လစ်ဇစ် အနိုင်ရရှိမယ်လို့ယုံကြည်မိတယ်

တနင်္ဂနွေည ဂျာမန်ဘွန်ဒက်စ်လီဂါ ပွဲစဉ်-၂၅ ပွဲကြိုသုံးသပ်ချက်

လစ်ဇစ် နှင့် ဖရန့်ဖတ် (ည ၉:၀၀)(မော်ကွန်း)

အိန်ဂျလီနိုနာနေပေမယ့်အော်မို၊ အန်ကန်ကူ၊ ပေါလ်ဆင်၊ ဖော်စဘတ်တို့ရှိနေလို့ လစ်ဇစ်တိုက်စစ်ကဂိုးသွင်းအားထက်မြက်နေဆဲလို့ဆိုရမယ်။အလားတူ အန်ဒရီဆေးလ်ဗား၊ ကော့စတစ်တို့ရဲ့ဖရန့်ဖတ်တိုက်စစ်ကလည်းဘယ်လိုပြိုင်ဘက်မျိုးကိုပဲဖြစ်ဖြစ်ဂိုးသွင်းနိုင်စွမ်းရှိပါတယ်။

ဒါပေမဲ့ခံစစ်ပိုင်းချင်းယှဉ်မယ်ဆိုရင်တော့လောလောဆယ်လစ်ဇစ်ကပိုပြီးလုံခြုံနေပါတယ်။လတ်တလောအစဉ်အလာပိုင်းမှာဖရန့်ဖတ်သာလွန်ခဲ့တာမှန်ပေမယ့်ဒီတစ်ကြိမ်မှာတော့လစ်ဇစ်အနိုင်ရရှိမယ်လို့ယုံကြည်မိတယ်။

zawgyi




