ဖောင်ဖျက်သွင်းဂိုးတွေနဲ့ ဖျော်ဖြေမှုဆန်မယ့် ကင်းပါဝါဇာတ်ခုံ

ကြာသပတေးည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၂ ပွဲကြိုသုံးသပ်ချက်

လက်စတာ နှင့် လိဒ်(ည ၁း၄၅)(စိုင်းကိုတောင်ကြီး)

ပြီးခဲ့တဲ့အင်္ဂါညမှာနော်တင်ဟမ်ရဲ့သရေပွဲကြောင့်မြေခွေးတွေဟာသူတို့ရဲ့မူလနေရာမှန် ဇယားအောက်ခြေကိုပြန်ရောက်သွားတယ်။ရော်ဂျာရဲ့အသင်းဟာရှားရှားပါးပါးအနေနဲ့ ဒီရာသီမှာတစ်ပွဲသာနိုင်သေးတာပါ။နောက်ဆုံကန်ခဲ့တဲ့အာဆင်နယ်နဲ့ပွဲမှာကံဆိုးခဲ့ရတဲ့အဖြူရောင်တပ်ဖွဲ့ကလည်းပြီးခဲ့တဲ့သြဂုတ်ကတည်းကပရီးမီးယားလိဂ်မှာနိုင်ပွဲဆိုတာဂျိုနဲ့လားလို့ မေးနေရတယ်။

လိဒ်ကလည်းသိပ်တော့မထူးလှဘဲလက်စတာနဲ့ဆို ၄ မှတ်၊ တန်းဆင်းဇုန်နဲ့ဆို ၁ မှတ်သာကွာတာပါ။နှစ်သင်းစလုံးအတွက်နိုင်ပွဲလိုအပ်ချက်ကကြီးမားနေတာကြောင့်ဖောင်ဖျက်ကစားကြရမယ့်ပွဲမျိုးဖြစ်နေတယ်။ကင်းပါဝါမှာအရေးပေါ်သွင်းဂိုးတွေနဲ့ ရင်သိမ့်တုန်ဇာတ်လမ်းတစ်ပုဒ်ရှိနေတာပါ။

zawgyi

ေဖာင္ဖ်က္သြင္းဂိုးေတြနဲ႔ ေဖ်ာ္ေျဖမႈဆန္မယ့္ ကင္းပါဝါဇာတ္ခုံ

ၾကာသပေတးည အဂၤလန္ပရီးမီးယားလိဂ္ပြဲစဥ္-၁၂ ပြဲႀကိဳသုံးသပ္ခ်က္

လက္စတာ ႏွင့္ လိဒ္(ည ၁း၄၅)(စိုင္းကိုေတာင္ႀကီး)

ၿပီးခဲ့တဲ့အဂၤါညမွာ ေနာ္တင္ဟမ္ရဲ႕သေရပြဲေၾကာင့္ ေျမေခြးေတြဟာ သူတို႔ရဲ႕မူလေနရာမွန္ ဇယားေအာက္ေျခကို ျပန္ေရာက္သြားတယ္။ေရာ္ဂ်ာရဲ႕အသင္းဟာ ရွားရွားပါးပါးအေနနဲ႔ ဒီရာသီမွာ တစ္ပြဲသာႏိုင္ေသးတာပါ။ေနာက္ဆုံကန္ခဲ့တဲ့ အာဆင္နယ္နဲ႔ပြဲမွာ ကံဆိုးခဲ့ရတဲ့ အျဖဴေရာင္တပ္ဖြဲ႕ကလည္း ၿပီးခဲ့တဲ့့ၾသဂုတ္ကတည္းက ပရီးမီးယားလိဂ္မွာ ႏိုင္ပြဲဆိုတာ ဂ်ိဳနဲ႔လားလို႔ ေမးေနရတယ္။

လိဒ္ကလည္း သိပ္ေတာ့မထူးလွဘဲ လက္စတာနဲ႔ဆို ၄ မွတ္၊ တန္းဆင္းဇုန္နဲ႔ဆို ၁ မွတ္သာကြာတာပါ။ႏွစ္သင္းစလုံးအတြက္ ႏိုင္ပြဲလိုအပ္ခ်က္က ႀကီးမားေနတာေၾကာင့္ ေဖာင္ဖ်က္ကစားၾကရမယ့္ပြဲမ်ိဳးျဖစ္ေနတယ္။ကင္းပါဝါမွာ အေရးေပၚသြင္းဂိုးေတြနဲ႔ ရင္သိမ့္တုန္ဇာတ္လမ္းတစ္ပုဒ္ရွိေနတာပါ။