လက်စတာကနေ ထွက်ခွာလုနီးပါးဖြစ်ခဲ့တဲ့ ဂျေမီဗာဒီ

ဂျေမီဗာဒီဟာပရော်ဖက်ရှင်နယ်ဘောလုံးသမားဘဝမှအနားယူကာအိုင်ဘီဇာမှာပါတီပွဲစီစဉ်သူအဖြစ်အလုပ်လုပ်လုနီးပါးအနေအထားမျိုးမှာရှိခဲ့ပါတယ်။ဒါပေမယ့်ဂျေမီဗာဒီဟာလက်စတာအသင်းတာဝန်ရှိသူများရဲ့ဖျောင်းဖျကောင်းလို့ဘောလုံးဆက်ကစားခဲ့တာလည်းဖြစ်ပါတယ်။

အသက်၃၄နှစ်ရှိအင်္ဂလန်တိုက်စစ်မှူးဟာယခုရာသီမှာလက်စတာအတွက်၁၅ဂိုးသွင်းယူထားပြီးပြီးခဲ့တဲ့နှစ်များအတွင်းတွင်ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးတိုက်စစ်မှူးစာရင်းဝင်အဖြစ်ရပ်တည်လာခဲ့သူလည်းဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကပရီးမီးယားလိဂ်မှာ၂၃ဂိုးသွင်းယူပြီးကစားသမားဘဝတစ်လျှောက်ပထမဆုံးရွှေဖိနပ်ဆုကိုဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါပေမယ့်သူ့ရဲ့ပထမဆုံးလက်စတာမှာကစားတဲ့နှစ်မှာတော့အခုလိုဖြစ်လာမယ်လို့သူကိုယ်တိုင်လုံးဝမထင်မှတ်ခဲ့ပါဘူး။အဲဒီတုန်းကလက်စတာဟာဗာဒီကို အပျော်တမ်းလိဂ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၁သန်းပေးပြီး Fleetwood Town ထံမှခေါ်ယူခဲ့တာပါ။ဗာဒီဟာလက်စတာမှာကြီးမားတဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပြီးကစားသမားဘဝမှအနားယူပြီးအခြားဘဝတစ်ခုကိုရွေးချယ်ဖို့လုပ်ဆောင်ခဲ့ပါတယ်။

ဗာဒီဟာလက်စတာအတွက်ပထမဆုံးကစားတဲ့ရာသီမှာချန်ပီယံရှစ်မှာ၅ဂိုးတည်းသာသွင်းယူနိုင်ခဲ့ပါတယ်။သူဟာဘောလုံးကွင်းမှာရုန်းကန်ရမှုနဲ့အတူဘောလုံးလောကမှထွက်ခွာပြီးအခြားဘဝတစ်ခုကိုစတင်ဖို့သင့်ပြီလို့ယုံကြည်ခဲ့ပါတယ်။

သူဟာဘောလုံးသမားဘဝကိုစွန့်လွှတ်ပြီးအိုင်ဘီဇာကမ်းခြေမှာဘဝသို့စတင်ဖို့စီစဉ်ခဲ့ပါတယ်။သူဟာအိုင်ဘီဇာသို့ပြောင်းပြီးယင်းမှာပါတီပွဲစီစဉ်သူအဖြစ်အလုပ်လုပ်ဖို့စဉ်းစားခဲ့ပါတယ်။

ယင်းနှင့်ပတ်သက်ပြီးဂျေမီဗာဒီက “အဲဒီတုန်းကအိုင်ဘီဇာသို့ပြောင်းတာကတော့စိတ်ကူးကောင်းတစ်ခုပါ။အရမ်းမိုက်တဲ့အစီအစဉ်လို့ထင်တယ်။ဒါပေမယ့်မလုပ်ဖြစ်လိုက်တဲ့အတွက်ဘုရားသခင်ကိုကျေးဇူးတင်ပါတယ်။အဲဒီတုန်းကဟာကျွန်တော်ဟာချန်ပီယံရှစ်မှာတစ်ခါမှမကစားဖူးဘူး။ရုန်းကန်ရတယ်။ပတ်ဝန်းကျင်ကလည်းအသစ်ဖြစ်တယ်။ဒီတော့ဂိုးကလည်းရောက်မလာတော့ပါဘူး။ဒီတော့အခြားတစ်ခုပြောင်းလုပ်ဖို့စဉ်းစားလာရတော့တာပဲ။နီဂယ်ပီယာဆင်နဲ့စကားပြောဖြစ်တယ်။ကျွန်တော်ဟာ Fleetwood Town သို့အငှားနဲ့ပြန်ပြောင်းဖို့ကြိုးပမ်းခဲ့တယ်။ဒါပေမယ့်သူကမင်းခြေစွမ်းကောင်းတယ်။ဒီထက်ပိုကောင်းတဲ့အဆင့်မျိုးမှာတောင်ကစားနိုင်သေးတယ်လို့ပြောပါတယ်”လို့ပြောပါတယ်။

zawgyi

လက္စတာကေန ထြက္ခြာလုနီးပါးျဖစ္ခဲ့တဲ့ ေဂ်မီဗာဒီ

ေဂ်မီဗာဒီဟာပေရာ္ဖက္ရွင္နယ္ေဘာလုံးသမားဘဝမွအနားယူကာအိုင္ဘီဇာမွာပါတီပြဲစီစဥ္သူအျဖစ္အလုပ္လုပ္လုနီးပါးအေနအထားမ်ိဳးမွာရွိခဲ့ပါတယ္။ဒါေပမယ့္ေဂ်မီဗာဒီဟာလက္စတာအသင္းတာဝန္ရွိသူမ်ားရဲ႕ေဖ်ာင္းဖ်ေကာင္းလို႔ေဘာလုံးဆက္ကစားခဲ့တာလည္းျဖစ္ပါတယ္။

