ကင်းပါဝါညမှာစိုရွှဲနေမယ့် ဆိုးလ်ရှားအိပ်မက်

Play Maker 3D

🈁 ဟန်စိုးသွေး၊ မင်းနဒီ(Change)၊Nကြယ်မင်း

ပရီးမီးယားလိဂ် Round 8စတင်တော့မည်။ကျနော်တို့နောက်တစ်ကြိမ်ဆူပွက်ကြရဦးမည်ပဲ။ဒါက1990 စွန်းစနှစ်များကစတင်လို့ပေါ့။ပရီးမီးယားလိဂ်ဟာကျနော်တို့ကိုဘယ်တုန်းကမှဆိုးရွားစွာစိတ်မပျက်စေဖူးခဲ့။တစ်ညလုံးအပေါ်အသင်းများတစ်ပွဲမှမနိုင်သည့်ညမျိုးတွေလည်းကျနော်တို့ဖြတ်သန်းခဲ့ဖူးကြတာပဲဖြစ်သည်။ ဒီလောက်တောင်ဖြစ်ရသလားကွာဆိုပြီးညည်းညူခဲ့ကြဖူးသည့်တိုင်အချစ်မပြယ်။ အသင်းစွဲတစ်ခုဖြင့်ရှင်သန်တတ်သူတွေအမှောင်ကျသောနှစ်ကာလတွေကြုံခဲ့ဖူးမှာပဲ။

မန်ယူ၊အာဆင်နယ်၊ တကယ့်အသင်းကြီးတွေပင်ငရဲလိပ်ပြာလာနားသည်ကို မရှောင်လွှဲသာခဲ့။ လီဗာပူး၊ မန်စီးတီး၊ချဲလ်ဆီးတို့ဆို ငြိမ်သားပဲပြောစရာရှိပေမဲ့အဲ့ဒါတွေကလည်းဖာဂူဆန်နှင့် အာစင်ဝင်းဂါးအလွန်မှာခေါင်းထောင်လာကြသူတွေသာဖြစ်သည်။ တကယ်တော့အသင်းတွေဆိုတာလူတွေလိုပဲ လမ်းပေါ်လိမ့်နေကြတာမဟုတ်လား။

မသေဖူးသောအိမ်မရှိသလိုမုန်တိုင်းမကျဖူးသောအသင်းမတွေ့ရနိုင်ပါ။အခုလည်းပရိသတ်ချစ်သောအသင်းတွေထိပ်ဆုံး၄နေရာမှာရပ်တည်နေကြတာ၊ တန်းဆင်းဇုန်ထဲနယူးကာဆယ်ရောက်နေတာစသဖြင့်ဆွဲဆောင်မှုကိုယ်စီဟာသွားနေဆဲပဲမဟုတ်လား။ ဒါဖြင့်အဆင့် ၁၃ကိုလက်စတာရောက်နေတာရောနည်းနည်းမများဘူးလား..။ဒီတစ်ပတ် မန်ယူနဲ့ဆိုသူတို့ပိုဆိုးသွားဦးမလား။ အဲ့ဒါလေးအခုဖတ်ကြည့်ကြရစေချင်သည်။

လက်စတာ – မန်ယူ (မန်ယူ (=80)

