖြင့်အနိုင်ရရှိထားမှုနဲ့အတူနှစ်ကျော့ပေါင်းရလဒ်၅-၀ဖြင့်ဗိုလ်လုပွဲသို့တက်သွားခဲ့ပါတယ်။
မနေ့ညကပွဲစဉ်တွင်ယူနိုက်တက်ရဲ့မာဆယ်ဆာဘစ်ဇာလည်းအိုးထရက်ဖို့ဒ် အထူးတန်းမှလာရောက်ကြည့်ရှုအားပေးခဲ့တာတွေ့ရပါတယ်။ယူနိုက်တက်ဟာခရစ္စတီယန်အဲရစ်ဆင်မှာခြေကျင်းဝတ်အရွတ်ဒဏ်ရာကြောင့်မတ်လအစောပိုင်းအထိအနားယူရနိုင်တာကြောင့်ဘိုင်ယန်မြူးနစ်မှဩစတြီးယားအ လယ်တန်းကစားသမားဆာဘစ်ဇာကိုရာသီအကုန်အထိအငှားဖြင့်ခေါ်ယူလိုက်တာလည်းဖြစ်ပါတယ်။
ယူနိုက်တက်ဟာနော်တင်ဟမ်ဖောရက်စ်ကိုကျော်ဖြတ်ကာဗိုလ်လုပွဲသို့တက်ရောက်သွားမှုနဲ့အတူ၂၀၁၇ခုနှစ်နောက်ပိုင်းပထမဆုံးဆုဖလားရရှိရေးအ တွက်နောက်ထပ်နိုင်ပွဲတစ်ပွဲတည်းသာရယူရတော့မှာဖြစ်ပါတယ်။
ယူနိုက်တက်အတွက်နောက်ထပ်သတင်းကောင်းတစ်ခုကတော့မနေ့ညကပွဲတွင်ဆန်ချိုလူစားဝင်ရောက်ကစားနိုင်ခဲ့တာဖြစ်ပါတယ်။ဆန်ချိုဟာအောက် တိုဘာလကတည်းကစိတ်မကျန်းမာ၊ကိုယ်မကျန်းမာဖြစ်မှုနဲ့အတူ နယ်သာလန်သို့သွားရောက်ကာအားကစားစိတ်ပညာရှင်များနှင့်တွေ့ဆုံကုသမှုခံယူခဲ့ရပြီးပွဲမကစားနိုင်ခဲ့သူဖြစ်ပါတယ်။
တဖက်တွင်နယူးကာဆယ်ဟာလည်းယခုရာသီတွင်ဆုဖလားမရယူနိုင်ပါက ကလပ်သမိုင်းတွင်ဆုဖလားလက်မဲ့နှစ်အကြာဆုံးဖြစ်လာပါမယ်။နယူးကာဆယ်ဟာ၂၀၁၆-၁၇တုန်းကချန်ပီယံရှစ်ဖလားရပြီးနောက်ပိုင်းပထမဆုံးလက်မဲ့ဖြစ်နေခဲ့တာပါ။
ZawGyi
ခါရာေဘာင္ဖလားဗိုလ္လုပြဲတြင္ နယူးကာဆယ္ႏွင့္ မန္ခ်က္စတာယူႏိုက္တက္ ထိပ္တိုက္ေတြ႕
မန္ခ်က္စတာယူႏိုက္တက္ဟာခါရာေဘာင္ဖလားဆီမီးဖိုင္နယ္တြင္ေနာ္တင္ဟမ္ေဖာရက္စ္ကိုအလြယ္တကူေက်ာ္ျဖတ္ကာ၁၉၉၉ခုႏွစ္အက္ဖ္ေအဖလားဗိုလ္လုပြဲတုန္းကထိပ္တိုက္ေတြ႕ခဲ့တဲ့နယူးကာဆယ္ႏွင့္ဝင္ဘာေလဗိုလ္လုပြဲျပန္လည္ရင္ဆိုင္ကစားလာရေတာ့မွာျဖစ္ပါတယ္။
