ကွင်းအတွင်းရုန်းကန်နေရချိန်တွင် နေအိမ်ဖောက်ထွင်းခံခဲ့ရတဲ့ ကူကူရယ်လာ

မာ့ခ်ကူကူရယ်လာဟာကွင်းအတွင်းခြေစွမ်းပြနိုင်ရေးရုန်းကန်နေရချိန်တွင်နေအိမ်ဖောက်ထွင်းခံရမှုနှင့်အတူခက်ခဲတဲ့ကာလနှင့်ရင်ဆိုင်နေရပါတယ်။

အသက်၂၄နှစ်ရှိစပိန်ဘယ်နောက်ခံလူဟာနွေရာသီတုန်းကဘရိုက်တန်မှချဲလ်ဆီးသို့ပြောင်းရွှေ့လာပြီးနောက်မကြာမီနေအိမ်ဖောက်ထွင်းမှုနှင့်ကြုံခဲ့ရတာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးနည်းပြဂရေဟမ်ပေါ်တာကကူကူရယ်လာမှာပေါင်၆၂သန်းဖြင့်ပြောင်းရွှေ့လာပြီးနောက်ခက်ခဲတဲ့ကာလရင်ဆိုင်နေရကြောင်းဝန်ခံသွားပြီးက စားသမားကိုအပြည့်အဝအားပေးသွားမည်ဖြစ်ကြောင်းဆိုသွားပါတယ်။

ကူကူရယ်လာဟာဝက်စ်ဟမ်းနှင့်သရေကျတဲ့ပွဲတွင်ခြေစွမ်းမပြနိုင်လို့ပွဲချိန်၇၁မိနစ်တွင်လူစားလဲခံခဲ့ရပြီးပရိသတ်များရဲ့လှောင်ပြောင်မှုများနှင့်လည်းကြုံခဲ့ရပါတယ်။

သူဟာဗုဒ္ဓဟူးနေ့တုန်းကဒေါ့မွန်ကိုရှုံးနိမ့်တဲ့ချန်ပီယံလိဂ်လူစာရင်းတွင်ချန်လှပ်ခြင်းခံခဲ့ရပါတယ်။

တဖက်တွင်သူဟာချဲလ်ဆီးရဲ့ဘယ်တောင်ပံကစားသမားမိုင်ခေလိုမူဒရစ်နှင့်လည်းအဆင်မပြေဖြစ်နေပါသေးတယ်။

သူဟာယင်းသို့ကွင်းတွင်းရုန်းကန်နေရချိန်တွင်လန်ဒန်တွင်အထိုင်ချရေးကြိုးပမ်းမှုမှာလည်းဖောက်ထွင်းမှုနှင့်ကြုံရမှုနှင့်အတူအထိုင်မကျနိုင်ဖြစ်နေပါတယ်။

ကူကူရယ်လာဟာရီစီဂျိမ်းစ်၊ရာဟမ်းစတာလင်းတို့ပြီးနောက်ဖောက်ထွ့င်းသမားများရဲ့ပစ်မှတ်ထားခြင်းခံရတဲ့တတိယမြောက်ချဲလ်ဆီးကစားသမားဖြစ်ပါတယ်။

စတာလင်းဟာကမ္ဘာ့ဖလားပြိုင်ပွဲသွားကစားနေစဉ် နေအိမ်ဖောက်ထွင်းခံရမှုကြောင့်လန်ဒန်သို့အရေးပေါ်ပြန်ခဲ့ရပါတယ်။ရာစီဂျိမ်းစ်မှာလည်းလွန်ခဲ့တဲ့လအတန်ကြာတုန်းကဆုတံဆိပ်များထည့်သွင်းထားရာမီးခံသေတ္တာအခိုးခံခဲ့ရတာဖြစ်ပါတယ်။