🈁 Nကြယ်မင်း

ဒီပွဲမှာမန်ယူဖြစ်ဖို့ဝန်လေးကြပါလိမ့်မယ်။ ဘာကြောင့်လဲ၊ယုံကြည်အပ်သောမန်ယူပျောက်ဆုံးနေတာကအစပဲဖြစ်နိုင်ပါတယ်။ပြိုင်ပွဲစုံနောက်ဆုံး ၆ပွဲမှာ နှစ်ပွဲပဲအနိုင်ရခဲ့ပြီးအဲ့ဒီနှစ်ပွဲလုံးကလည်းနည်းနည်းမှသက်သောင့်သက်သာမရှိခဲ့ပါဘူး။အခြား၄ပွဲမှာ၃ပွဲရှုံးပြီးတစ်ပွဲသရေကျခဲ့တယ်။ဘယ်မှာလဲလွမ်းလောက်တဲ့မန်ယူ။ နောက်တစ်ချက်ကမက်ဂွိုင်းယားဒဏ်ရာရနေချိန်မှာဗာရန်းပါလိုက်နားသွားပြန်တာပဲပေါ့။ အစကတည်းကတစ်ပွဲတစ်ဂိုးနတ်ပူဇော်သလို၊ အရှင်ကြီးဆက်သလိုပေးနေရတဲ့အသင်းအတွက်သေဖို့သာပြင်ပေါ့။ အဲ့ဒီနှစ်ချက်ကမန်ယူနဲ့မိတ်ဆွေကိုခြားနားစေနိုင်တာပဲဖြစ်ပါတယ်။

ဒီမှာမန်ယူကအဝေးကွင်းဆိုပိုပြီးတည်ငြိမ်တတ်တာကိုသတိပြုရပါမယ်။အဲ့ဒီဘက်မှာသတိကြီးစွာကစားတတ်မှုကသူတို့ကိုကယ်ထုတ်သွားနိုင်စွမ်းရှိပါတယ်။ ပြီးတော့လူမစုံတဲ့ခံစစ်ပါ။ အဲ့ဒီနှစ်ယောက်လုံးမပါဝင်နိုင်ဘူးဆိုတာအတော်များကြောင်းကျနော်လည်းသိပါတယ်။ ဒါပေမဲ့အဲ့ဒါကလင်ဒီလော့ဖ်နဲ့ ဘိုင်လီကိုတစ်ဆိတ်နှိမ့်ချလွန်းသလိုဖြစ်မနေဘူးလားကျနော်စဉ်းစားမိပါတယ်။လင်ဒီလော့ဖ်ဟာအောင်မြင်ခဲ့သောဆွီဒင်နောက်ခံလူဖြစ်သလိုဒီမှာလည်းဗာရန်းရောက်မှ နေရာဖယ်ပေးလိုက်ရသူပါ။ဘိုင်လီဆိုလည်းမန်ယူနဲ့ရေစက်မပါသလိုတင်ဆက်နေရသူဖြစ်ပေမယ့်အခြားအသင်းကြီးတစ်သင်းမှာဆိုအခုထက်ခြေစွမ်းပြနိုင်မလားဘယ်တော့မဆိုစဉ်းစားနေရသူပါ။ သူသာစိတ်လိုလက်ရရှိပြီးဒဏ်ရာကင်းစင်နေရင်ခံစစ်ကိုအရသာရှိအောင်ကစားနိုင်သူဖြစ်ပါတယ်။ဒါကြောင့်သူတို့နှစ်ယောက်နဲ့ဆိုသွားပြီဆိုတဲ့ခံစားချက်တွေကိုကျနော်ငြင်းပယ်လိုပါတယ်။