ယူႏိုက္တက္ဟာမေန႔ညတုန္းကအိုးထရက္ဖို႔ဒ္ကြင္းတြင္ဒုတိယပိုင္းတြင္အန္တိုနီမာရွယ္ႏွင့္ဖရက္တို႔သြင္းယူတဲ့ဂိုးျဖင့္ေနာ္တင္ဟမ္ေဖာရက္စ္ကို၂-၀ဂိုးျဖင့္အႏိုင္ရခဲ့ပါတယ္။ယူႏိုက္တက္ဟာပထမအေက်ာ့တုန္းက၃-၀ဂိုးျဖင့္အႏိုင္ရရွိထားမႈနဲ႔အတူႏွစ္ေက်ာ့ေပါင္းရလဒ္၅-၀ျဖင့္ဗိုလ္လုပြဲသို႔တက္သြားခဲ့ပါတယ္။
မေန႔ညကပြဲစဥ္တြင္ယူႏိုက္တက္ရဲ႕မာဆယ္ဆာဘစ္ဇာလည္းအိုးထရက္ဖို႔ဒ္ အထူးတန္းမွလာေရာက္ၾကည့္ရႈအားေပးခဲ့တာေတြ႕ရပါတယ္။ယူႏိုက္တက္ဟာခရစၥတီယန္အဲရစ္ဆင္မွာေျခက်င္းဝတ္အ႐ြတ္ဒဏ္ရာေၾကာင့္မတ္လအေစာပိုင္းအထိအနားယူရႏိုင္တာေၾကာင့္ဘိုင္ယန္ျမဴးနစ္မွဩစႀတီးယားအလယ္တန္းကစားသမားဆာဘစ္ဇာကိုရာသီအကုန္အထိအငွားျဖင့္ေခၚယူလိုက္တာလည္းျဖစ္ပါတယ္။
ယူႏိုက္တက္ဟာေနာ္တင္ဟမ္ေဖာရက္စ္ကိုေက်ာ္ျဖတ္ကာဗိုလ္လုပြဲသို႔တက္ေရာက္သြားမႈနဲ႔အတူ၂၀၁၇ခုႏွစ္ေနာက္ပိုင္းပထမဆုံးဆုဖလားရရွိေရးအတြက္ေနာက္ထပ္ႏိုင္ပြဲတစ္ပြဲတည္းသာရယူရေတာ့မွာျဖစ္ပါတယ္။
ယူႏိုက္တက္အတြက္ေနာက္ထပ္သတင္းေကာင္းတစ္ခုကေတာ့မေန႔ညကပြဲတြင္ဆန္ခ်ိဳလူစားဝင္ေရာက္ကစားႏိုင္ခဲ့တာျဖစ္ပါတယ္။ဆန္ခ်ိဳဟာေအာက္တိုဘာလကတည္းကစိတ္မက်န္းမာ၊ကိုယ္မက်န္းမာျဖစ္မႈနဲ႔အတူ နယ္သာလန္သို႔သြားေရာက္ကာအားကစားစိတ္ပညာရွင္မ်ားႏွင့္ေတြ႕ဆုံကုသမႈခံယူခဲ့ရၿပီးပြဲမကစားႏိုင္ခဲ့သူျဖစ္ပါတယ္။
တဖက္တြင္နယူးကာဆယ္ဟာလည္းယခုရာသီတြင္ဆုဖလားမရယူႏိုင္ပါက ကလပ္သမိုင္းတြင္ဆုဖလားလက္မဲ့ႏွစ္အၾကာဆုံးျဖစ္လာပါမယ္။နယူးကာဆယ္ဟာ၂၀၁၆-၁၇တုန္းကခ်န္ပီယံရွစ္ဖလားရၿပီးေနာက္ပိုင္းပထမဆုံးလက္မဲ့ျဖစ္ေနခဲ့တာပါ။