ZawGyi

ကြင္းအတြင္း ႐ုန္းကန္ေနရခ်ိန္တြင္ ေနအိမ္ေဖာက္ထြင္းခံခဲ့ရတဲ့ ကူကူရယ္လာ

မာ့ခ္ကူကူရယ္လာဟာကြင္းအတြင္းေျခစြမ္းျပႏိုင္ေရး႐ုန္းကန္ေနရခ်ိန္တြင္ေနအိမ္ေဖာက္ထြင္းခံရမႈႏွင့္အတူခက္ခဲတဲ့ကာလႏွင့္ရင္ဆိုင္ေနရပါတယ္။

အသက္၂၄ႏွစ္ရွိစပိန္ဘယ္ေနာက္ခံလူဟာေႏြရာသီတုန္းကဘ႐ိုက္တန္မွခ်ဲလ္ဆီးသို႔ေျပာင္းေ႐ႊ႕လာၿပီးေနာက္မၾကာမီေနအိမ္ေဖာက္ထြင္းမႈႏွင့္ႀကဳံခဲ့ရတာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးနည္းျပဂေရဟမ္ေပၚတာကကူကူရယ္လာမွာေပါင္၆၂သန္းျဖင့္ေျပာင္းေ႐ႊ႕လာၿပီးေနာက္ခက္ခဲတဲ့ကာလရင္ဆိုင္ေနရေၾကာင္းဝန္ခံသြားၿပီး ကစားသမားကိုအျပည့္အဝအားေပးသြားမည္ျဖစ္ေၾကာင္းဆိုသြားပါတယ္။

ကူကူရယ္လာဟာဝက္စ္ဟမ္းႏွင့္သေရက်တဲ့ပြဲတြင္ေျခစြမ္းမျပႏိုင္လို႔ပြဲခ်ိန္၇၁မိနစ္တြင္လူစားလဲခံခဲ့ရၿပီးပရိသတ္မ်ားရဲ႕ေလွာင္ေျပာင္မႈမ်ားႏွင့္လည္းႀကဳံခဲ့ရပါတယ္။

သူဟာဗုဒၶဟူးေန႔တုန္းကေဒါ့မြန္ကိုရႈံးနိမ့္တဲ့ခ်န္ပီယံလိဂ္လူစာရင္းတြင္ခ်န္လွပ္ျခင္းခံခဲ့ရပါတယ္။

တဖက္တြင္သူဟာခ်ဲလ္ဆီးရဲ႕ဘယ္ေတာင္ပံကစားသမားမိုင္ေခလိုမူဒရစ္ႏွင့္လည္းအဆင္မေျပျဖစ္ေနပါေသးတယ္။

သူဟာယင္းသို႔ကြင္းတြင္း႐ုန္းကန္ေနရခ်ိန္တြင္လန္ဒန္တြင္အထိုင္ခ်ေရးႀကိဳးပမ္းမႈမွာလည္းေဖာက္ထြင္းမႈႏွင့္ႀကဳံရမႈႏွင့္အတူအထိုင္မက်ႏိုင္ျဖစ္ေနပါတယ္။

ကူကူရယ္လာဟာရီစီဂ်ိမ္းစ္၊ရာဟမ္းစတာလင္းတို႔ၿပီးေနာက္ ေဖာက္ထြ႕င္းသမားမ်ားရဲ႕ပစ္မွတ္ထားျခင္းခံရတဲ့တတိယေျမာက္ခ်ဲလ္ဆီးကစားသမားျဖစ္ပါတယ္။

စတာလင္းဟာကမာၻ႔ဖလားၿပိဳင္ပြဲသြားကစားေနစဥ္ ေနအိမ္ေဖာက္ထြင္းခံရမႈေၾကာင့္လန္ဒန္သို႔အေရးေပၚျပန္ခဲ့ရပါတယ္။ရာစီဂ်ိမ္းစ္မွာလည္းလြန္ခဲ့တဲ့လအတန္ၾကာတုန္းကဆုတံဆိပ္မ်ားထည့္သြင္းထားရာမီးခံေသတၱာအခိုးခံခဲ့ရတာျဖစ္ပါတယ္။