လက်စတာဘက်ကြည့်ရင်ဘရန်ဒန်ရော်ဂျာလက်ထက်အဆိုးရွားဆုံးအနေအထားကိုတွေ့မြင်ကြရမှာပါ။ဒါကရလဒ်သက်သက်ပိုင်းခြားမှုမဟုတ်ပါဘူး။ ကစားသမားတွေကြည့်ရင်ဘယ်သူမှသေချာမှုရှိမနေဘဲနေရာအလိုက်အားလုံးချို့ယွင်းနေပါတယ်။ပဲလေ့စ်နဲ့ပွဲမှာဆိုရင် ၂ဂိုးပြတ်ဦးဆောင်နေရာကသ ရေပြန်ကျပေးလိုက်ရတာမျိုးဟာသူတို့ဆီသိပ်ပြီးမြင်ရလေ့မရှိတဲ့ပျော့ညံ့မှုမျိုးပါ။ ခံစစ်မှာဆိုယွန်ချူကိုဘယ်သူနဲ့ပဲတွဲပေးပေးအလုပ်မဖြစ်သေးတာက အဆိုးဆုံးပါပဲ။ဘရန်ဒန်ရော်ဂျာဟာစိတ်ဝင်စားစရာကောင်းတဲ့ကစားသမားသစ်တွေကို ခေါ်ယူနိုင်ခဲ့ပေမယ့်မှန်ကန်စွာအသုံးချနိုင်ဖို့ပျက်ကွက်/တုန့်ဆိုင်းနေဆဲရှိပါတယ်။လက်စတာအတွက်အဆိုးရွားဆုံးဓာတ်မတည့်မှုကမန်ယူနဲ့နောက်ဆုံးတွေ့ဆုံမှုတွေပါပဲ။ နောက်ဆုံးပွဲ ၃၀မှာ ၃ပွဲသာအနိုင်ရထားပြီး၁၉ပွဲရှုံးခဲ့ပါတယ်။

ဒါ့အပြင်နောက်ဆုံး၁၃ကြိမ်မှာမနှစ်ကတစ်ပွဲသာလက်စတာအနိုင်ရခဲ့ပြီးမန်ယူနိုင်ပွဲက၈ကြိမ်တောင်ရှိခဲ့တဲ့အပေါ် ခန့်ညားကြရပါလိမ့်မယ်။နောက်ဆုံးအ နေအထားအရသတိအထားသင့်ဆုံးတစ်ခုရှိနေပါသေးတယ်။ အဲ့ဒါကကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာမန်ယူကစားသမားအများစုခြေစွမ်းပြခဲ့ကြတာပဲဖြစ်ပါတယ်။ရော်နယ်ဒိုကဟက်ထရစ်ရလို့၊ ပေါ့ဂ်ဘာကနေးရှင်းလိဂ်ရလို့အပါအဝင်ဖြစ်ပြီးအဲ့ဒါကတကယ့်အကျပ်အတည်းကိုလှည့်ပြောင်းနိုင်စွမ်းရှိပါလိမ့်မယ်။အန္တရာယ်များမှန်းသိပါတယ်။ ဒါပေမဲ့မန်ယူကိုအခုလိုနည်းနာများအတိုင်းဝတ်ဆင်လိုခဲ့ပါတယ်။

🈁 ဟန်စိုးသွေး

လက်စတာဟာ၂ပွဲနိုင်၂ပွဲသရေ၃ပွဲရှုံးထားတယ်။ဆိုရရင်၇ပွဲကစားပွဲချိန်ထိလက်စတာရဲ့ခြေစွမ်းကမှန်းရခက်ပြီးပုံမှန်စွမ်းဆောင်ရည်မရသေးဘူးလို့ပြောနိုင်တယ်။နောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာလည်းလက်စတာခြေစွမ်းအတော်လေးညံ့ခဲ့ပြီးပဲလေ့စ် ဘန်လေတို့နဲ့သရေကျခဲ့ကာဘရိုက်တန်ကိုရှုံးခဲ့တယ်။ကွင်းလယ်နဲ့တိုက်စစ်ချိတ်ဆက်ကစားပုံကောင်းခဲ့ပေမယ့်ခံစစ်အမှားများလွန်းခဲ့ပြီး အဲဒီ၃သင်းစလုံးကို၂ဂိုးစီပေးခဲ့ရတယ်။

ဒါပေမယ့်တချက်သတိပြုရမှာကလက်စတာလူစာရင်းဟာမနိမ့်ဘဲတကယ်တင်ကစားရင်တင်ကစားသလောက်ကောင်းတာအသင်းကြီးတွေကိုဒုက္ခပေးနိုင်စွမ်းရှိတယ်။မန်ယူကတော့အထင်ကြီးခံရသလောက်ရလဒ်ပေါင်းစုံထွက်နေလို့စိတ်ပျက်စရာကောင်းခဲ့တယ်။နောက်ဆုံးကစားခဲ့တဲ့၃ပွဲမှာဆိုရင်ဝက်စ်ဟမ်းတစ်သင်းတည်းကိုသာအနိုင်ရခဲ့ပြီးအဲဗာတန်နဲ့သရေကျခဲ့ကာဗီလာကိုရှုံးခဲ့တယ်။

