လက်စတာရဲ့ဂိုးပြတ်နိုင်ပွဲကို မြင်ရမယ်

ကြာသပတေးည ယူရိုပါလိဂ်အုပ်စုပွဲစဉ်-၅ ပွဲကြိုသုံးသပ်ချက်

လက်စတာ နှင့် လီဂီယာဝါဆော(ည ၂း၃၀)(မော်ကွန်း)

နောက်ဆုံး ၄ ပွဲဆက်နိုင်ပွဲပျောက်ထားတဲ့လက်စတာဟာယူရိုပါလိဂ်မှာလည်းအုပ်စုတတိယနေရာရောက်နေတာပါ။လီဂီယာဝါဆောကတော့အဲဒီအုပ်စုမှာ လက်စတာထက်တစ်မှတ်အသာဒုတိယနေရာရပ်တည်နေတာပါ။

ဒါပေမဲ့လီဂီယာဝါဆောဟာပြိုင်ပွဲအရပ်ရပ်နောက်ဆုံးအဝေးကွင်း ၅ ပွဲမှာ ၄ ပွဲရှုံးထားကာအဲဒီ ၄ ပွဲမှာ အနိမ့်ဆုံး၃ဂိုးနှုန်းလည်းပေးခဲ့ရပါတယ်။ချဲလ်ဆီးအရှုံးကနေ ရုန်းထမယ့်လက်စတာရဲ့ဂိုးပြတ်နိုင်ပွဲကို မြင်ရမယ်။

zawgyi




