”ကင်းပါဝါတောက စိတ်ခြောက်ခြားဖွယ်ရာ မြေခွေးအူသံ”

စနေည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၁၉ ပွဲကြိုသုံးသပ်ချက်

လက်စတာ နှင့် ဆောက်သမ်တန် (ည ၂:၃၀)(အိုဇုန်း)

လိဂ်နောက်ဆုံး ၁၅ပွဲမှာမန်ယူနဲ့ မန်စီးတီးနှစ်သင်းတည်းကိုပဲဆောက်သမ်တန်ရှုံးထားတယ်။ဒါပေမဲ့စိန့်ရဲ့ခြေစွမ်းကအခုနောက်ပိုင်းကျရိပ်ပြလာပြီး တိုက်စစ်ကဂိုးသွင်းအားမရှိတော့ဘူး။ ခံစစ်မာကျောမှုကိုပဲအဓိကထားကစားနေတာတွေ့ရပြီးအခုပွဲမှာလည်း ခံစစ်အားပြုမှာပါ။

အိမ်ရှင်လက်စတာကိုကြည့်လိုက်တော့ဒီရာသီမှာအရမ်းခြေစွာနေပြီးဗာဒီဦးဆောင်တဲ့တိုက်စစ်ကထက်မြက်လွန်းနေတာတွေ့ရတယ်။လက်စတာရဲ့ထိုးဖောက်အားကိုဆောက်သမ်တန်ခံစစ်ထိန်းဖို့မလွယ်ဘူး။ အနိုင်သေချာတဲ့လက်စတာကိုကြိုက်တယ်။ မြေခွေးအူသံကိုစိတ်ခြောက်ခြားစဖွယ်ကြားရမှာပါ။

zawgyi