ပြိုင်ဖက်တိုင်းကိုဂိုးကန်သွင်းခွင့်တွေပိုရများအောင်ကစားနိုင်ခဲ့ပေမယ့်ပြိုင်ဖက်အသင်းတွေတင်ကစားလာရင်မန်ယူကွင်းလယ်ပျက်သွားတတ်ပြီးခံစစ်လည်းအမှားများလာလို့ ရလဒ်ပေါင်းစုံထွက်ခဲ့တာဖြစ်တယ်။ဒီပွဲမှာအဓိဗဟိုခံစစ်မှုး၂ဦးစလုံးမပါနိုင်သလိုကွင်းလယ်မှာဖရက်လည်းမပါနိုင်တာမို့မန်ယူရုန်းရလိမ့်မယ်။ဒီပွဲမှာမန်ယူကသရေ ၈၀ ရှုံးဆိုပြီးအကျောပေးထားတယ်။

ဖွင့်လှစ်ထားတဲ့ကြေးအရမန်ယူနိုင်ပွဲရအောင်မနည်းရုန်းရမယ်ဆိုတာထင်ရှားနေတယ်။မန်ယူတိုက်စစ်ပိုင်းလူစုံပေမယ့်ကွင်းလယ်ပိုင်းစွမ်းဆောင်ရည် မှန်းရခက်သလိုလူမစုံတဲ့ခံစစ်အမှားများနိုင်တာမို့အနိုင်၃ မှတ်ရယူနိုင်ဖို့သိပ်ခက်တယ်။အသင်းကြီးတွေနဲ့တွေ့ရင်ခြေစွမ်းကောင်းတတ်ပြီးတကယ်တင်ကစားတတ်တဲ့အိမ်ရှင်လက်စတာအနိမ့်ဆုံးသရေကစားနိုင်လိမ့်မယ်လို့ကောက်ချက်ဆွဲမိတဲ့အတွက်မန်ယူကိုအရဲစွန့်ငြင်းပယ်လိုက်သင့်ပါတယ်။

🈁 မင်းနဒီ(change)

မန်ယူက-75 နဲ့ ဂိုးပေါင်းကြေးက 3+70 ပေးထားပါတယ်။မန်ယူမှာဆိုးလ်ရှားရဲ့ကြောင်တောင်တောင်အကွက်တွေကစိတ်ပျက်စရာကောင်းသလို၊ ဖရက်ဒ်၊ ပေါ့ဘာ၊ တွမ်မီနေးလ်တို့ရဲ့ကွင်းလယ်လုပ်အားနှုန်းကလည်းတစ်သမှတ်တည်းမရှိဘူး။ ဒဏ်ရာကြောင့်မက်ဂွိုင်းယားကိုလက်လွှတ်ထားရချိန်မှာ ဗာရန်းကိုပါထပ်ပြီးဆုံးရှုံးလိုက်ရတယ်။လက်ရှိမှာစီရော်နယ်ဒိုရဲ့သွင်းဂိုးတွေကလွဲပြီးအသင်းအတွက်မက်စရာမရှိဘူးဖြစ်နေတယ်။ဆိုးလ်ရှားဟာ လက်ရှိကစားသမားစုဖွဲ့မှုနဲ့ အကောင်းဆုံးစုဖွဲ့မှုရအောင်တည်ဆောက်ဖို့နေနေသာသာလက်ရှိခြေစွမ်းထက်မဆိုးအောင်ရုန်းကန်နေရတာကိုကစိတ် ပျက်စရာအရမ်းကောင်းနေတယ်။ မန်ယူရဲ့လက်ရှိခြေစွမ်းကိုမကြိုက်ဘူး၊ ပေါက်ကြေး -75 ဆိုတာလည်းနိုင်မယ့်ကြေးမျိုးမဟုတ်ဘူး။

