Legends of Football တွင် ထည့်သွင်းဂုဏ်ပြုခံခဲ့ရတဲ့ အင်္ဂလန်နည်းပြဆောက်ဂိတ်

အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်ဟာအင်္ဂလန်အသင်းကိုကိုင်တွယ်ခဲ့တဲ့နှစ်များအတွင်းတွင်အောင်မြင်အောင်စွမ်းဆောင်နိုင်မှုနှင့်အတူ Legends of Football တွင်ထည့်သွင်းဂုဏ်ပြုခြင်းခံလာရပါတယ်။

ဂါရတ်ဆောက်ဂိတ်ဟာယခုနှစ်နေးရှင်းလိဂ်ပြိုင်ပွဲတွင်နိုင်ပွဲတစ်ပွဲမှမရရှိကာတန်းဆင်းခဲ့ရပေမဲ့လည်း၂၀၁၆ခုနှစ်တွင်အင်္ဂလန်အသင်းကိုကိုင်တွယ်ပြီးနောက်၂၀၁၈ကမ္ဘာ့ဖလားပြိုင်ပွဲတွင်ဆီမီးဖိုင်နယ်သို့လည်းကောင်း၊ယူရို၂၀၂၀ပြိုင်ပွဲတွင်ဗိုလ်လုပွဲသို့လည်းကောင်းပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်လည်းဂါရတ်ဆောက်ဂိတ်ဟာဂျွန်ချားလ်၊ဘရိုင်ယန်ကလောက်ချ်၊ဆာဘော်လ်ဘီချာလ်တန်၊ဆာအဲလက်စ်ဖာဂူဆန်၊တိုနီအဒမ်၊ဆာအဲလက်စ်ဖာဂူဆန်၊အလန်ရှီးယား၊အဲရစ်ကန်တိုနာ၊ရိုင်ယန်ဂစ်၊ဖရန့်လမ်းပတ်၊ဒေးဗစ်ဘက်ဟမ်း၊စတီဗင်ဂျရတ်၊အာစင်ဝင်းဂါးတို့နှင့်အတူ Legends of Football တွင်ထည့်သွင်းခြင်းခံလာရပါတယ်။

ယခုနှစ်တွင်အင်္ဂလန်နည်းပြဂါရတ်ဆောက်ဂိတ်နှင့်အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းဂန္ထဝင်တိုက်စစ်မှူးအယ်လန်ဝှိုက်မှာလည်းLegends of Footballတွင်ထည့်သွင်းခြင်းခံလာရပါတယ်။

အယ်လန်ဝှိုက်ဟာပြီးခဲ့တဲ့နွေရာသီတုန်းကယူရို၂၀၂၂ပြိုင်ပွဲတွင်အင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းကိုချန်ပီယံဖြစ်အောင်ကူညီနိုင်ခဲ့ပြီးနောက်ကစားသမားဘဝမှအနားယူခဲ့သူဖြစ်ပါတယ်။

သူမဟာအင်္ဂလန်အမျိုးသမီးလက်ရွေးစင်အသင်းအတွက်၅၂ဂိုးသွင်းယူပြီးအင်္ဂလန်အမျိုးသမီးလက်ရွေးစင်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားသူအဖြစ်ရပ်တည်နေသူလည်းဖြစ်ပါတယ်။

ZawGyi

Legends of Football တြင္ ထည့္သြင္းဂုဏ္ျပဳခံခဲ့ရတဲ့ အဂၤလန္နည္းျပေဆာက္ဂိတ္

အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ဟာအဂၤလန္အသင္းကိုကိုင္တြယ္ခဲ့တဲ့ႏွစ္မ်ားအတြင္းတြင္ေအာင္ျမင္ေအာင္စြမ္းေဆာင္ႏိုင္မႈႏွင့္အတူ Legends of Football တြင္ထည့္သြင္းဂုဏ္ျပဳျခင္းခံလာရပါတယ္။

ဂါရတ္ေဆာက္ဂိတ္ဟာယခုႏွစ္ေနးရွင္းလိဂ္ၿပိဳင္ပြဲတြင္ႏိုင္ပြဲတစ္ပြဲမွမရရွိကာတန္းဆင္းခဲ့ရေပမဲ့လည္း၂၀၁၆ခုႏွစ္တြင္အဂၤလန္အသင္းကိုကိုင္တြယ္ၿပီးေနာက္၂၀၁၈ကမာၻ႔ဖလားၿပိဳင္ပြဲတြင္ဆီမီးဖိုင္နယ္သို႔လည္းေကာင္း၊ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ဗိုလ္လုပြဲသို႔လည္းေကာင္းပို႔ေဆာင္ေပးႏိုင္ခဲ့ပါတယ္။

ဒါေၾကာင့္လည္းဂါရတ္ေဆာက္ဂိတ္ဟာဂြၽန္ခ်ားလ္၊ဘ႐ိုင္ယန္ကေလာက္ခ်္၊ဆာေဘာ္လ္ဘီခ်ာလ္တန္၊ဆာအဲလက္စ္ဖာဂူဆန္၊တိုနီအဒမ္၊ဆာအဲလက္စ္ဖာဂူဆန္၊အလန္ရွီးယား၊အဲရစ္ကန္တိုနာ၊႐ိုင္ယန္ဂစ္၊ဖရန႔္လမ္းပတ္၊ေဒးဗစ္ဘက္ဟမ္း၊စတီဗင္ဂ်ရတ္၊အာစင္ဝင္းဂါးတို႔ႏွင့္အတူ Legends of Football တြင္ထည့္သြင္းျခင္းခံလာရပါတယ္။

ယခုႏွစ္တြင္အဂၤလန္နည္းျပဂါရတ္ေဆာက္ဂိတ္ႏွင့္အဂၤလန္အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းဂႏၴဝင္တိုက္စစ္မႉးအယ္လန္ဝႈိက္မွာလည္းLegends of Footballတြင္ထည့္သြင္းျခင္းခံလာရပါတယ္။

အယ္လန္ဝႈိက္ဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကယူ႐ို၂၀၂၂ၿပိဳင္ပြဲတြင္အဂၤလန္အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းကိုခ်န္ပီယံျဖစ္ေအာင္ကူညီႏိုင္ခဲ့ၿပီးေနာက္ကစားသမားဘဝမွအနားယူခဲ့သူျဖစ္ပါတယ္။

သူမဟာအဂၤလန္အမ်ိဳးသမီးလက္ေ႐ြးစင္အသင္းအတြက္၅၂ဂိုးသြင္းယူၿပီးအဂၤလန္အမ်ိဳးသမီးလက္ေ႐ြးစင္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားသူအျဖစ္ရပ္တည္ေနသူလည္းျဖစ္ပါတယ္။