
နယူးကာဆယ်ကစားသမားတစ်ဦးဟာဖေဖော်ဝါရီလ၂၆ရက်နေ့မှာဝင်ဘာလေကွင်းမှာမန်ချက်စတာယူနိုက်တက်ကိုရှုံးနိမ့်ပါကလည်းခါရာဘောင်ဖလားချန်ပီယံဆုတံဆိပ်တစ်ခုရရှိလာပါမယ်။
နယူးကာဆယ်ဟာဆောက်သမ်တန်ကိုနှစ်ကျော့ပေါင်းရလဒ်၃-၁ဖြင့်အနိုင်ရရှိပြီး၁၉၉၉ခုနှစ်နောက်ပိုင်းပထမဆုံးဖလားဗိုလ်လုပွဲသို့တက်ရောက်မှုအ ဖြစ်ခါရာဘောင်ဖလားဗိုလ်လုပွဲသို့တက်ခဲ့ပါတယ်။
၎င်းတို့ဟာနော်တင်ဟမ်ဖောရက်စ်ကိုနှစ်ကျော့ပေါင်းရလဒ်၅-၀ဖြင့်အနိုင်ယူလာတဲ့အဲရစ်တန်ဟက်ရဲ့ယူနိုက်တက်နှင့်ရင်ဆိုင်ကစားရပါမယ်။
ဒါပေမဲ့ယူနိုက်တက်ဟာခါရာဘောင်ဖလားဗိုလ်လုပွဲသို့တက်ရောက်အောင်ကြိုးပမ်းခဲ့ရာမှာနယူးကာဆယ်ကစားသမားတစ်ဦးရဲ့အကူအညီရယူခဲ့ရပါတယ်။
မာတင်ဒူဘရေ့ဗ်ကာဟာနွေရာသီတုန်းကယူနိုက်တက်သို့အငှားဖြင့်ရောက်လာပြီးနောက်ခါရာဘောင်ဖလားပွဲနှစ်ပွဲကစားပေးခဲ့ပါတယ်။သူဟာအက်စတွန်ဗီလာ၊ဘန်လေတို့နှင့်ပွဲမှာပါဝင်ကစားခဲ့တာဖြစ်ပါတယ်။
သူဟာအသက်၃၄နှစ်ရှိဂိုးသမားဟာဇန်နဝါရီလ၁ရက်နေ့မှာမိခင်ကလပ်နယူးကာဆယ်ရဲ့ပြန်ဆင့်ခေါ်ခြင်းခံခဲ့ရပါတယ်။
သူဟာနယူးကာဆယ်ရဲ့ရှုံးထွက်ဖလားပွဲမှာနံပါတ်တစ်ဂိုးသမားအဖြစ်ကစားနေပါတယ်။
ဒါကြောင့်လည်းသူဟာလာမယ့်ခါရာဘောင်ဖလားဗိုလ်လုပွဲမှာဘယ်အသင်းအနိုင်ရပါစေ ခါရာဘောင်ဖလားချန်ပီယံဆုတံဆိပ်ရရှိလာဖို့သေချာနေပါတယ်။
တကယ်လို့များနယူးကာဆယ်အသင်းအနိုင်ရလာပါကလည်း နော်တင်ဟမ်ဖောရက်စ်သို့ပြောင်းရွှေ့သွားခဲ့တဲ့ဂျွန်ဂျိုရှာဗေးမှာချန်ပီယံဆုတံဆိပ်တစ်ခုရ ရှိလာပါမယ်။သူဟာနယူးကာဆယ်အတွက်ခါရာဘောင်ဖလားပွဲ၂ပွဲကစားပေးခဲ့ပါတယ်။
ZawGyi
ခါရာဘောင်ဖလားဗိုလ်လုပွဲတွင် ယူနိုက်တက်ကို ရှုံးနိမ့်ပါကလည်း ချန်ပီယံဆုတံဆိပ်ရရှိလာမဲ့ နယူးကာဆယ်ကစားသမား