သရဲနီတွေကို နောက်တစ်ကြိမ်အခွင့်အရေးပေးကြည့်မယ်

တနင်္ဂနွေည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၂၃ ပွဲကြိုသုံးသပ်ချက်

လိဒ် နှင့် မန်ယူ(ည ၈း၃၀)(စိုင်းကိုတောင်ကြီး)

ပြီးခဲ့တဲ့ကြားရက်ကအိုးလ်ထရက်ဖို့ဒ်မှာလိဒ်ကတောင်မထင်မှတ်ဘဲ၂ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပြီးဒုတိယပိုင်းကမိနစ်၂၀ ကျော်လေးအတွင်းပြန်ပေးလိုက်ရတဲ့ ၂ ဂိုးကြောင့်သာသရေကျခဲ့တာပါ။ယာယီနည်းပြနဲ့လိဒ်ဟာအဲဒီပွဲမှာအမှတ်ခွဲယူနိုင်ခဲ့ပေမယ့်တန်းဆင်းဇုန်နဲ့ ၁ မှတ်အကွာမှာပဲရှိပါသေးတယ်။

သရဲနီတို့ကတော့အဝေးကွင်းဆိုခြေချော်တတ်တဲ့ပြသနာလေးတော့ရှိပြီးနောက်ဆုံးပရီးမီးယားလိဂ်အဝေးကွင်း ၆ ပွဲမှာလည်း၂ ပွဲသာနိုင်ခဲ့တာပါ။ဒါပေမဲ့မန်ယူဟာလိဒ်နဲ့နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၇ ပွဲမှာ ၆ ပွဲကိုအနိမ့်ဆုံး ၂ ဂိုးနှုန်းသွင်းနိုင်ခဲ့ပြီးမကြာသေးခင်နှစ်တွေကလိဒ်ကွင်းမှာလည်းအနိုင်ရတာများခဲ့ပါတယ်။သရဲနီတွေကိုနောက်တစ်ကြိမ်အခွင့်အရေးပေးကြည့်မယ်။

zawgyi




