ယူရို၂၀၂၀ပြိုင်ပွဲကစားခွင့်ရရှိအောင်နိုင်ငံပြောင်းမယ့်မန်စီးတီးစတား

အေမီရစ်လာ‌ပေါ်တီဟာလာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲဝင်ရောက်ကစားနိုင်ရေးအတွက်နိုင်ငံအသင်းပြောင်းကစားရန်စီစဉ်နေကြောင်းသိရပါတယ်။

မန်စီးတီးစတားဟာပြင်သစ်လူငယ်လက်ရွေးစင်အသင်းများဖြစ်တဲ့ယူ-၁၇၊ယူ-၁၈၊ယူ-၁၉၊ယူ-၂၁အသင်းတို့အတွက်စုစုပေါင်း၅၁ပွဲအထိကစားခွင့်ရရှိခဲ့တဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်သူဟာစီနီယာအသင်းအဆင့်မှာတော့ပြင်သစ်လက်ရွေးစင်အသင်းနည်းပြဒီဒီယာဒက်ချမ့်ရဲ့မျက်ကွယ်ပြုခြင်းခံရပါတယ်။သူဟာပြင်သစ်လက်ရွေးစင်အသင်းမှာအကြိမ်အနည်းငယ်ရွေးချယ်ခြင်းခံခဲ့ရဖူးပေမယ့်တစ်ပွဲမျှကစားခွင့်ရရှိခဲ့ခြင်းမရှိသေးပါဘူး။

ဒါကြောင့်လည်းလာပေါ်တီဟာပြင်သစ်အသင်းအပေါ်တွင်စိတ်ကုန်ကာစပိန်အသင်းအတွက်ပြောင်းကစားရန်အဆင်သင့်ဖြစ်နေပြီဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိနောက်ခံလူဟာပြင်သစ်ဘက်စကွေးကန်ထရီးတွင်မွေးဖွားသူဖြစ်ပြီးနိုင်ငံသားနှစ်ခုခံယူထားရာစပိန်လက်ရွေးစင်အသင်းအတွက်လည်းကစားခွင့်ရှိနေပါတယ်။

စပိန်နည်းပြလူးဝစ်အန်းနရစ်ဟာလည်းလာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲအတွက်လာပေါ်တီအားရွေးချယ်ရေးသုံးသပ်မှုပြုလုပ်ရန်တိုက်တွန်းခြင်းခံထားရပြီးဖီဖာကလည်းရွေးချယ်ခွင့်ပေးထားပါတယ်။

လူးဝစ်အန်းနရစ်ဟာလာမယ့်မေလ၂၁ရက်နေ့မှာယူရို၂၀၂၀ပြိုင်ပွဲအတွက်၂၆ဦးစာရင်းကိုထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီးလာပေါ်တီလည်းပါဝင်လာမယ်လို့ယူဆရပါတယ်။

လက်ရှိအချိန်တွင်စပိန်အသင်းတွင်ဗဟိုခံစစ်အတွက်အဲရစ်ဂါစီယာ၊အသင်းခေါင်းဆောင်ဆာဂျီယိုရာမို့စ်၊ဗီလာရီးရဲလ်နောက်ခံလူပူတောရက်စ်၊ဘီလ်ဘာအိုမှအိုင်နီဂိုမာတီနက်ဇ်တို့ရှိနေပါတယ်။

လာပေါ်တီဟာယခုရာသီမှာမန်စီးတီးအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၂၇ပွဲကစားထားပြီးပြီးခဲ့တဲ့လတုန်းကစပါးစ်နှင့်ကာရာဘောင်းဖလားဗိုလ်လုပွဲမှာမန်စီးတီးအတွက်အနိုင်ဂိုးသွင်းယူပေးနိုင်ခဲ့ပါတယ်။

သူဟာရာသီအစတုန်းကမန်စီးတီးမှာပုံမှန်ပွဲထွက်ခွင့်ရရှိခဲ့ပေမယ့်နောက်ပိုင်းမှာဂွါဒီယိုလာကဗဟိုခံစစ်မှာရူဘင်ဒိုင်ယက်စ်နှင့်ဂျွန်စတုန်းတို့ကိုအားပြုအသုံးပြုလာမှုနဲ့အတူပွဲထွက်ခွင့်ဆုံးရှုံးလာခဲ့ပါတယ်။

zawgyi

ယူ႐ို၂၀၂၀ၿပိဳင္ပြဲကစားခြင့္ရရွိေအာင္ႏိုင္ငံေျပာင္းမယ့္မန္စီးတီးစတား

ေအမီရစ္လာ‌ေပၚတီဟာလာမယ့္ေႏြရာသီတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲဝင္ေရာက္ကစားႏိုင္ေရးအတြက္ႏိုင္ငံအသင္းေျပာင္းကစားရန္စီစဥ္ေနေၾကာင္းသိရပါတယ္။

