သရေနဲ့ ပွဲပြီးနိုင်

စနေနေ့ ပရီးမီးယားလိဂ်ပွဲစဉ် (၁၀) ပွဲကြိုသုံးသပ်ချက်

လက်စတာစီးတီး နှင့် အာဆင်နယ် (ည ၆း၀၀)(စိုင်းကို တောင်ကြီး)

လက်စတာစီးတီးမှာနောက်ခံလူဆိုယွန်ကူပါနိုင်ဖို့ မလွယ်တာကြောင့်အရင်ကထက်ခံစစ်ပိုအားနည်းသွားနိုင်ပါတယ်။လက်စတာဟာကြားရက်ကဘရိုက်တန်နဲ့ လိဂ်ဖလားပွဲအပါအဝင်နောက်ဆုံး ၅ပွဲမှာ၁၀ဂိုးအထိပေးခဲ့ရပါတယ်။အမာတေးကို 3 backs မှာ ဆင်းကစားခိုင်းခဲ့ပေမယ့်လက်စတာရဲ့ပေးဂိုးတွေကမရပ်တန့်သွားပါဘူး။

အာဆင်နယ်ခံစစ်ကလည်းစိတ်ချရတဲ့အဆင့်မှာမရှိသေးဘူးလို့ ဆိုရပါမယ်။ ပရီးမီးယားလိဂ်နောက်ဆုံး ၄ပွဲမှာဘရိုက်တန်နဲ့ တစ်ပွဲပဲ clean-sheet ရပါသေးတယ်။၂သင်းစလုံးခံစစ်အားနည်းတာကြောင့်ဂိုးအပြန်အလှန်သွင်းပြီးတစ်ဂိုးစီသရေနဲ့ ပွဲပြီးနိုင်ပါတယ်။

zawgyi

သရေနဲ့ ပွဲပြီးနိုင်



