”ကြိုးကြာတွေ အမြင့်ပျံဖို့ဆိုတာ”

အင်္ဂါည ချန်ပီယံလိဂ် ၁၆သင်းအဆင့် (ပ-အကျော့) ပွဲကြိုသုံးသပ်ချက်

လစ်ဇစ် နှင့် လီဗာပူး (ည ၂:၃၀)(စိုင်းကို- တောင်ကြီး)

ဘွန်ဒက်စ်လီဂါမှာဘိုင်ယန်ရဲ့ဦးဆောင်မှုကိုထပ်ကြပ်မကွာလိုက်ပြီး ဖိအားပေးနေနိုင်တဲ့လစ်ဇစ်ရဲ့ခြေစွမ်းကအားရစရာကောင်းလွန်းလှပါတယ်။ဖော့စ်ဘတ်နာနေပေမယ့်အိန်ဂျလီနို၊ အန်ကန်ကူ၊ ပေါလ်ဆန်၊ ဆာဘစ်ဇာတို့ ခြေစွမ်းပြနိုင်မှုနဲ့အတူလစ်ဇစ်တိုက်စစ်ကပုံမှန်ဂိုးသွင်းအားရှိနေတယ်။

လစ်ဇစ်ရဲ့လက်ရှိခြေစွမ်းကိုကြည့်ရင်ကွင်းလယ်နဲ့ခံစစ်ကလည်းလုံခြုံလွန်းတာတွေ့ရှိရမှာပါ။ပရီးမီးယားလိဂ်မှာရုန်းကန်နေရတဲ့လီဗာပူးကတော့လော လောဆယ်ခြေစွမ်းကျဆင်းလွန်းပြီးကွင်းလယ်နဲ့ခံစစ်အားပျော့လွန်းနေတဲ့အသင်းပါ။

တိုက်စစ်ကပုံမှန်ဂိုးရတယ်ဆိုပေမယ့်လည်းချန်ပီယံလိဂ်ဆိုရင်အားထားရတဲ့ဂျိုတာနာနေလို့ သိသိသာသာအားပျော့နေပါလိမ့်မယ်။နဂိုကတည်းကလည်း လီဗာပူးမှာဂီလာနတွေအများကြီးပါ။

ဒါကိုတောင်သရေဆိုရင်လီဗာပူးက ၂၅နစ်နာရမယ်ဆိုတော့လစ်ဇစ်ကိုအားပေးလိုက်ပါ။ကြားကွင်းကစားရမှာဆိုပေမယ့်လည်းဒီပွဲမှာကြိုးကြာတွေအမြင့်ပျံဖို့ဆိုတာဘယ်လိုမှမဖြစ်နိုင်ပါဘူး။

zawgyi