အသက္၃၄ႏွစ္ရွိအဂၤလန္တိုက္စစ္မႉးဟာယခုရာသီမွာလက္စတာအတြက္၁၅ဂိုးသြင္းယူထားၿပီးၿပီးခဲ့တဲ့ႏွစ္မ်ားအတြင္းတြင္ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးတိုက္စစ္မႉးစာရင္းဝင္အျဖစ္ရပ္တည္လာခဲ့သူလည္းျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကပရီးမီးယားလိဂ္မွာ၂၃ဂိုးသြင္းယူၿပီးကစားသမားဘဝတစ္ေလွ်ာက္ပထမဆုံးေ႐ႊဖိနပ္ဆုကိုဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္သူ႔ရဲ႕ပထမဆုံးလက္စတာမွာကစားတဲ့ႏွစ္မွာေတာ့အခုလိုျဖစ္လာမယ္လို႔သူကိုယ္တိုင္လုံးဝမထင္မွတ္ခဲ့ပါဘူး။အဲဒီတုန္းကလက္စတာဟာဗာဒီကို အေပ်ာ္တမ္းလိဂ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁သန္းေပးၿပီး Fleetwood Town ထံမွေခၚယူခဲ့တာပါ။ဗာဒီဟာလက္စတာမွာႀကီးမားတဲ့အခက္အခဲေတြနဲ႔ရင္ဆိုင္ခဲ့ရၿပီးကစားသမားဘဝမွအနားယူၿပီးအျခားဘဝတစ္ခုကိုေ႐ြးခ်ယ္ဖို႔လုပ္ေဆာင္ခဲ့ပါတယ္။

ဗာဒီဟာလက္စတာအတြက္ပထမဆုံးကစားတဲ့ရာသီမွာခ်န္ပီယံရွစ္မွာ၅ဂိုးတည္းသာသြင္းယူႏိုင္ခဲ့ပါတယ္။သူဟာေဘာလုံးကြင္းမွာ႐ုန္းကန္ရမႈနဲ႔အတူေဘာလုံးေလာကမွထြက္ခြာၿပီးအျခားဘဝတစ္ခုကိုစတင္ဖို႔သင့္ၿပီလို႔ယုံၾကည္ခဲ့ပါတယ္။

သူဟာေဘာလုံးသမားဘဝကိုစြန႔္လႊတ္ၿပီးအိုင္ဘီဇာကမ္းေျခမွာဘဝသို႔စတင္ဖို႔စီစဥ္ခဲ့ပါတယ္။သူဟာအိုင္ဘီဇာသို႔ေျပာင္းၿပီးယင္းမွာပါတီပြဲစီစဥ္သူအျဖစ္အလုပ္လုပ္ဖို႔စဥ္းစားခဲ့ပါတယ္။

ယင္းႏွင့္ပတ္သက္ၿပီးေဂ်မီဗာဒီက “အဲဒီတုန္းကအိုင္ဘီဇာသို႔ေျပာင္းတာကေတာ့စိတ္ကူးေကာင္းတစ္ခုပါ။အရမ္းမိုက္တဲ့အစီအစဥ္လို႔ထင္တယ္။ဒါေပမယ့္မလုပ္ျဖစ္လိုက္တဲ့အတြက္ဘုရားသခင္ကိုေက်းဇူးတင္ပါတယ္။အဲဒီတုန္းကဟာကြၽန္ေတာ္ဟာခ်န္ပီယံရွစ္မွာတစ္ခါမွမကစားဖူးဘူး။႐ုန္းကန္ရတယ္။ပတ္ဝန္းက်င္ကလည္းအသစ္ျဖစ္တယ္။ဒီေတာ့ဂိုးကလည္းေရာက္မလာေတာ့ပါဘူး။ဒီေတာ့အျခားတစ္ခုေျပာင္းလုပ္ဖို႔စဥ္းစားလာရေတာ့တာပဲ။နီဂယ္ပီယာဆင္နဲ႔စကားေျပာျဖစ္တယ္။ကြၽန္ေတာ္ဟာ Fleetwood Town သို႔အငွားနဲ႔ျပန္ေျပာင္းဖို႔ႀကိဳးပမ္းခဲ့တယ္။ဒါေပမယ့္သူကမင္းေျခစြမ္းေကာင္းတယ္။ဒီထက္ပိုေကာင္းတဲ့အဆင့္မ်ိဳးမွာေတာင္ကစားႏိုင္ေသးတယ္လို႔ေျပာပါတယ္”လို႔ေျပာပါတယ္။