မြေခွေးကို လက်ညှိုးညွှန်ပါရစေ

အင်္ဂါည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၁၈ ပွဲကြိုသုံးသပ်ချက်

လက်စတာ နှင့် ချဲလ်ဆီး (ည ၂:၄၅)(အိုဇုန်း)

အက်ဖ်အေဖလားမှာမိုလ်ကမ်ဘီကို ၄ဂိုးပြတ်နိုင်၊ ဖူလ်ဟမ်ကို ၀-၁နဲ့ ကပ်နိုင်တာလေးလောက်နဲ့ ချဲလ်ဆီးကိုအထင်ကြီးလို့မဖြစ်သေးပါဘူး။ပြိုင်ဘက်တွေကိ နိမ့်ကျလွန်းတာကြောင့်ဒါဟာသူတို့ရဲ့အရည်အသွေးမှန်လို့ ပြောဖို့ စောလွန်းနေပါသေးတယ်။

ဒီဇင်ဘာလထဲချဉ်းနင်းဝင်ရောက်လာချိန်ကတည်းကပွဲဆက်များမှုဒဏ်ကိုချဲလ်ဆီးမခံစားနိုင်တော့ဘဲဘယ်အသင်းနဲ့ပဲတွေ့တွေ့ကမောက်ကမတွေချည်း ရင်ဆိုင်နေခဲ့ရတာပါ။

ကွင်းလယ်နဲ့ ခံစစ်အမှားများခြင်း၊ အချိတ်အဆက်မမိခြင်းတွေကချဲလ်ဆီးရဲ့အားနည်းချက်ဖြစ်ပြီး အေဘရာဟမ်၊ ဝါနာတို့ရဲ့တိုက်စစ်ကလည်း ထိပ်သီးအဆင့် ရှိမနေပါဘူး။လက်စတာကတော့ စုဖွဲ့ကစားအားကျစ်လျစ်မာကျောပြီးဗာဒီဦးဆောင်တဲ့ တိုက်စစ်ပိုင်းကဂိုးသွင်းအားကြောက်စရာပါ။

လက်စတာကွင်းလယ်နဲ့ ခံစစ်ကြောင်းကလည်းအိမ်ကွင်းဆိုရင်အမှားနည်းလွန်းလှတယ်။ဒါကိုတောင်ရာရာစစသရေဆိုရင်ချဲလ်ဆီးကခပ်ပါးပါးနစ်နာရမယ်လို့ အကျောပေးထားတော့အမှတ်ရအောင်ယူမယ့်လက်စတာကိုပဲအပိုင်ရွေးချယ်အားပေးရမယ်။ခြင်္သေ့ဟိန်းမလားမြေခွေးကြိမ်းမလားလို့မေးလာရင် မြေခွေးကိုလက်ညှိုးညွှန်ပါရစေ။

zawgyi