မန္စီးတီးစတားဟာျပင္သစ္လူငယ္လက္ေ႐ြးစင္အသင္းမ်ားျဖစ္တဲ့ယူ-၁၇၊ယူ-၁၈၊ယူ-၁၉၊ယူ-၂၁အသင္းတို႔အတြက္စုစုေပါင္း၅၁ပြဲအထိကစားခြင့္ရရွိခဲ့တဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္သူဟာစီနီယာအသင္းအဆင့္မွာေတာ့ျပင္သစ္လက္ေ႐ြးစင္အသင္းနည္းျပဒီဒီယာဒက္ခ်မ့္ရဲ႕မ်က္ကြယ္ျပဳျခင္းခံရပါတယ္။သူဟာျပင္သစ္လက္ေ႐ြးစင္အသင္းမွာအႀကိမ္အနည္းငယ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရဖူးေပမယ့္တစ္ပြဲမွ်ကစားခြင့္ရရွိခဲ့ျခင္းမရွိေသးပါဘူး။

ဒါေၾကာင့္လည္းလာေပၚတီဟာျပင္သစ္အသင္းအေပၚတြင္စိတ္ကုန္ကာစပိန္အသင္းအတြက္ေျပာင္းကစားရန္အဆင္သင့္ျဖစ္ေနၿပီျဖစ္ပါတယ္။

အသက္၂၆ႏွစ္ရွိေနာက္ခံလူဟာျပင္သစ္ဘက္စေကြးကန္ထရီးတြင္ေမြးဖြားသူျဖစ္ၿပီးႏိုင္ငံသားႏွစ္ခုခံယူထားရာစပိန္လက္ေ႐ြးစင္အသင္းအတြက္လည္းကစားခြင့္ရွိေနပါတယ္။

စပိန္နည္းျပလူးဝစ္အန္းနရစ္ဟာလည္းလာမယ့္ေႏြရာသီတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္လာေပၚတီအားေ႐ြးခ်ယ္ေရးသုံးသပ္မႈျပဳလုပ္ရန္တိုက္တြန္းျခင္းခံထားရၿပီးဖီဖာကလည္းေ႐ြးခ်ယ္ခြင့္ေပးထားပါတယ္။

လူးဝစ္အန္းနရစ္ဟာလာမယ့္ေမလ၂၁ရက္ေန႔မွာယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္၂၆ဦးစာရင္းကိုထုတ္ျပန္ေၾကညာသြားမွာျဖစ္ၿပီးလာေပၚတီလည္းပါဝင္လာမယ္လို႔ယူဆရပါတယ္။

လက္ရွိအခ်ိန္တြင္စပိန္အသင္းတြင္ဗဟိုခံစစ္အတြက္အဲရစ္ဂါစီယာ၊အသင္းေခါင္းေဆာင္ဆာဂ်ီယိုရာမို႔စ္၊ဗီလာရီးရဲလ္ေနာက္ခံလူပူေတာရက္စ္၊ဘီလ္ဘာအိုမွအိုင္နီဂိုမာတီနက္ဇ္တို႔ရွိေနပါတယ္။

လာေပၚတီဟာယခုရာသီမွာမန္စီးတီးအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၂၇ပြဲကစားထားၿပီးၿပီးခဲ့တဲ့လတုန္းကစပါးစ္ႏွင့္ကာရာေဘာင္းဖလားဗိုလ္လုပြဲမွာမန္စီးတီးအတြက္အႏိုင္ဂိုးသြင္းယူေပးႏိုင္ခဲ့ပါတယ္။

သူဟာရာသီအစတုန္းကမန္စီးတီးမွာပုံမွန္ပြဲထြက္ခြင့္ရရွိခဲ့ေပမယ့္ေနာက္ပိုင္းမွာဂြါဒီယိုလာကဗဟိုခံစစ္မွာ႐ူဘင္ဒိုင္ယက္စ္ႏွင့္ဂြၽန္စတုန္းတို႔ကိုအားျပဳအသုံးျပဳလာမႈနဲ႔အတူပြဲထြက္ခြင့္ဆုံးရႈံးလာခဲ့ပါတယ္။