
ဂျက်စီမတ်ရှ်ဟာလိဒ်ယူနိုက်တက်ကိုကိုင်တွယ်တာတစ်နှစ်မပြည့်ခင်မှာဘဲရာထူးမှထုတ်ပယ်ခြင်းခံလိုက်ရပြီဖြစ်ပါတယ်။
လိဒ်ယူနိုက်တက်ဟာတနင်္ဂနွေနေ့တုန်းကနော်တင်ဟမ်ဖောရက်စ်ကို၁-၀ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်၇ပွဲဆက်နိုင်ပွဲပျောက်နေခဲ့ပါတယ်။
အသင်းဟာအဆင့်၁၇နေရာမှာရပ်တည်နေပြီးဂိုးကွာခြားချက်ဖြင့်သာတန်းဆင်းဇုန်အပေါ်မှာရပ်တည်နေတာဖြစ်ပါတယ်။၎င်းတို့ဟာနိုဝင်ဘာလ၅ရက်နေ့ကတည်းကနိုင်ပွဲပျောက်လာခဲ့တာလည်းဖြစ်ပါတယ်။
လိဒ်ဟာဂျက်စီမတ်ရှ်ရဲ့နည်းပြအဖွဲ့ဝင်များဖြစ်ကြတဲ့ရီနီမာရစ်၊ကင်မရွန်းတိုရှစ်ခ်၊ပီယာရီဘာရီရူတို့ကိုလည်းထုတ်ပယ်ခဲ့ပါတယ်။
လိဒ်ယူနိုက်တက်ဟာဗုဒ္ဓဟူးနေ့တွင်အိုးထရက်ဖို့ဒ်သို့သွားရောက်ကာရင်ဆိုင်ရမှာဖြစ်ပြီးတနင်္ဂနွေနေ့မှာ Elland Road မှာပြန်လည်ဧည့်ခံကစားရပါမယ်။
လိဒ်ယူနိုက်တက်ဟာပြီးခဲ့တဲ့အပတ်တုန်းကလက်ထောက်နည်းပြများအဖြစ်ခန့်အပ်ခဲ့တဲ့မိုက်ကယ်စကူဘာလာ၊ပါကိုဂယ်လာဒို၊ခရစ်အာမက်စ်တို့အားယာယီနည်းပြအဖြစ်ခန့်အပ်ထားပါတယ်။
မတ်ရှ်ဟာယခုရာသီတွင်လိဒ်ကိုပရီးမီးယားလိဂ်ပွဲ၂၀ကိုင်တွယ်ခဲ့ရာမှာ၄ပွဲတည်းသာနိုင်ပွဲရယူပေးနိုင်ခဲ့ပြီး၆ပွဲသရေကျကာ၁၀ပွဲရှုံးနိမ့်ခဲ့ပါတယ်။
ZawGyi
ရလဒ္ဆိုး႐ြားမႈေၾကာင့္ ဂ်က္စီမတ္ရွ္ကို လိဒ္ယူႏိုက္တက္ထုတ္ပယ္
ဂ်က္စီမတ္ရွ္ဟာလိဒ္ယူႏိုက္တက္ကိုကိုင္တြယ္တာတစ္ႏွစ္မျပည့္ခင္မွာဘဲရာထူးမွထုတ္ပယ္ျခင္းခံလိုက္ရၿပီျဖစ္ပါတယ္။
လိဒ္ယူႏိုက္တက္ဟာတနဂၤေႏြေန႔တုန္းကေနာ္တင္ဟမ္ေဖာရက္စ္ကို၁-၀ဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္ ပရီးမီးယားလိဂ္၇ပြဲဆက္ႏိုင္ပြဲေပ်ာက္ေနခဲ့ပါတယ္။
အသင္းဟာအဆင့္၁၇ေနရာမွာရပ္တည္ေနၿပီးဂိုးကြာျခားခ်က္ျဖင့္သာတန္းဆင္းဇုန္အေပၚမွာရပ္တည္ေနတာျဖစ္ပါတယ္။၎တို႔ဟာႏိုဝင္ဘာလ၅ရက္ေန႔ကတည္းကႏိုင္ပြဲေပ်ာက္လာခဲ့တာလည္းျဖစ္ပါတယ္။
လိဒ္ဟာဂ်က္စီမတ္ရွ္ရဲ႕နည္းျပအဖြဲ႕ဝင္မ်ားျဖစ္ၾကတဲ့ရီနီမာရစ္၊ကင္မ႐ြန္းတိုရွစ္ခ္၊ပီယာရီဘာရီ႐ူတို႔ကိုလည္းထုတ္ပယ္ခဲ့ပါတယ္။
လိဒ္ယူႏိုက္တက္ဟာဗုဒၶဟူးေန႔တြင္အိုးထရက္ဖို႔ဒ္သို႔သြားေရာက္ကာရင္ဆိုင္ရမွာျဖစ္ၿပီးတနဂၤေႏြေန႔မွာ Elland Road မွာျပန္လည္ဧည့္ခံကစားရပါမယ္။
လိဒ္ယူႏိုက္တက္ဟာၿပီးခဲ့တဲ့အပတ္တုန္းကလက္ေထာက္နည္းျပမ်ားအျဖစ္ခန႔္အပ္ခဲ့တဲ့ မိုက္ကယ္စကူဘာလာ၊ပါကိုဂယ္လာဒို၊ခရစ္အာမက္စ္တို႔အားယာယီနည္းျပအျဖစ္ခန႔္အပ္ထားပါတယ္။
မတ္ရွ္ဟာယခုရာသီတြင္လိဒ္ကိုပရီးမီးယားလိဂ္ပြဲ၂၀ကိုင္တြယ္ခဲ့ရာမွာ၄ပြဲတည္းသာႏိုင္ပြဲရယူေပးႏိုင္ခဲ့ၿပီး၆ပြဲသေရက်ကာ၁၀ပြဲရႈံးနိမ့္ခဲ့ပါတယ္။