ပြီးခဲ့တဲ့ရာသီကလို အပြန်အလှန်ဂိုးတွေနဲ့ ဖျော်ဖြေမှုပေးမယ့် လစ်ပ်ဇစ်-မန်စီးတီး

ဗုဒ္ဓဟူးည ချန်ပီယံလိဂ် ၁၆ သင်းအဆင့်(ပ-ကျော့) ပွဲကြိုသုံးသပ်ချက်

လစ်ပ်ဇစ် နှင့် မန်စီးတီး(ည ၂း၃၀)(သတိုး မှော်ဘီ)

လစ်ပ်ဇစ်နဲ့မန်စီးတီးတို့ဟာချန်ပီယံလိဂ်မှာ ၂ နှစ်ဆက်တွေ့ကြတာဖြစ်ပြီးပြီးခဲ့တဲ့ရာသီအုပ်စုအဆင့်တုန်းကတော့လစ်ပ်ဇစ်ကွင်းမှာအံ့အားသင့်ဖွယ်အ ဖြစ် ၂-၁ နဲ့ မန်စီးတီးရှုံးခဲ့ပါတယ်။လစ်ပ်ဇစ်ကတော့ဒီတစ်ရာသီလုံးမှာအိမ်ကွင်း ၂ ပွဲသာရှုံးသေးတာပါ။

မန်စီးတီးကတော့၂၀၂၃ ထဲကအဝေးကွင်းပွဲတွေမှာဆောက်သမ်တန်နဲ့နော်တင်ဟမ်တို့လိုအသင်းတွေကိုတောင်ဂိုးပြန်ပေးခဲ့ရပါတယ်။ပြီးခဲ့တဲ့ရာသီက သူတို့နှစ်သင်းရဲ့နှစ်ကျော့စလုံးမှာအပြန်အလှန်ဂိုးတွေနဲ့ ဂိုးများခဲ့တာပါ။ဒီတစ်ကြိမ်မှာလည်းဂိုးပေါ်ကသာပိုစိတ်ချရနိုင်တယ်။

zawgyi




