မက်ဆီထွက်ခွာသွားမည်ကို ကိုးမန်းအလွန်စိုးရိမ်နေ

ဘာစီလိုနာနည်းပြရော်နယ်ကိုးမန်းကနျူးကမ့်မှလီယွန်နယ်မက်ဆီထွက်ခွာသွားမည်ကိုတစ်သင်းလုံးစိုးရိမ်ပူပန်လက်ရှိကြောင်းဖွင့်ဟပြောကြားသွားပါတယ်။

လီယွန်နယ်မက်ဆီဟာယခုရာသီအကုန်တွင်ဘာစီလိုနာနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရေးအတွက်ဘာစီလိုနာနှင့်ဆွေးနွေးရခြင်းမရှိသေးပါဘူး။

မီဒီယာများရဲ့ဖော်ပြချက်အရမန်စီးတီးဟာလီယွန်နယ်မက်ဆီအားအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူနိုင်ရေးအတွက်စတင်လှုပ်ရှားနေပြီဖြစ်ပြီးတစ်ပတ်လုပ်ခပေါင်၅သိန်းတန်စာချုပ်ကမ်းလှမ်းသွားမည်ဖြစ်ကြောင်းသတင်းထွက်နေပါတယ်။

ကိုးမန်းက “သူကလက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်တာကြောင့်သူထွက်ခွာမသွားဖို့ကျွန်တော်တို့အားလုံးမျှော်လင့်နေကြပါတယ်။သူမပါဝင်ဘဲကစားဖို့ကခက်ခဲပါတယ်။သူဟာဒီရာသီမှာဂိုး၃၀သွင်းယူထားပြီးဖြစ်ပါတယ်။သူ့ဂိုးတွေကြောင့်အမှတ်တွေအများကြီးရရှိထားပါတယ်။ဆုံးဖြတ်ချက်ချရမှာကတော့လီယွန်ကိုယ်တိုင်ပါ။ကျွန်တော်နဲ့အသင်းအတွက်ကတော့သူ့ကိုမရှိရင်ဂိုးအများကြီးသွင်းယူနိုင်ဖို့မသေချာတာကြောင့်သူ့ကိုဆက်ရှိစေချင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဟာဆဲလ်တာဗီဂိုအားရှုံးနိမ့်ခဲ့မှုနဲ့အတူရာသီသိမ်းအိမ်ကွင်းပွဲစဉ်အားအရှုံးဖြင့်ရင်ဆိုင်ခဲ့ရပါတယ်။ယင်းပွဲစဉ်မှာမက်ဆီအတွက်ဘာစီလိုနာအတွက်နောက်ဆုံးအိမ်ကွင်းပွဲစဉ်လည်းဖြစ်လာနိုင်ပါတယ်။

zawgyi

မက္ဆီထြက္ခြာသြားမည္ကို ကိုးမန္းအလြန္စိုးရိမ္ေန

ဘာစီလိုနာနည္းျပေရာ္နယ္ကိုးမန္းကန်ဴးကမ့္မွလီယြန္နယ္မက္ဆီထြက္ခြာသြားမည္ကိုတစ္သင္းလုံးစိုးရိမ္ပူပန္လက္ရွိေၾကာင္းဖြင့္ဟေျပာၾကားသြားပါတယ္။

လီယြန္နယ္မက္ဆီဟာယခုရာသီအကုန္တြင္ဘာစီလိုနာႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ဘာစီလိုနာႏွင့္ေဆြးေႏြးရျခင္းမရွိေသးပါဘူး။

မီဒီယာမ်ားရဲ႕ေဖာ္ျပခ်က္အရမန္စီးတီးဟာလီယြန္နယ္မက္ဆီအားအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူႏိုင္ေရးအတြက္စတင္လႈပ္ရွားေနၿပီျဖစ္ၿပီးတစ္ပတ္လုပ္ခေပါင္၅သိန္းတန္စာခ်ဳပ္ကမ္းလွမ္းသြားမည္ျဖစ္ေၾကာင္းသတင္းထြက္ေနပါတယ္။

ကိုးမန္းက “သူကလက္ရွိကမာၻ႔အေကာင္းဆုံးကစားသမားတစ္ဦးျဖစ္တာေၾကာင့္သူထြက္ခြာမသြားဖို႔ကြၽန္ေတာ္တို႔အားလုံးေမွ်ာ္လင့္ေနၾကပါတယ္။သူမပါဝင္ဘဲကစားဖို႔ကခက္ခဲပါတယ္။သူဟာဒီရာသီမွာဂိုး၃၀သြင္းယူထားၿပီးျဖစ္ပါတယ္။သူ႔ဂိုးေတြေၾကာင့္အမွတ္ေတြအမ်ားႀကီးရရွိထားပါတယ္။ဆုံးျဖတ္ခ်က္ခ်ရမွာကေတာ့လီယြန္ကိုယ္တိုင္ပါ။ကြၽန္ေတာ္နဲ႔အသင္းအတြက္ကေတာ့သူ႔ကိုမရွိရင္ဂိုးအမ်ားႀကီးသြင္းယူႏိုင္ဖို႔မေသခ်ာတာေၾကာင့္သူ႔ကိုဆက္ရွိေစခ်င္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဘာစီလိုနာဟာဆဲလ္တာဗီဂိုအားရႈံးနိမ့္ခဲ့မႈနဲ႔အတူရာသီသိမ္းအိမ္ကြင္းပြဲစဥ္အားအရႈံးျဖင့္ရင္ဆိုင္ခဲ့ရပါတယ္။ယင္းပြဲစဥ္မွာမက္ဆီအတြက္ဘာစီလိုနာအတြက္ေနာက္ဆုံးအိမ္ကြင္းပြဲစဥ္လည္းျဖစ္လာႏိုင္ပါတယ္။