”အီတလီသိန်းငှက်တွေ အမြင့်ပျံကိုပျံမှာ”

အင်္ဂါည အီတလီစီးရီးအေ ပွဲစဉ်-၂၅ ပွဲကြိုသုံးသပ်ချက်

လာဇီယို နှင့် တိုရီနို (ည ၁၂:၀၀)(မြန်မာပြည်ဂုရု)

လာဇီယိုရဲ့စီးရီးအေအိမ်ကွင်းနောက်ဆုံး ၇ပွဲဆက်တိုက်ဂိုးပေါင်းမဂဏန်းတွေချည်းပဲရလဒ်ထွက်ပေါ်ထားခဲ့တယ်။ ဒီအတွက်ကလန်ဒါကျအရဂိုးပေါင်းစုံကို ငွေဆတိုးလိုက်နေသူတွေအများကြီးပါပဲ။

အခုမှလိုက်မယ့်သူတွေအနေနဲ့ကတော့လာဇီယိုရဲ့ပွဲတိုင်းကိုဂိုးပေါင်းစုံဘက်ကနေကြားဖြတ်လိုက်ပုံအောဖို့ အခွင့်အရေးရှိနေပါတယ်။ခြေစွမ်းကိုကြည့်မယ်ဆိုရင်တော့လာဇီယိုဟာလက်ရှိစီးရီးအေနောက်ဆုံး ၃ပွဲမှာရှုံးပွဲ ၂ပွဲရှိထားလို့အထင်သေးချင်စရာပါ။

ဒါပေမဲ့လာဇီယိုရဲ့အိမ်ကွင်းခြေစွမ်းကမာကျောထက်မြက်လွန်းလှပါတယ်။ အက်စ်ကလန်တီပွဲပယ်ခံရပေမယ့်လူအင်အားတောင့်တင်းလို့ လာဇီယိုကွင်းလယ်ကအားပျော့သွားမှာမဟုတ်ပါဘူး။အင်မိုဘိုင်းဦးဆောင်တဲ့လာဇီယိုတိုက်စစ်ထက်မြက်ပြီး ခံစစ်ကြောင်းကလည်းအိမ်ကွင်းဆိုရင်လုံခြုံမှုရှိပါတယ်။

တိုရီနိုကတော့တိုက်စစ်အားမဆိုးလှပေမယ့်အဝေးကွင်းညံ့လို့ လာဇီယိုခံစစ်ကိုထိုးဖောက်ဖို့ ရုန်းကန်ရမှာပါ။ဒါ့အပြင်တိုရီနိုခံစစ်ကြောင်းကလည်း အမှားများလို့ လာဇီယိုတိုက်စစ်ကိုထိန်းချု့်ဖို့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။အိမ်ရှင်ဖြစ်ပြီးခြေစွမ်းသာလွန်တဲ့ လာဇီယိုရဲ့အနိုင်ရလဒ်ကပြတ်ပြတ်သားသားဖြစ်သွားစေရပါမယ်။ အီတလီသိန်းငှက်တွေအမြင့်ပျံကိုပျံမှာပါ။

zawgyi




