”အားကုန်ရုန်းပြီး အနိမ့်ဆုံးသရေတစ်မှတ် ယူနိုင်စွမ်းရှိမယ်”
အင်္ဂါညအင်္ဂလန်ပရီးမီးယားလိဂ်ပွဲကျန်ပွဲကြိုသုံးသပ်ချက်
လိဒ် နှင့် ဆောက်သမ်တန် (ည ၁၂:၃၀)(အိုဇုန်း)
ဘမ်းဖို့ဒ်၊ ရာဖင်ဟာတို့ရဲ့တိုက်စစ်ပိုင်းကပုံမှန်ဂိုးသွင်းအားရှိပေမယ့်ခံစစ်ပိုင်း အမှားများမှုကိုတော့လိဒ်ပြင်ဆင်နိုင်ခြင်းမရှိသေးပါဘူး။ဒါကြောင့်လည်း သူတို့ရဲ့ပရီးမီးယားလိဂ်နောက်ဆုံး ၄ပွဲမှာလိဒ်အသင်း ရူံးပွဲ ၃ပွဲအထိရင်ဆိုင်ကြုံတွေ့ခဲ့ရတာဖြစ်တယ်။
ဖိလစ်၊ အိုကမ်ပို၊ ရိုဒရီဂို၊ ကော့ချ်၊ ဖော်ရှောတို့နာနေတဲ့ လိဒ်ရဲ့ကစားကွက်ကပုံမှန်အနေအထားရောက်ဖို့ ရုန်းကန်ရဦးမှာပါ။ဆောက်သမ်တန်ကလည်းပရီးမီးယားလိဂ်နောက်ဆုံး ၁၂ပွဲမှာနိုင်ပွဲဆိုလို့ ရှားရှားပါးပါးတစ်ပွဲသာရှိထားတဲ့အသင်းဖြစ်တယ်။
သူတို့ရဲ့အဓိကအားနည်းချက်ကလည်းခံစစ်ယိုယွင်းမှုဖြစ်တယ်။ ဒီလိုအခြေအနေကြောင့်ပဲအခုလိုမျိုးခြေကျနေတဲ့လိဒ်နဲ့တွေ့ဆုံနေချိန်မှာဆောက်သမ်တန်အနေနဲ့ မရှုံးနိမ့်ရေးဦးစားပေးပြီးပြင်ဆင်ကစားလာပါလိမ့်မယ်။
ဒီပွဲမှာအိမ်ရှင်ဖြစ်တဲ့ လိဒ်ကသရေဆိုရင်၅၀နစ်နာရမယ်ဆိုပြီး အကျောပေးထားတယ်။ဆောက်သမ်တန်အနေနဲ့ တစ်သင်းလုံးအားကုန်ရုန်းပြီးအနိမ့်ဆုံး သရေတစ်မှတ်ယူနိုင်စွမ်းရှိမယ်လို့ ယုံကြည်ထားရမယ်။
zawgyi