2021 Laureus World Sports Awards ဘယ်သူတွေဆွတ်ခူး

ဘိုင်ယန်မြူးနစ်အသင်းနှင့်လီဗာပူးစတားမိုဟာမက်ဆာလက်တို့ဟာ ဆဗီးလ်တွင်ကျင်းပတဲ့ 2021 Laureus World Sports Awards တွင်ဆုများအသီးသီးဆွတ်ခူးနိုင်ခဲ့ကြောင်းသိရပါတယ်။

ဂျာမန်ထိပ်သီးဘိုင်ယန်မြူးနစ်အသင်းဟာပြီးခဲ့တဲ့ရာသီတုန်းကချန်ပီယံလိဂ်ဖလား၊ဘွန်ဒက်စ်လီဂါနှင့်ဂျာမန်ပိုကယ်ဖလားတို့ကိုဆွတ်ခူးနိုင်မှုတို့နှင့်အတူ 2021 Laureus World Sports Awards တွင်တစ်နှစ်တာအကောင်းဆုံးအသင်းဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

လီဗာပူးစတားမိုဟာမက်ဆာလက်ဟာမွေးရပ်မြေအီဂျစ်တွင်ပရဟိတလုပ်ငန်းများလုပ်ဆောင်မှုနှင့်အတူဆုဆွတ်ခူးနိုင်ခဲ့တာဖြစ်ပါတယ်။အသက်၂၈နှစ်ရှိမိုဟာမက်ဆာလက်ဟာယခုနှစ်အစောပိုင်းတုန်းကကိုဗစ်ကာလအတွင်းတွင်မွေးရပ်မြေမြို့မှဆေးရုံအတွက်အောက်ဆီဂျင်ဗူးများလှူဒါန်းခဲ့ပါတယ်။

2021 Laureus World Sports Awards ဆုပေးပွဲတွင်တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုစပိန်တင်းနစ်အကျော်အမော်ရာဖေးလ်နာဒယ်ကဆွတ်ခူးသွားခဲ့ပါတယ်။ဒါ့အပြင်အမျိုးသမီးတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုလည်းတင်းနစ်မယ်နာအိုမီအိုဆာကာကဆွတ်ခူးခဲ့ပါတယ်။

ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံလီဝစ်ဟာမစ်တန်မှာလူမျိုးရေးခွဲခြားမှုတိုက်ဖျက်ရေးတွင်ရှေ့တန်းမှပါဝင်ဆောင်ရွက်မှုများကြောင့် Athlete Advocate of the Year Award ဆွတ်ခူးခဲ့ပြီးအမေရိကန်ရက်ဘီကစားသမားပက်ထရစ်မာဟိုမက်စ်မှာလည်း Breakthrough of the Year Award ဆွတ်ခူးခဲ့ပါတယ်။Laureus World Comback of the Year ဆုကိုကနေဒါရေခဲပြင်စကိတ်ကစားသမားမက်စ်ပါရော့ကဆွတ်ခူးသွာခဲ့ပါတယ်။

 

zawgyi

2021 Laureus World Sports Awards ဘယ္သူေတြဆြတ္ခူး

ဘိုင္ယန္ျမဴးနစ္အသင္းႏွင့္လီဗာပူးစတားမိုဟာမက္ဆာလက္တို႔ဟာ ဆဗီးလ္တြင္က်င္းပတဲ့ 2021 Laureus World Sports Awards တြင္ဆုမ်ားအသီးသီးဆြတ္ခူးႏိုင္ခဲ့ေၾကာင္းသိရပါတယ္။

ဂ်ာမန္ထိပ္သီးဘိုင္ယန္ျမဴးနစ္အသင္းဟာၿပီးခဲ့တဲ့ရာသီတုန္းကခ်န္ပီယံလိဂ္ဖလား၊ဘြန္ဒက္စ္လီဂါႏွင့္ဂ်ာမန္ပိုကယ္ဖလားတို႔ကိုဆြတ္ခူးႏိုင္မႈတို႔ႏွင့္အတူ 2021 Laureus World Sports Awards တြင္တစ္ႏွစ္တာအေကာင္းဆုံးအသင္းဆုကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

လီဗာပူးစတားမိုဟာမက္ဆာလက္ဟာေမြးရပ္ေျမအီဂ်စ္တြင္ပရဟိတလုပ္ငန္းမ်ားလုပ္ေဆာင္မႈႏွင့္အတူဆုဆြတ္ခူးႏိုင္ခဲ့တာျဖစ္ပါတယ္။အသက္၂၈ႏွစ္ရွိမိုဟာမက္ဆာလက္ဟာယခုႏွစ္အေစာပိုင္းတုန္းကကိုဗစ္ကာလအတြင္းတြင္ေမြးရပ္ေျမၿမိဳ႕မွေဆး႐ုံအတြက္ေအာက္ဆီဂ်င္ဗူးမ်ားလႉဒါန္းခဲ့ပါတယ္။

2021 Laureus World Sports Awards ဆုေပးပြဲတြင္တစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုစပိန္တင္းနစ္အေက်ာ္အေမာ္ရာေဖးလ္နာဒယ္ကဆြတ္ခူးသြားခဲ့ပါတယ္။ဒါ့အျပင္အမ်ိဳးသမီးတစ္ႏွစ္တာအေကာင္းဆုံးကစားသမားဆုကိုလည္းတင္းနစ္မယ္နာအိုမီအိုဆာကာကဆြတ္ခူးခဲ့ပါတယ္။

ေဖာ္ျမဴလာဝမ္းကမာၻ႔ခ်န္ပီယံလီဝစ္ဟာမစ္တန္မွာလူမ်ိဳးေရးခြဲျခားမႈတိုက္ဖ်က္ေရးတြင္ေရွ႕တန္းမွပါဝင္ေဆာင္႐ြက္မႈမ်ားေၾကာင့္ Athlete Advocate of the Year Award ဆြတ္ခူးခဲ့ၿပီးအေမရိကန္ရက္ဘီကစားသမားပက္ထရစ္မာဟိုမက္စ္မွာလည္း Breakthrough of the Year Award ဆြတ္ခူးခဲ့ပါတယ္။Laureus World Comback of the Year ဆုကိုကေနဒါေရခဲျပင္စကိတ္ကစားသမားမက္စ္ပါေရာ့ကဆြတ္ခူးသြာခဲ့ပါတယ္။