ကင်းပါဝါမှာဂျေမီဗာဒီပဲနောက်တစ်ကြိမ်ဇာတ်လိုက်

Play Maker 3D

◼️Nကြယ်မင်း၊ ဟန်စိုးသွေး၊ မင်းနဒီ(Change)

Leicester – Manchester City

◼️ Manchester City (1+20)

ပရီးမီးယားလိဂ်ရဲ့ စတုတ္ထမြောက်ပွဲစဉ်တွေကစားကြပါတော့မယ်။ အဲ့ဒါတွေပြီးတာနဲ့ချန်ပီယံလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေစတင်ပါမယ်။ကမ္ဘာကြီးဟာဘော လုံးပွဲနဲ့ချည်းတော့ဘယ်ပြီးပါ့မလဲ။ အခြားသောဖြေရှင်းရန်တွေ၊ အခြားသောနိုင်ငံတော်တာဝန်တွေရှိနေဦးမယ်။ကျနော်တို့ကိုယ်တိုင်လည်းအဲ့ဒီဘက်မှာနည်းနည်းလေးမှပျက်ကွက်လို့မရနိုင်ပါဘူး။ သို့သော်ကိုယ်ပိုင်ညတွေထဲဘောလုံးပွဲတွေကတော့လိုအပ်ပါတယ်။ ဘောလုံးပွဲတွေမှာလောင်းကြေးတစ်ခုထက်ပိုတဲ့သင်ယူစရာတွေ၊ စိတ်အားဖြည့်စရာတွေအပြည့်ရှိနေတတ်တာကို ဘောလုံးပွဲအမြဲကြည့်သူတိုင်းသိပါတယ်။ ဘယ်နေရာနဲ့ဘယ်လိုထိတွေ့မှုမျိုးမှာမဆိုပါပဲ။ မိမိကိုယ်တိုင်ရဲ့ခံယူမှုအပေါ်မှာပဲမူတည်ပါတယ်။ ကိုယ့်ရှင်သန်မှုကိုဟန်ချက်ညီအောင်ဘယ်လိုထိန်းကျောင်းရမယ်ဆိုတာကျနော်တို့အားလုံးကျွမ်းကျင်တတ်မြောက်ပြီးသားလို့နားလည်ထားပါတယ်။ဘောလုံးပွဲလည်းကြည့်တယ်။ အခြားသောစိန်ခေါ်မှုတွေဆီလည်းအသင့်ပြင်ထားကြရပါလိမ့်မယ်။

◼️Nကြယ်မင်း

လက်စတာဟာ ဒီ့ထက်တော့တစ်ခုခုဖြစ်ရမယ်လို့သူတို့ကိုယ်တိုင်ရော၊ သူတို့ပရိသတ်တွေပါခံယူထားကြပေမယ့်လို့ အဲ့ဒီအဆင့်ရောက်မလာသေးပါဘူး။ နေရာအလိုက်ပြောရရင်ဒါကာ(ရှေ့)၊ ဆိုမာရီ(လယ်)နဲ့ ဗက်စတာဂတ်(နောက်)တို့ကို မှန်ကန်စွာဝယ်ယူနိုင်ခဲ့ပေမယ့်အခုချိန်ထိတော့ပုံမှန်ပွဲထွက်ခွင့် တောင်မပြုနိုင်သေးပါဘူး။ ဒီအချိန်မှာ ဗာဒီရဲ့ဂိုးတွေနဲ့ပဲ လွတ်မြောက်နေရဆဲဆိုပေမယ့် သူ့အားကိုချည်း တမက်တမောရှိနေတာက အသင်းကိုဆွဲတင်ဖို့ခက်ခဲစေပါတယ်။ နာချိုကိုပွဲထွက်သုံးချင်ပေမယ့်ဗာဒီကိုတောင်ကျော်ပြီတော့လားဆိုတဲ့ဒွိဟဘရန်ဒန်ရော်ဂျာမှာငြိကပ်နေပါတယ်။ ဒါပေမဲ့ဝုဗ်နဲ့ နောဝစ်ချ်ကိုအနိုင်ယူခဲ့တယ်။ အဲ့ဒီနှစ်ပွဲလုံးထင်သလောက်မလွယ်ကူပေမယ့်သူတို့လုပ်နိုင်ခဲ့တာပါ။ ဝက်စ်ဟမ်းကိုဂိုးပြတ်သွားရတာကလည်းပထမပိုင်းကတည်းက အယိုဇီပီရက်ဇ်ထုတ်ပယ်ခံလိုက်ရတာနဲ့ တိုက်ရိုက်ပတ်သက်ပါတယ်။ သဘောက ထင်သလောက်ဖြစ်မလာသေးပေမဲ့ ရဲရင့်တဲ့တိုက်ပွဲတွေရဲ့အလယ်မှာရှိတယ်။ ကိုယ့်ဇယားကိုယ်ဖြတ်နိုင်သတ်နိုင်တယ်။ အဲ့ဒါပါ။

