ဒီရာသီ ဘွန်ဒက်စ်လီဂါရလဒ်တွေအတိုင်း
ကြာသပတေးည ဂျာမန်ပိုကယ်ဖလား ဗိုလ်လုပွဲ ပွဲကြိုသုံးသပ်ချက်
လစ်ဇစ် နှင့် ဒေါ့မွန် (ည ၁း၁၅)(မော်ကွန်း)
ဒီရာသီရဲ့ပိုကယ်ဖလားဗိုလ်လုပွဲကြီးကိုတော့ဘာလင်မြေမှာကစားသွားမှာဖြစ်ပါတယ်။ဘွန်ဒက်စ်လီဂါမှာဒုတိယနေရာရပ်တည်နိုင်ခဲ့တဲ့လစ်ဇစ်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်ကသေချာခဲ့ပါပြီ။
ဒါပေမဲ့လစ်ဇစ်ရဲ့လက်ရှိခြေစွမ်းကအားရစရာမကောင်းလှဘဲကွင်းလယ်ယိမ်းယိုင်ပြီးခံစစ်ကြောင်းအမှားများလွန်းတယ်။ဒေါ့မွန်ကတော့ချန်ပီယံလိဂ်ဝင်ခွင့် မသေချာသေးဘူးဆိုတာရာသီအစောပိုင်းရလဒ်တွေ ဆိုးရွားခဲ့လို့ပါ။
ဒေါ့မွန်ရဲ့လက်ရှိခြေစွမ်းက အကောင်းဆုံးပုံစံရှိနေပြီး ရှေ့၊ လယ်၊ နောက် အစစအရာရာအပြစ်ပြောစရာမရှိပါဘူး။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းတွေ့ခဲ့တဲ့ ဘွန်ဒက်စ်လီဂါပွဲမှာဒေါ့မွန်နိုင်ခဲ့ပြီးပထမအကျော့တုန်းကလည်းဒေါ့မွန်ပဲနိုင်ခဲ့တာပါ။ ဒဲ့နီးပါးဖွင့်လှစ်မှုမှာအနိမ့်ဆုံးသရေကစားပြမယ့်ဒေါ့မွန်ကိုကြိုက်တယ်။ဒီရာသီဘွန်ဒက်စ်လီဂါရလဒ်တွေအတိုင်း ဒေါ့မွန်အနိုင်ရသွားနိုင်တယ်။
zawgyi