ဒါပေမဲ့မန်ယူရဲ့ -75 မှာ သံသယဖြစ်စရာလေးတွေတွေ့နေရတယ်။ လက်စတာကွင်းနောက်ဆုံး၃ကြိမ်မှာမန်ယူက -30, -45, -35 ဆိုတဲ့ အနေအထားမျိုးနဲ့ပေးခဲ့တယ်။ -50 ထက်မကျော်တဲ့ ၃ ကြိမ်မှာ မန်ယူက ၁ ပွဲနိုင်၊ ၁ ပွဲသရေ၊ ၁ ပွဲရှုံးရလဒ်ကိုရရှိခဲ့တယ်။ ဒီတစ်ကြိမ်မှာလည်းမန်ယူတကယ်အနိုင်မရနိုင်ဘူးဆိုရင် -50 ဝန်းကျင်လောက်မှာရှိနေသင့်တာပါ။အခု -75 ပေးထားတာကြောင့်စိတ်ထဲမှာမတင်မကျဖြစ်နေမိတယ်။ဒါကပုံမှန်ဂိုးတွေသွင်းပေးနေတဲ့စီရော်နယ်ဒိုကြောင့်လည်းဖြစ်နိုင်တယ်။နောက်တစ်ချက်ကလက်စတာကိုယ်တိုင်ကလည်းဒီရာသီမှာခြေစွမ်းကျဆင်းနေတာကြောင့်လည်းဖြစ်နိုင်တယ်။

လက်စတာတိုက်စစ်ကပြီးခဲ့တဲ့ရာသီတွေကလိုပုံစံကောင်းမျိုးမပြသနိုင်ပဲဗာဒီရုန်းကန်နေရတယ်။ဘားနက်စ်ကလည်းပံ့ပိုးမှုကောင်းကောင်းမလုပ်နိုင်ဘူး၊အဆိုးဆုံးကမက်ဒီဆန်နေရာပျောက်သွားရတာပါပဲ။လက်စတာရဲ့ခံစစ်ကလည်းဗက်စတာဂတ်ကို ဆိုရန်ချူနဲ့တွဲပေးလိုက်ရင်ပြီးပြီလို့ထင်မှတ်ခဲ့ပေမဲ့အဲ့ဒီထင်ကြေးတွေတက်တက်စင်အောင်လွဲချော်သွားခဲ့တယ်။ပွဲတိုင်းမှာတစ်နည်းမဟုတ်တစ်နည်းနဲ့ ဂိုးတွေပေးနေတယ်။ ဒီအချက်ကြောင့်လည်းမန်ယူဟာ -75 လောက်နဲ့တင်းခံနေတာဖြစ်နိုင်တယ်။ မန်ယူဟာလက်စတာနဲ့ပွဲကစလို့ နောက်ထပ်နိုဝင်ဘာလအထိအတ္တလန္တာ၊ လီဗာပူး၊ စပါး၊ မန်စီးတီး၊ ဗီလာရီးယဲလ်၊ ချဲလ်ဆီးတို့နဲ့ တောက်လျှောက်တွေ့ရမယ့်အနေအထားကဒီပွဲအပေါ် တစ်မျိုးတစ်မည်ဖြစ်စေနိုင်တယ်။