မန်စီးတီးကအသက်တစ်ရာမှာမလွတ်မြောက်သေးဘဲအမှုတစ်ရာမှာဇာတ်လမ်းတွေဖြတ်နေရပြန်ပါတယ်။ ဒီဘရိုင်းနဲ့ ဖိုဒန်ပြန်မလာနိုင်သေးဘူး။လာပေါ့တ်ကစပိန်မှာဒဏ်ရာရခဲ့တယ်။ ဒီအချိန်မှာဂိုးသမား အီဒါဆန်နဲ့ ဂျေဆူးတို့ ဘရာဇီးအရှုပ်တွေထဲ ဝင်စတေးခံထားရပြန်တယ်။ အိမ်ကွင်းမှာနောဝစ်ချ်နဲ့ အာဆင်နယ်တို့လိုတန်းဆင်းဇုန်ထဲကအသင်းတွေကို ဂိုးပြတ်အနိုင်ကစားစဉ်က ဂျေဆူးဟာအရေးပါတဲ့ကစားသမားအဖြစ် ပြန်ပြီးသက်သေပြထားခဲ့တာပါ။ ပိုဆိုးတာကအီဒါဆင်ဂိုးဖမ်းဖို့မဖြစ်နိုင်ချိန်မှာ ဒုတိယဂိုးသမား စတီဖင်ကလည်းကိုဗစ်ဖြစ်နေပြန်တာကြောင့် ဘိုးတော်ဂိုးသမားစကော့ကာဆန်တာဝန်ယူရတော့မှာပါ။ သူဟာဒီမှာပွဲထွက်ခွင့်ရဖို့ ရက်ပေါင်း၃၇၆၅ရက်စောင့်ခဲ့ရတယ်ဆိုတာကြီးက အတော်ပိန်းပါတယ်။ ကွန်မြူနတီဒိုင်းမှာ လက်စတာကိုရှုံးခဲ့တဲ့ပွဲထည့်မတွက်ချင်ဘူးဆိုရင်တောင် ပွဲစဉ်(၁)မှာ စပါးကိုရှုံးခဲ့တာပြန်ကြည့်ရပါလိမ့်မယ်။ စနစ်ကျစွာတောင့်တင်းနေတဲ့အသင်းမျိုးတွေဆိုရင်သူတို့လုပ်ရကိုင်ရခက်နေတတ်တာထင်ရှားပါတယ်။ မန်စီးတီးနိုင်ရင်ဂိုးပြတ်ဖို့မဖြစ်နိုင်ဘဲသရေကျဖို့ရာခိုင်နှုန်းအများကြီးများတဲ့ပွဲမှာလက်စတာကိုပဲရွေးသင့်ပါတယ်။

