”၈ပွဲဆက်ပေးဂိုးမရှိတဲ့ခံစစ်ကြောင်းကိုပဲယုံကြည်ပါရစေ”

ဗုဒ္ဓဟူးည ဂျာမန်ပိုကယ်ဖလားကွာတားဖိုင်နယ်ပွဲစဉ်များ ပွဲကြိုသုံးသပ်ချက်

လစ်ဇစ် နှင့် ဝုဖ်ဘတ် (ည ၂:၁၅)(မော်ကွန်း)

ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယား အဆင့် ၂နေရာကလစ်ဇစ်နဲ့ အဆင့် ၃နေရာကဝုဖ်ဘတ်တို့ ထိပ်တိုက်တွေ့ဆုံမှုပါ။လစ်ဇစ်ဟာဒီအဆင့်ထိရောက်ဖို့ နုရင်ဘတ်၊ အော့စ်ဘတ်၊ ဘိုချမ်တို့ကို ပေးဂိုးမရှိနိုင်ပွဲတွေ ရယူပြီးတက်လှမ်းလာတဲ့အသင်းဖြစ်တယ်။

ဝုဖ်ဘတ်ကတော့ ဖာစတန်ဝယ်ဒီ၊ ဆန်ဟော့ဆန်နဲ့ ရှော်ကေးတို့ကိုအနိုင်ယူကျော်ဖြတ်လာတာပါ။လက်ရှိခြေစွမ်းကိုကြည့်လိုက်တော့အိန်ဂျလီနို၊၊ ဟိုင်ဒါရာ၊ ပေါလ်ဆန်တို့ရဲ့ လစ်ဇစ်တိုက်စစ်ရောဗစ်တာ၊ ဝက်စ်ဟော့တို့ရဲ့ဝုဖ်ဘတ်တိုက်စစ်ပါ ဂိုးသွင်းအားထက်မြက်လွန်းနေကြတယ်။

ခံစစ်ပိုင်းချင်းယှဉ်မယ်ဆိုရင်တော့နောက်ဆုံး ၈ပွဲဆက်တိုက်ပေးဂိုးလုံးဝမရှိထားတဲ့ ဝုဖ်ဘတ်ကအိမ်ရှင်လစ်ဇစ်ထက်ပိုပြီးလုံခြုံမာကျောတယ်ဆိုရမယ်။ဒီပွဲမှာအိမ်ရှင်ဖြစ်လို့ လစ်ဇစ်က ၁+၉၀ အကျောပေးထားတယ်။

ပြိုင်ဘက်ဝုဖ်ဘတ်ရဲ့ခံစစ်ကြောင်းကိုအထင်သေးလျှော့တွက်ရအောင်လစ်ဇစ်တိုက်စစ်ကဘာမို့လို့လဲဗျာ။ ၈ပွဲဆက်ပေးဂိုးမရှိတဲ့ဝုဖ်ဘတ်ခံစစ်ကြောင်းကိုပဲ ယုံကြည်ပါရစေ

zawgyi




