”ဆီဗီလာရဲ့ သွင်းဂိုးတွေကိုပဲ လက်ချိုးရေတွက်ဖို့ပြင်”

စနေည စပိန်ဘုရင့်ဖလား ၃၂သင်းအဆင့်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လီဂါနက်စ် နှင့် ဆီဗီလာ (ည ၁:၃၀)(သတိုး- မှော်ဘီ)

ဆီဂန်ဒါကလပ်လီဂါနက်စ်ဟာဒီရာသီမှာခံစစ်အားပြုလွန်းတဲ့အသင်းပါ။ အခုပွဲမှာလည်းအိမ်ရှင်ဆိုပေမယ့်ဆီဗီလာကိုရင်ဆိုင်ရမှာဖြစ်လို့ သူတို့ ခံစစ်ဆင်ပါလိမ့်မယ်။

ဒါပေမဲ့ ဆီဗီလာဆိုတာကအရန်အင်အားတောင့်တင်းပြီး ဂိုးသွင်းစွမ်းရည်ထက်မြက်သူတွေကိုအများကြီးပိုင်ဆိုင်ထားတဲ့အသင်းဖြစ်လို့ လီဂါနက်စ်ခံစစ် ပွဲချိန်ပြည့်ထိန်းဖို့ မလွယ်ပါဘူး။ဒီပွဲမှာဆီဗီလာကတစ်ဂိုးနိုင်ရင်ပဲ ၁၅ အကျိုးအမြတ်ရှိမယ်လို့ အကျောပေးထားတယ်။ဘယ်လိုပဲဖြစ်ဖြစ်ဆီဗီလာရဲ့သွင်းဂိုးတွေကိုပဲလက်ချိုးရေတွက်ဖို့ပြင်ရပါမယ်။

zawgyi




