”နားစွင့်ကြည့်လိုက်စမ်း သိန်းငှက်တွေအော်နေတယ်”

ကြာသပတေးည ကိုပါအီတာလီယာဖလား ၁၆သင်းအဆင့် ပွဲကြိုသုံးသပ်ချက်

လာဇီယို နှင့် ပါးမား (ည ၂:၄၅)(အိုဇုန်း)

စီးရီးအေအသင်းအချင်းချင်းတွေ့ဆုံမှုဖြစ်ပါတယ်။ လာဇီယိုဟာလက်ရှိစီးရီးအေမှာခြေစွာနေပေမယ့်ပါးမားကတော့တန်းဆင်းဇုန်ထဲရုန်းကန်နေရတဲ့အသင်းပါ။အင်မိုဘိုင်း၊ ကိုင်စီဒိုတို့ရဲ့ လာဇီယိုတိုက်စစ်ကဂိုးသွင်းအားကြောက်စရာကောင်းလောက်အောင်ထက်မြက်နေပြီးခံစစ်ကလည်းမာကျောလုံခြုံနေပါတယ်။

ပါးမားကတော့တိုက်စစ်မှာဘယ်သူ့ကိုအားကိုးလို့ကိုးရမှန်းမသိဖြစ်နေပြီး ကွင်းလယ်ကအမှားများ၊ နောက်တန်းကလည်းစိတ်ပျက်စရာကောင်းအောင် ယိုယွင်းလွန်းတဲ့အသင်းပါ။ဒါကြောင့်နှစ်သင်းကြားခြေစွမ်းအရမ်းကွာခြားလွန်းတဲ့ပြိုင်ဘက်နှစ်သင်းထိပ်တိုက်ရင်ဆိုင်မှုလို့ဆိုရမယ်။

အိမ်ရှင်လည်းဖြစ်နေတဲ့လာဇီယိုအနေနဲ့ ပွဲစတယ်ဆိုကတည်းကပါးမားခံစစ်ပြိုလဲအောင်အဆက်မပြတ်ဖိအားပေးတိုက်စစ်ဆင်မှာပါ။တစ်ဂိုးတည်းကပ်နိုင်ရင် ၂၅ နစ်နာရမယ်လို့အကျောပေးထားပေမယ့်လည်းဂိုးပြတ်နိုင်မယ်လို့ ယူဆတာကြောင့်သိန်းငှက်အမည်ရလာဇီယိုကို အားပေးရမယ်။နားစွင့်ကြည့်လိုက်စမ်းပါသိန်းငှက်တွေအော်နေတယ်။

zawgyi