◼️ဟန်စိုးသွေး

လက်စတာဟာဒီရာသီကစားသမားအဝင်အထွက်နည်းလွန်းပြီးပွဲထွက်ကစားသမားအခင်းအကျင်းကမနှစ်ကအတိုင်းပါပဲ။ဒါကြောင့်လည်းလက်စတာဟာရာသီစတာနဲ့ပဲကစားပုံတည်ငြိမ်ခဲ့ပြီးပြိုင်ဘက်တွေကိုကောင်းကောင်းယှဉ်ကစားနိုင်ခဲ့တယ်။၃ပွဲကစားပြီးခဲ့ရာမှာ ဝုဗ်နဲ့နော့ဝစ်ချ်ကိုအနိုင်ရခဲ့ပြီးဝက်စ်ဟမ်းကိုရှုံးခဲ့တယ်။ဝက်စ်ဟမ်းကိုယှဉ်ကစားခဲ့တဲ့အဝေးကွင်းမှာ၄၀မိနစ်မှာပဲလူတစ်ယောက်အထုတ်ခံလိုက်ရလို့လည်းလက်စတာကစားပုံပျက်ယွင်းသွားခဲ့ရတာဖြစ်တယ်။မန်စီးတီးကတော့ဒီရာသီအဖွင့်ပွဲမှာစပါးကို၁-၀နဲ့ရှုံးခဲ့တယ်။အဲဒီပွဲမှာမန်စီးတီးကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်ကစားပုံတော်တော်လေးညံ့ခဲ့တယ်။စပါးကိုရှုံးပြီးနောက်၂ပွဲမှာတော့ နော့ဝစ်ချ်နဲ့အာဆင်နယ်ကို ၅ဂိုးပြတ်စီအနိုင်ရခဲ့တယ်။အဲဒီ၂ပွဲစလုံးမန်စီးတီးဟာပြိုင်ဖက်နှစ်သင်းစလုံးကိုစီးစီးပိုင်ပိုင်ဖိကစားနိုင်ခဲ့တာတွေ့ရတယ်။ဒီပွဲမှာလည်းမန်စီးတီးတို့ကစားကွက်အသာစီးနဲ့ဖိကစားနိုင်မှာဖြစ်ပေမယ့်မာကျောတဲ့လက်စတာကိုတော့ခက်ခက်ခဲခဲ ယှဉ်ကစားရမှာသေချာတယ်။

ဒီပွဲမှာမန်စီးတီးက၁ဂိုး၂၀နိုင်အကျောပေးထားတယ်။မန်စီးတီးဟာဘာနာဒိုဆေးလ်ဗား ရိုဒရီဂို ဂန်ဒိုဂန် တို့ဦးဆောင်မှုနဲ့ကွင်းလယ်စွမ်းဆောင်ရည်ကောင်းပေမယ့် ဂရီလစ်ဖာရန်တော့ရက်ဂျီးဆပ်စ်တို့ဦးဆောင်တဲ့တိုက်စစ်ကိုတော့စောင့်ကြည့်ရဦးမှာဖြစ်တယ်။အထူးသဖြင့်အဝေးကွင်းပွဲတွေမှာမန်စီးတီးရဲ့စွမ်းဆောင်ရည်ကိုစောင့်ကြည့်ရဦးမှာပါ။လက်စတာကတော့ခပ်ညံ့ညံ့အသင်းမျိုးမဟုတ်ဘဲရှေ့ လယ်နောက် ကစားသမားအခင်းအကျင်းမျှတပြီးအသင်းလိုက်စွမ်းဆောင်ရည်မြင့်မားတယ်။အကြိတ်အနယ်ယှဉ်ကစားရမယ့်ဒီပွဲမှာ မန်စီးတီး လွယ်လင့်တကူအနိုင်ရသွားချေမရှိတာမို့ တစ်ဂိုးနဲ့ကပ်ရှုံးရင်လည်းအပြုံးမပျက်သရေကျခဲ့ရင်အပြည့်ပျော်ခွင့်ရမယ့်အိမ်ရှင်လက်စတာကိုသာရွေးချယ်လိုက်သင့်ပါတယ်။

◼️မင်းနဒီ(Change)

