မြေခွေးအူသံကျယ်မယ့်ည

တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၂၁ ပွဲကြိုသုံးသပ်ချက်

လက်စတာ နှင့် လိဒ် (ည ၈:၃၀)(အိုဇုန်း)

နောက်ဆုံးပွဲမှာနယူးကာဆယ်ကိုအနိုင်ယူပြီးရှုံးပွဲဆက်နေမှုကို ရပ်တန့်လိုက်နိုင်ပေမယ့်လိဒ်အပေါ်ယုံချင်စရာမကောင်းသေးပါဘူး။ ပြိုင်ဘက်ညံ့လွန်းလို့ နိုင်ပွဲရှာတွေ့တာပါ။

အခုရင်ဆိုင်ရမှာကခြေစွာလွန်းနေတဲ့ လက်စတာဖြစ်လို့ လိဒ်ခံကစားဖို့ခက်ခဲပါလိမ့်မယ်။ဗာဒီနာနေလို့ လက်စတာတိုက်စစ်အနည်းငယ်အားပျော့နိုင်ပေမယ့်ဂိုးသွင်းနိုင်သူတွေရှိနေသေးလို့အမှားများတဲ့လိဒ်ခံစစ်ကို ထိုးဖောက်နိုင်မှာပါ။

ဒီပွဲမှာလက်စတာကတစ်ဂိုးနိုင်ရင်၇၀ရမယ်လို့အကျောပေးထားပါတယ်။ အိမ်ရှင်ဖြစ်၊ လူအင်အားနဲ့ခြေစွမ်းသာတဲ့လက်စတာနိုင်ကိုနိုင်မှာပါ။ မြေခွေးအူသံကျယ်မယ့်ညဖြစ်တယ်။

zawgyi




