အက်ဖ်အေဖလားချန်ပီယံ လက်စတာ ဆုကြေးငွေဘယ်လောက်ရရှိသလဲ

လက်စတာဟာဝင်ဘာလေကွင်းမှာကစားတဲ့အက်ဖ်အေဖလားဗိုလ်လုပွဲမှာချဲလ်ဆီးကို၁-၀ဂိုးဖြင့်အနိုင်ရရှိပြီးချန်ပီယံဖြစ်သွားခဲ့ပါတယ်။

ပရိသတ်၂၁၀၀၀လာရောက်ကြည့်ရှုခွင့်ရရှိခဲ့တဲ့အက်ဖ်အေဖလားဗိုလ်လုပွဲမှာလက်စတာအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုဒုတိယပိုင်းမှာဘယ်လ်ဂျီယံကစားသမားယူရီတေလီမန်းကသွင်းယူသွားခဲ့တာဖြစ်ပါတယ်။

လက်စတာအသင်းဟာကလပ်သမိုင်းတစ်လျှောက်ပထမဆုံးအကြိမ်အဖြစ်အက်ဖ်အေဖလားကိုဆွတ်ခူးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အက်ဖ်အေဟာအက်ဖ်အေဖလားပြိုင်ပွဲကိုဝင်ရောက်ယှဉ်ပြိုင်တဲ့အသင်းပေါင်း၁၈၈သင်းကိုဆုကြေးငွေပေါင်၁၅.၉သန်းပေးခဲ့ပါတယ်။ပြိုင်ပွဲဝင်အသင်းများဟာတစ်ဆင့်တက်တိုင်းဆုကြေးငွေတိုးမြှင့်ရရှိခဲ့ကြတာလည်းဖြစ်ပါတယ်။

The Mirror ရဲ့ဖော်ပြချက်အရ အက်ဖ်အေဖလားချန်ပီယံဖြစ်ခဲ့တဲ့ ဘရန်ဒန်ရော်ဂျာရဲ့လက်စတာဟာဆုကြေးငွေစုစုပေါင်းပေါင်၃.၄သန်းအထိရရှိခဲ့ပါတယ်။လက်စတာဟာချန်ပီယံဆုအတွက်ဆုကြေးငွေ ပေါင်၁.၈သန်းရခဲ့တာဖြစ်ပြီးကျန်ငွေများကကျန်အဆင့်များမှရရှိခဲ့တာပါ။

ဗိုလ်လုပွဲမှာလက်စတာကိုရှုံးနိမ့်ပြီးဒုတိယဖြင့်သာကျေနပ်ခဲ့ရတဲ့သောမတ်စ်တူချယ်ရဲ့ချဲလ်ဆီးအသင်းကတော့ဗိုလ်လုပွဲသို့တက်ရောက်မှုအတွက်ပေါင်၉သိန်းရရှိခဲ့ပြီးဆုကြေးငွေစုစုပေါင်းပေါင်၂.၄သန်းရရှိခဲ့ပါတယ်။

zawgyi

အက္ဖ္ေအဖလားခ်န္ပီယံ လက္စတာ ဆုေၾကးေငြဘယ္ေလာက္ရရွိသလဲ

လက္စတာဟာဝင္ဘာေလကြင္းမွာကစားတဲ့အက္ဖ္ေအဖလားဗိုလ္လုပြဲမွာခ်ဲလ္ဆီးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိၿပီးခ်န္ပီယံျဖစ္သြားခဲ့ပါတယ္။

ပရိသတ္၂၁၀၀၀လာေရာက္ၾကည့္ရႈခြင့္ရရွိခဲ့တဲ့အက္ဖ္ေအဖလားဗိုလ္လုပြဲမွာလက္စတာအတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုဒုတိယပိုင္းမွာဘယ္လ္ဂ်ီယံကစားသမားယူရီေတလီမန္းကသြင္းယူသြားခဲ့တာျဖစ္ပါတယ္။

လက္စတာအသင္းဟာကလပ္သမိုင္းတစ္ေလွ်ာက္ပထမဆုံးအႀကိမ္အျဖစ္အက္ဖ္ေအဖလားကိုဆြတ္ခူးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။

အက္ဖ္ေအဟာအက္ဖ္ေအဖလားၿပိဳင္ပြဲကိုဝင္ေရာက္ယွဥ္ၿပိဳင္တဲ့အသင္းေပါင္း၁၈၈သင္းကိုဆုေၾကးေငြေပါင္၁၅.၉သန္းေပးခဲ့ပါတယ္။ၿပိဳင္ပြဲဝင္အသင္းမ်ားဟာတစ္ဆင့္တက္တိုင္းဆုေၾကးေငြတိုးျမႇင့္ရရွိခဲ့ၾကတာလည္းျဖစ္ပါတယ္။

The Mirror ရဲ႕ေဖာ္ျပခ်က္အရ အက္ဖ္ေအဖလားခ်န္ပီယံျဖစ္ခဲ့တဲ့ ဘရန္ဒန္ေရာ္ဂ်ာရဲ႕လက္စတာဟာဆုေၾကးေငြစုစုေပါင္းေပါင္၃.၄သန္းအထိရရွိခဲ့ပါတယ္။လက္စတာဟာခ်န္ပီယံဆုအတြက္ဆုေၾကးေငြ ေပါင္၁.၈သန္းရခဲ့တာျဖစ္ၿပီးက်န္ေငြမ်ားကက်န္အဆင့္မ်ားမွရရွိခဲ့တာပါ။

ဗိုလ္လုပြဲမွာလက္စတာကိုရႈံးနိမ့္ၿပီးဒုတိယျဖင့္သာေက်နပ္ခဲ့ရတဲ့ေသာမတ္စ္တူခ်ယ္ရဲ႕ခ်ဲလ္ဆီးအသင္းကေတာ့ဗိုလ္လုပြဲသို႔တက္ေရာက္မႈအတြက္ေပါင္၉သိန္းရရွိခဲ့ၿပီးဆုေၾကးေငြစုစုေပါင္းေပါင္၂.၄သန္းရရွိခဲ့ပါတယ္။