လူမစုံတဲ့ကြားကနေ မန်စီးတီး ကြေးတက်လာတာကို သဘောကျမိတယ်

လက်စတာကစားခဲ့တဲ့ ၃ ပွဲကိုကြည့်ရတာသိပ်အဆင်မပြေဘူး။ ဝုလ်ဗ်နဲ့ နောဝှစ်ချ်ကို အနိုင်ရခဲ့ပြီး၊ ဝက်စ်ဟမ်းကိုဂိုးပြတ်ရှုံးနိမ့်ခဲ့တဲ့ပွဲတွေမှာဗာဒီဦးဆောင်နေတဲ့ တိုက်စစ်က ဂိုးတွေရှားပါးလာတယ်။ ဗာဒီဟာအသက်အရွယ်ပိုင်းအရလေးလံနေပြီဖြစ်သလို၊ သူ့ကို ထောက်ပံ့ပေးနိုင်မယ့်တိုက်စစ်မှူးတစ်ဦးလိုအပ်နေတာကိုတွေ့ရတယ်။ ကွင်းလယ်နဲ့ ခံစစ်ပိုင်းမှာ တေလမန်အကောင်းဆုံးကစားပြနေပေမဲ့ မက်ဒီဆန်က အကောင်းဆုံးကစားပြနိုင်တာမျိုးမတွေ့ရသေးဘူး။ နောဝှစ်ချ်လို ကစားရလွယ်ကူတဲ့ အသင်းမျိုးနဲ့အတွေ့မှာတောင် မက်ဒီဆန်အလုပ်မဖြစ်ခဲ့တာကြောင့် လက်စတာရဲ့ တိုက်စစ်မှာဗာဒီတစ်ယောက်ထဲနဲ့ ဂိုးရဖို့ခက်နေခဲ့တာဖြစ်တယ်။ အာယိုဇီပီရက်ဇ်ကပွဲပယ်ခံထားရတယ်။ သူ့အနေနဲ့ ပွဲပယ်မခံရသည့်တိုင်အောင် အကောင်းဆုံးခြေစွမ်းပြနိုင်ဖို့ဆိုတာလည်းခက်ခဲပါတယ်။ ခံစစ်မှာဗက်စတာဂတ်မကစားနိုင်သေးသလိုအီဗန်ကလည်းဒဏ်ရာရနေတာကြောင့်ဆိုရန်ချူနဲ့ အမာတေတို့အတွဲကိုပဲရော်ဂျာဆက်သုံးရဖို့ရှိတယ်။

မန်စီးတီးက အဖွင့်ပွဲမှာ စပါးကို ရှုံးလိုက်ရပေမယ့် နောဝှစ်ချ်၊ အာဆင်နယ်တို့နဲ့ပွဲမှာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထားရအောင် ကစားနိုင်ခဲ့တယ်။ အဲ့ဒီ ၂ ပွဲလုံးမှာ ၅ ဂိုးသွင်းပြီး ဂိုးပြတ်အနိုင်ရခဲ့တာပဲဆိုပေမဲ့ ပြိုင်ဘက်အသင်းရဲ့ စုဖွဲ့မှုအနေအထားနဲ့ ပြန်ယှဉ်ကြည့်လိုက်ရင် မန်စီးတီးအတွက် ဖြစ်သင့်ဖြစ်ထိုက်တဲ့ အဆင့်မှာရှိနေတယ်လို့ပဲ မှတ်ယူမိတယ်။ ဒါပေမဲ့ ဂရီလစ်ရှ် ကြိုးစားပြီး ကစားပြနေတာ၊ အသင်းရဲ့ ကစားပုံမှာ ဂိုးရလွယ်ကူနေတာတွေကမန်စီးတီးအတွက်ကျေနပ်စရာကောင်းနေပါတယ်။ ဒါပေမဲ့ ပြဿနာက ဂိုးသမား အီဒါဆန်နဲ့ ဂျီးဆပ်တို့က ဘရာဇီးလက်ရွေးစင်အသင်းရဲ့ ဆင့်ခေါ်မှုကို ငြင်းဆန်ခဲ့တာကြောင့်ကလပ်အသင်းမှာ ပွဲကစားခွင့် ၅ ရက်ပိတ်ပင်ခံထားရတယ်။ ဒီပွဲမှာသူတို့ ၂ ဦးစလုံးလွဲချော်ရမှာဖြစ်ပြီး ဒီဘရိုင်းနဲ့ ဖိုဒမ်ကလည်းဒဏ်ရာစာရင်းထဲကနေ ပြန်မလာနိုင်သေးဘူး။ ဒီလိုအခြေအနေမျိုးမှာ ခြေစွမ်းပြနေတဲ့ဂျီးဆပ်မပါနိုင်တာကနည်းနည်းပြဿနာရှိနေမလားလို့ တွေးပူမိတယ်။ ဒါပေမဲ့ စပိန်နဲ့အတူခြေစွမ်းပြနိုင်ခဲ့တဲ့ ဖာရန်တောရက်စ်၊ အင်္ဂလန်နဲ့အတူ ခြေစွမ်းပြနိုင်ခဲ့တဲ့ဂရီလစ်ရှ်တို့ကြောင့်သက်သာရာရမိတယ်။

