လိမ္မော်ရောင်တွေ ခြုံလွှမ်းမယ့်ည
သောကြာည ဥရောပဇုန် ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်
လတ်ဗီးယား နှင့် နယ်သာလန် (ည ၁း၁၅)(အိုဇုန်း)
ယိုယွင်းလွန်းတဲ့ခံစစ်ကြောင်းကိုပြင်ဆင်နိုင်ခြင်းမရှိသေးချိန်မှာပဲလတ်ဗီးယားတိုက်စစ်ကဂိုးသွင်းအားသိသိသာသာကျဆင်းလာတယ်။နယ်သာလန်က တော့ဒီပေး၊ ကလက်ဆန်၊ ဝစ်နယ်ဒမ်တို့ခြေစွမ်းပြမှုနဲ့အတူထက်မြက်လွန်းတဲ့တိုက်စစ်စွမ်းရည်ကိုပိုင်ဆိုင်ထားတဲ့အသင်းပါ။
နယ်သာလန်တိုက်စစ်ထိုးဖောက်မှုကိုလတ်ဗီးယားခံစစ်ကြောင်းပွဲချိန်ပြည့်ထိန်းချုပ်ဟန့်တားဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ဘူး။အနိမ့်ဆုံး၃ဂိုးပြတ်နိုင်မယ့် နယ်သာလန်ကိုကြိုက်တယ်။ လိမ္မော်ရောင်တွေခြုံလွှွမ်းမယ့်ညပါ။
zawgyi