
နယူးကာဆယ်ပရိသတ်တစ်ဦးဟာသူမွေးထားတဲ့ Golden Retriever ကသူ့ရဲ့ခါရာဘောင်ဖလားဗိုလ်လုပွဲလက်မှတ်ကိုကိုက်ဖျက်ဆီးလိုက်လို့ငိုရအ ခက်ရယ်ရအခက်အဖြစ်အပျက်နှင့်ကြုံနေရပါတယ်။
နယူးကာဆယ်ဟာလာမယ့်တနင်္ဂနွေနေ့တွင်ဝင်ဘာလေကွင်းတွင်မန်ချက်စတာယူနိုက်တက်နှင့်ခါရာဘောင်ဖလားဗိုလ်လုပွဲကစားရပါမယ်။
နယူးကာဆယ်ပရိသတ်ဟာတနင်္ဂနွေနေ့တုန်းကလီဗာပူးကိုရှုံးနိမ့်ပြီးယခုရာသီပထမဆုံးအိမ်ကွင်းရှုံးပွဲကြုံတွေ့ရတဲ့ပွဲကိုစိန့်ဂျိမ်းစ်ပါ့ခ်သို့သွားကြည့်ပြီးအိမ်သို့ပြန်ရောက်လာချိန်တွင်နောက်ထပ်အသည်းကွဲစရာအဖြစ်အပျက်ကြုံခဲ့တာဖြစ်ပါတယ်။
သူမွေးထားတဲ့ခွေးRubyကခါရာဘောင်ဖလားလက်မှတ်ကိုတစစီဖြစ်အောင်အစိတ်အစိတ်အမွာမွှာကိုက်စားထားပါတယ်။
နယူးကာဆယ်ပရိသတ်ဟာယင်းသို့ခါရာဘောင်ဖလားဗိုလ်လုပွဲကိုကိုက်ဖျက်ဆီးခဲ့တဲ့သူ့ခွေးရူဘီကို၅ပေါင်တည်းနှင့်ရောင်းမယ်လို့လည်းဟာသနှောက Facebook မှာတင်သွားပါတယ်။
နယူးကာဆယ်ဟာ၁၉၆၉ခုနှစ်နောက်ပိုင်းပထမဆုံးဆုဖလားဆွတ်ခူးနိုင်ရေးပွဲတွင်အဓိကဂိုးသမားနစ်ပုပ်ကိုပွဲပယ်ကြောင့်ဆုံးရှုံးထားရပါတယ်။အက်ဒီဟောင်းဟာဘောလုံးပွဲနှစ်နှစ်နှစ်ကျော်ကြာဝေးကွာနေတဲ့အရန်ဂိုးသမားလိုရစ်ခါရီးယပ်စ်ကိုသုံးရမဲ့ကိန်းဆိုက်နေပါတယ်။
ZawGyi
ခါရာေဘာင္ဖလားဗိုလ္လုပြဲလက္မွတ္ကို သူ႔ေခြးကိုက္ကာဖ်က္ဆီးလိုက္လို႔ ဒုကၡေရာက္ေနတဲ့ နယူးကာဆယ္ပရိသတ္
နယူးကာဆယ္ပရိသတ္တစ္ဦးဟာသူေမြးထားတဲ့ Golden Retriever ကသူ႔ရဲ႕ခါရာေဘာင္ဖလားဗိုလ္လုပြဲလက္မွတ္ကိုကိုက္ဖ်က္ဆီးလိုက္လို႔ငိုရအခက္ရယ္ရအခက္အျဖစ္အပ်က္ႏွင့္ႀကဳံေနရပါတယ္။
နယူးကာဆယ္ဟာလာမယ့္တနဂၤေႏြေန႔တြင္ဝင္ဘာေလကြင္းတြင္မန္ခ်က္စတာယူႏိုက္တက္ႏွင့္ခါရာေဘာင္ဖလားဗိုလ္လုပြဲကစားရပါမယ္။
နယူးကာဆယ္ပရိသတ္ဟာတနဂၤေႏြေန႔တုန္းကလီဗာပူးကိုရႈံးနိမ့္ၿပီးယခုရာသီပထမဆုံးအိမ္ကြင္းရႈံးပြဲႀကဳံေတြ႕ရတဲ့ပြဲကိုစိန႔္ဂ်ိမ္းစ္ပါ့ခ္သို႔သြားၾကည့္ၿပီးအိမ္သို႔ျပန္ေရာက္လာခ်ိန္တြင္ေနာက္ထပ္အသည္းကြဲစရာအျဖစ္အပ်က္ႀကဳံခဲ့တာျဖစ္ပါတယ္။
သူေမြးထားတဲ့ေခြးRubyကခါရာေဘာင္ဖလားလက္မွတ္ကိုတစစီျဖစ္ေအာင္အစိတ္အစိတ္အမြာမႊာကိုက္စားထားပါတယ္။
နယူးကာဆယ္ပရိသတ္ဟာယင္းသို႔ခါရာေဘာင္ဖလားဗိုလ္လုပြဲကိုကိုက္ဖ်က္ဆီးခဲ့တဲ့သူ႔ေခြး႐ူဘီကို၅ေပါင္တည္းႏွင့္ေရာင္းမယ္လို႔လည္းဟာသေႏွာက Facebook မွာတင္သြားပါတယ္။
နယူးကာဆယ္ဟာ၁၉၆၉ခုႏွစ္ေနာက္ပိုင္းပထမဆုံးဆုဖလားဆြတ္ခူးႏိုင္ေရးပြဲတြင္အဓိကဂိုးသမားနစ္ပုပ္ကိုပြဲပယ္ေၾကာင့္ဆုံးရႈံးထားရပါတယ္။အက္ဒီေဟာင္းဟာေဘာလုံးပြဲႏွစ္ႏွစ္ႏွစ္ေက်ာ္ၾကာေဝးကြာေနတဲ့အရန္ဂိုးသမားလိုရစ္ခါရီးယပ္စ္ကိုသုံးရမဲ့ကိန္းဆိုက္ေနပါတယ္။