ပြီးခဲ့တဲ့ ကွန်မြူနတီဒိုင်းပွဲမှာ လက်စတာကအီဟီရာနာချိုရဲ့ တစ်လုံးတည်းသောပင်နယ်တီသွင်းဂိုးနဲ့ အနိုင်ရခဲ့တယ်။ အဲ့ဒီပွဲမှာမန်စီးတီးကလူငယ်တွေကို ပွဲထုတ်ခဲ့တာကြောင့်လက်စတာအခွင့်အရေးရခဲ့တာဖြစ်ပြီး၊ ဒုတိယပိုင်းမှာအဓိကကစားသမားတွေ လူစားဝင်လာချိန်မှာလက်စတာကစားကွက်တော် တော်နိမ့်သွားခဲ့တယ်။ ဒီပွဲမှာ မန်စီးတီးက 1+20 ပေးလာတယ်။ မူလဖွင့်လှစ်မှုက 1+40 နဲ့ စခဲ့တာဖြစ်ပြီး အီဒါဆန်၊ ဂျီးဆပ်၊ ဒီဘရိုင်း၊ ဖိုဒမ်တို့ မပါနိုင်ပဲနဲ့ 1+40 ကနေ 1+20 ကို တက်လာတာစိတ်ဝင်စားစရာပါ။ နောက်တစ်ချက်က ပြီးခဲ့တဲ့ကွန်မြူနတီဒိုင်းပွဲစဉ်မှာမန်စီးတီးကနောက်ဆုံးကြေးမှာ -70 နဲ့ အနား သတ်ပေးခဲ့တာတွေ့ရပြီး အခုလက်စတာရဲ့အိမ်ကွင်းကင်းပါဝါမှာ 1+20 အထိပေးနေတာကြောင့်လည်း မန်စီးတီးကို သဘောကျမိတယ်။ လက်စတာရဲ့ ခံစစ်မှာအမာတေနဲ့ ဆိုရန်ချူတို့အတွဲကလည်း နားလည်မှုအားနည်နေတဲ့ အခြေအနေတွေကြောင့် မန်စီးတီးအတွက်အနိုင် ၃ မှတ်ရဖို့ မခက်ဘူးလို့ တွက်ဆမိပါတယ်။ လူမစုံတဲ့ကြားကနေကြေးတက်လာတဲ့မန်စီးတီးကိုပဲစိတ်ဝင်စားပါတယ်။

◼️ဒီတစ်ပတ် 3D

လိဂ်ပွဲစဉ်တွေ(၃)ပတ်ဆက်တည့်လာပြီး နိုင်ငံပွဲကျမှကျနော်တို့ တစ်ပတ်လွဲခဲ့ရပါတယ်။ ဒီတစ်ပတ်မှာအင်မတန်ရှုပ်ထွေးနိုင်တဲ့ပွဲကိုမှ ရွေးချယ်ပြီးတင်ဆက်ခဲ့ပါတယ်။ အဲ့ဒီမှာ ဆရာမင်းနဒီ(Change)တစ်ဦးသာ မန်စီးတီးဘက်ရောက်ခဲ့ပြီး ဆရာဟန်တို့နှစ်ဦးက လက်စတာဖြစ်ခဲ့ပါတယ်။ ဒါကြောင့် ဒီတစ်ပတ်3D ရဲ့ Play Maker Choice ဟာ လက်စတာဖြစ်လာပါတယ်။ ကင်းပါဝါမှာ ဂျေမီဗာဒီသာ နောက်တစ်ကြိမ်ဇာတ်လိုက်ပါတဲ့ပရိသတ်ကြီး..