ပွဲကြပ်ပွဲစဉ်တွေစတင်လာတော့မယ့်အဖွင့်ပွဲစဉ်မှာမဖြစ်မနေရုန်းကန်မှရတော့မယ်ဆိုတဲ့အသိနဲ့သတိစွဲသွားပြီးအလွတ်ရုန်းထွက်သွားတာမျိုးဖြစ်လာမလားလို့ စိတ်ထဲမှာသံသယဖြစ်နေမိတယ်။ခြေစွမ်းမကောင်းတဲ့အပြင်၊ ခံစစ်မှာဒဏ်ရာပြဿနာတွေရှိနေတယ်၊ဒါ့အပြင်ဆိုးလ်ရှားရဲ့ပေါက်ပန်းစေးလုပ် ရပ်တွေ၊ နည်းဗျူဟာမဲ့လူစားလဲမှုတွေမှာဒီလိုအတွေးမျိုးမတွေးကောင်းဘူးဆိုတာမှန်ပါတယ်။ဒါပေမဲ့လက်စတာကိုယ်တိုင်ကလည်းပုံစံကောင်းတစ်ခုမှာတည်ငြိမ်နေတဲ့အသင်းမဟုတ်တာကြောင့်မန်ယူလွတ်မြောက်သွားမလားလို့ စိတ်ထဲမှာဒွိဟဖြစ်နေမိတယ်။ဆိုးလ်ရှားအနေနဲ့ သူ့ရဲ့အနာဂတ်ကိုအဆုံး အဖြတ်ပေးတော့မဲ့ပွဲကြပ်ပွဲစဉ်တွေစပြီဆိုတာကိုသူကိုယ်တိုင်လည်းနားလည်သဘောပေါက်ထားမှာပါ။

ခရီးကြမ်းတစ်ခုစတင်တော့မယ့်အဖွင့်ပွဲစဉ်မှာသူ့ရဲ့နောက်ဆုံးခုခံနိုင်စွမ်းကိုလည်းမြင်တွေ့လာရဖို့ရှိတယ်။ဒီအဖွင့်ပွဲစဉ်မှာသူပြိုလဲသွားရင်သူနဲ့ မန်ယူအသင်းဆိုတာလည်းပြီးဆုံးသွားမှာပါ။နောက်ပြီးပေါက်ကြေးကလည်းပြီးခဲ့တဲ့နောက်ဆုံး ၃ ကြိမ်ကထက်နည်းနည်းမာနေတာကြောင့်လည်းမန်ယူကို လွန်ဆန်လိုက်ဖို့ ခက်ခဲနေတယ်။ဆိုးလ်ရှားနဲ့အတူပွဲကြပ်ကလထဲတိုးဝင်ရတော့မယ့်မန်ယူကိုဆန့်ကျင်ဖို့ ဆုံးဖြတ်ထားပေမဲ့အဲ့ဒီဆုံးဖြတ်ချက်ကိုလက်စတာပွဲပြီးတော့မှာစတင်ပါတော့မယ်။လက်စတာကိုယ်တိုင်ကခြေစွမ်းလျော့နေတာကြောင်ဒီတစ်ကြိမ်မှာကြီးမားတဲ့စွန့်စားမှုတစ်ရပ်နဲ့ မန်ယူကိုရွေးချယ်လိုက်ရပါတယ်။

🈁 ဒီတစ်ပတ် 3D

ဆရာဟန်တင်သွင်းနေတဲ့ပွဲတွေရက်သတ္တပတ်၄ပတ်ဆက်အောင်မြင်ခဲ့ပါပြီ။ ဒီတစ်ပတ်လည်းဆရာဟန်ပဲပွဲရွေးခဲ့တာပါ။ သူကိုယ်တိုင်ကလက်စတာဆီ ဆိုက်ကပ်ထားပေမယ့်ဆရာကြယ်တို့နှစ်ယောက်ကမန်ယူနဲ့ပဲသွားမယ်လို့ အကြောင်းပြန်ထားတာဖတ်ရှုကြရမှာပါ။ ဒါကြောင့်ဒီတစ်ပတ် Play Maker 3D Choice ဟာ`မန်ယူ´ဖြစ်လာပါတယ်။ ကင်းပါဝါညဟာဆိုးလ်ရှားအိပ်မက်တွေစိုရွှဲပါစေသားပရိသတ်ကြီး..