အယ်လင်လမ်းကို တက်သိမ်းမယ့် ဟာလန်းတို့အဖွဲ့

ဗုဒ္ဓဟူးည အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်-၁၇ ပွဲကြိုသုံးသပ်ချက်

လိဒ် နှင့် မန်စီးတီး(ည ၂း၃၀)(စိုင်းကို တောင်ကြီး)

တန်းဆင်းဇုန်ဖိအားရှိနေရတဲ့ကြားထဲလိဒ်မှာဒဏ်ရာနဲ့ပွဲပယ်ကတစ်သင်းစာလောက်ဖြစ်နေတယ်။ဒီလိုအချိန်မှာလက်ရှိချန်ပီယံအသင်းကိုရင်ဆိုင်ဧည့်ခံရမှာဆိုတော့နည်းပြဂျက်ဆီမာ့ခ်ျအတွက်ခေါင်းခဲစရာဖြစ်နေမှာပါ။လိဂ်နောက်ဆုံး ၈ ပွဲမှာ ၅ ပွဲရှုံးထားတဲ့လိဒ်ရဲ့လက်ရှိအနေထားကလည်းအားရစရာ မရှိပါဘူး။

မန်စီးတီးကတော့ဟာလန်း၊ ဒီဘရိုင်းတို့အစွမ်းနဲ့ ကာရာဘောင်းမှာလီဗာပူးကိုနောက်ကောက်ချနိုင်ခဲ့လို့ စိတ်ဓာတ်တက်ကြွနေမှာပါ။ဒါ့အပြင်ထိပ်ဆုံးက ဂန်းနားတို့နဲ့ ၅ မှတ်အကွာဖြစ်နေလို့ စီးတီးဟာလိဂ်မှာမဖြစ်မနေနိုင်ပွဲပြန်ရှာဖို့ ရှိပါတယ်။အယ်လင်လမ်းကိုဟာလန်းတို့ တက်သိမ်းမှာပါ။

zawgyi

အယ္လင္လမ္းကို တက္သိမ္းမယ့္ ဟာလန္းတို႔အဖြဲ႕

ဗုဒၶဟူးည အဂၤလန္ပရီးမီးယားလိဂ္ပြဲစဥ္-၁၇ ပြဲႀကိဳသုံးသပ္ခ်က္

လိဒ္ ႏွင့္ မန္စီးတီး(ည ၂း၃၀)(စိုင္းကို ေတာင္ႀကီး)

တန္းဆင္းဇုန္ဖိအား ရွိေနရတဲ့ၾကားထဲ လိဒ္မွာ ဒဏ္ရာနဲ႔ပြဲပယ္က တစ္သင္းစာေလာက္ ျဖစ္ေနတယ္။ဒီလိုအခ်ိန္မွာ လက္ရွိခ်န္ပီယံအသင္းကို ရင္ဆိုင္ဧည့္ခံရမွာဆိုေတာ့ နည္းျပဂ်က္ဆီမာ့ခ္်အတြက္ ေခါင္းခဲစရာျဖစ္ေနမွာပါ။လိဂ္ ေနာက္ဆုံး ၈ ပြဲမွာ ၅ ပြဲရႈံးထားတဲ့ လိဒ္ရဲ႕လက္ရွိအေနထားကလည္း အားရစရာ မရွိပါဘူး။

မန္စီးတီးကေတာ့ ဟာလန္း၊ ဒီဘ႐ိုင္းတို႔အစြမ္းနဲ႔ ကာရာေဘာင္းမွာ လီဗာပူးကို ေနာက္ေကာက္ခ်ႏိုင္ခဲ့လို႔ စိတ္ဓာတ္တက္ႂကြေနမွာပါ။ဒါ့အျပင္ ထိပ္ဆုံးက ဂန္းနားတို႔နဲ႔ ၅ မွတ္အကြာျဖစ္ေနလို႔ စီးတီးဟာ လိဂ္မွာ မျဖစ္မေန ႏိုင္ပြဲျပန္ရွာဖို႔ ရွိပါတယ္။အယ္လင္လမ္းကို ဟာလန္းတို႔ တက္သိမ္းမွာပါ။