ပရီးမီးယားလိဂ်ကလပ်လိဒ်ယူနိုက်တက်ဟာအက်ခရင်တန်စတန်လေကို အဝေးကွင်းတွင်အက်ဖ်အေဖလားစတုတ္ထအဆင့်နိုင်ပွဲရယူပြီးနောက်အဝတ် အစားလဲခန်းကိုဖုန်တစ်စက်မျှမကျန်အောင်သန့်ရှင်းရေးလုပ်ပေးခဲ့မှုအတွက်ချီးကျူးခံနေရပါတယ်။

ယော့ခ်ရှိုင်းယားအခြေစိုက်ကလပ်ဟာအက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အဖြစ် လိဂ် ၁ ကလပ်ကို Wham Stadium သို့သွားရောက်ရင်ဆိုင်ခဲ့ရပါတယ်။

လိဒ်ယူနိုက်တက်ဟာဂျက်ဟာရစ်ဆင်၊ဂျူနီယာဖာပိုနှင့်လူးဝစ်ဆီနီစတာရာတို့ရဲ့ဂိုးများဖြင့်အက်ခရင်တန်ကို၃-၁ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။အက်ခရင်တန်အတွက်နှစ်သိမ့်ဂိုးကို၈၁မိနစ်မှာလက်စ်လေအဒီကိုယာကသွင်းယူခဲ့တာဖြစ်ပါတယ်။

ဒါပေမဲ့ပွဲအပြီးတွင်လိဒ်အသင်းဟာအားကစားစိတ်ဓာတ်အပြည့်အဝရှိကြောင်းကိုအဝတ်အစားလဲခန်းအားသန့်ရှင်းရေးလုပ်ပြီးမှထွက်ခွာသွားခဲ့ပါတယ်။
အဆိုပါပွဲစဉ်တွင်လိဒ်ပရိသတ်တစ်ဦးဟာကွင်းအတွင်းသိ့ပြေးဝင်ပြီး ဂိုးအောင်ပွဲခံမှုပြုလုပ်ခဲ့ပါသေးတယ်။

ZawGyi
အက်ခရင်တန်ကို အဝေးကွင်းတွင် နိုင်ပွဲရပြီးနောက် အဝတ်အစားလဲခန်းကို သန့်ရှင်းရေးလုပ်ပေးသွားမှုကြောင့် ချီးကျူးခံနေရတဲ့ လိဒ်