ငှက်ကျား ဘယ်လောက်ကြီးကြီး တစ်လုတ်စာပဲ

သောကြာည အင်္ဂလန်ပရီးမီးယားလိဂ် ပွဲစဉ်-၃၅ ပွဲကြိုသုံးသပ်ချက်

လက်စတာ နှင့် နယူးကာဆယ် (ည ၁းဝဝ)(အိုဇုန်း)

ချန်ပီယံလိဂ်ဝင်ခွင့်သေချာပေါက်ရရှိဖို့ လက်စတာအမှတ်လိုအပ်နေတုန်းပါပဲ။အဝေးကွင်းဆိုရင်သာလက်စတာရုန်းကန်ရတတ်ပေမယ့်အိမ်ကွင်းဆိုရင်တော့ဘယ်ပြိုင်ဘက်ကိုမဆိုခြေစွမ်းအသာစီးယူပြီးအနိုင်ယူနိုင်စွမ်းရှိပါတယ်။

နယူးကာဆယ်ကတော့တရားဝင်သာတန်းမတင်သေးတာတန်းဆင်းလွတ်ဖို့ သေချာသလောက်ရှိနေပါပြီ။ဒါကြောင့်လက်ကျန်ပွဲတွေဟာနယူးကာဆယ်အတွက်ခပ်အေးအေးပါပဲ။

ယိုယွင်းတဲ့နယူးကာဆယ်ခံစစ်ကဗာဒီ၊ အိုင်ဟီနာချိုတို့ရဲ့လက်စတာတိုက်စစ်ကို မထိန်းချုပ်နိုင်ပါဘူး။လက်စတာအနိမ့်ဆုံး ၂ဂိုးပြတ်အနိုင်ရရှိပါလိမ့်မယ်။ငှက်ကျားဘယ်လောက်ကြီးကြီးမြေခွေးအတွက်ကတော့တစ်လုတ်စာပါပဲ။

zawgyi




