L’Equipe ရဲ့10/10 Rating အပေးခံရတဲ့ ၁၄ ဦးမြောက်ကစားသမားဖြစ်လာတဲ့ အာလင်းဟာလန်း

အာလင်းဟာလန်းဟာမနေ့ညတုန်းကမန်ချက်စတာဒါဘီပွဲစဉ်တွင်ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့အပြင်ဖန်တီးမှု၂ကြိမ်လည်းပြုလုပ်နိုင်ခဲ့ပြီးနောက် L’Equipe ရဲ့10/10 Rating အပေးခံရတဲ့ ၁၄ဦးမြောက်ကစားသမားဖြစ်လာပါတယ်။

နော်ဝေနှင့်မန်စီးတီးတိုက်စစ်မှူးဟာမန်စီးတီးအတွက်ပရီးမီးယားလိဂ်ပွဲ၈ပွဲတည်းသာကစားပြီးချိန်တွင်တတိယမြောက်ဟက်ထရစ်သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ပရီးမီးယားလိဂ်သမိုင်းတွင်အမြန်ဆုံး တတိယမြောက်ဟက်ထရစ်ရရှိသူအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

ယခင်တုန်းကပရီးမီးယားလိဂ်တွင်အမြန်ဆုံးဟက်ထရစ်သုံးကြိမ်ရရှိသူအဖြစ်မိုက်ကယ်အိုဝင်က၄၈ပွဲကစားပြီးရရှိခဲ့တာဖြစ်ပြီးအာလင်းဟာလန်းက၈ပွဲတည်းကစားကာအံ့ဩသင့်ဖွယ်စံချိန်သစ်ရေးထိုးလာတာဖြစ်ပါတယ်။

ဒါကြောင့်လည်းကမ္ဘာ့ထိပ်သီးဘောလုံးသတင်းစာ L’Equipe ဟာသူတို့ရဲ့၁၄ဦးမြောက် 10/10 Rating ပေးတဲ့ကစားသမားအဖြစ်အာလင်းဟာလန်းကိုပေးလာတာဖြစ်ပါတယ်။

ယခင်တုန်းက L’Equipe ဟာယခင်တုန်းကကစားသမား၁၃ဦးတို့ကိုသာ 10/10 Rating ပေးလာတာဖြစ်ပါတယ်။မက်ဆီက 10/10 Rating ၂ကြိမ်တိုင်တိုင်ရရှိခဲ့ဖူးပြီးလွန်ခဲ့တဲ့ဆယ်နှစ်ကျော်တုန်းကလေဗာကူဆင်ကို၇-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲတွင်နောက်ဆုံးအကြိမ်ရရှိခဲ့တာဖြစ်ပါတယ်။

ယခင်က L’Equipe ရဲ့10/10 ရရှိဖူးတဲ့ကစားသမားများကဖရန့်ဆူဇီး၊ဘရူနိုမာတီနီ၊အိုလက်ဆာလန်ကို၊လာဝင်းဖီးလ်၊ရောဘတ်လီဝန်ဒေါ့စကီး၊ကားလို့စ်အက်ဒူယာဒို၊နေမာ၊ဒူဆန်တာဒစ်၊လူးကပ်စ်မော်ရာ၊ဆာဂျီဂနာဘရီ၊ကိုင်လီယန်ဘက်ပေး၊အယ်ဘန်လာဖွန့်တို့ဖြစ်ပါတယ်။

တကယ်လို့များဖီးလ်ဖိုဒန်သာ 10/10 ရရှိလာမည်ဆိုပါကသမိုင်းတွင်ပထမဆုံးအကြိမ်အဖြစ်တစ်ပွဲတည်းတွင်တစ်သင်းတည်းမှကစားသမား၂ဦး10/10 ရရှိမှုဖြစ်လာပါဦးမယ်။ဒါပေမဲ့ယူနိုက်တက်ပွဲတွင်ဟာလန်းကဲ့သို့ပင်ဟက်ထရစ်သွင်းနိုင်ခဲ့တဲ့ဖီးလ်ဖိုဒန်မှာ 9.9/10 ရရှိခဲ့ပါတယ်။

ZawGyi

L’Equipe ရဲ႕10/10 Rating အေပးခံရတဲ့ ၁၄ ဦးေျမာက္ကစားသမားျဖစ္လာတဲ့ အာလင္းဟာလန္း

အာလင္းဟာလန္းဟာမေန႔ညတုန္းကမန္ခ်က္စတာဒါဘီပြဲစဥ္တြင္ဟက္ထရစ္သြင္းႏိုင္ခဲ့တဲ့အျပင္ဖန္တီးမႈ၂ႀကိမ္လည္းျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ L’Equipe ရဲ႕10/10 Rating အေပးခံရတဲ့ ၁၄ဦးေျမာက္ကစားသမားျဖစ္လာပါတယ္။

ေနာ္ေဝႏွင့္မန္စီးတီးတိုက္စစ္မႉးဟာမန္စီးတီးအတြက္ပရီးမီးယားလိဂ္ပြဲ၈ပြဲတည္းသာကစားၿပီးခ်ိန္တြင္တတိယေျမာက္ဟက္ထရစ္သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ပရီးမီးယားလိဂ္သမိုင္းတြင္အျမန္ဆုံး တတိယေျမာက္ဟက္ထရစ္ရရွိသူအျဖစ္မွတ္တမ္းတင္ႏိုင္ခဲ့ပါတယ္။

ယခင္တုန္းကပရီးမီးယားလိဂ္တြင္အျမန္ဆုံးဟက္ထရစ္သုံးႀကိမ္ရရွိသူအျဖစ္မိုက္ကယ္အိုဝင္က၄၈ပြဲကစားၿပီးရရွိခဲ့တာျဖစ္ၿပီးအာလင္းဟာလန္းက၈ပြဲတည္းကစားကာအံ့ဩသင့္ဖြယ္စံခ်ိန္သစ္ေရးထိုးလာတာျဖစ္ပါတယ္။

ဒါေၾကာင့္လည္းကမာၻ႔ထိပ္သီးေဘာလုံးသတင္းစာ L’Equipe ဟာသူတို႔ရဲ႕၁၄ဦးေျမာက္ 10/10 Rating ေပးတဲ့ကစားသမားအျဖစ္အာလင္းဟာလန္းကိုေပးလာတာျဖစ္ပါတယ္။

ယခင္တုန္းက L’Equipe ဟာယခင္တုန္းကကစားသမား၁၃ဦးတို႔ကိုသာ 10/10 Rating ေပးလာတာျဖစ္ပါတယ္။မက္ဆီက 10/10 Rating ၂ႀကိမ္တိုင္တိုင္ရရွိခဲ့ဖူးၿပီးလြန္ခဲ့တဲ့ဆယ္ႏွစ္ေက်ာ္တုန္းကေလဗာကူဆင္ကို၇-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲတြင္ေနာက္ဆုံးအႀကိမ္ရရွိခဲ့တာျဖစ္ပါတယ္။

ယခင္က L’Equipe ရဲ႕10/10 ရရွိဖူးတဲ့ကစားသမားမ်ားကဖရန႔္ဆူဇီး၊ဘ႐ူႏိုမာတီနီ၊အိုလက္ဆာလန္ကို၊လာဝင္းဖီးလ္၊ေရာဘတ္လီဝန္ေဒါ့စကီး၊ကားလို႔စ္အက္ဒူယာဒို၊ေနမာ၊ဒူဆန္တာဒစ္၊လူးကပ္စ္ေမာ္ရာ၊ဆာဂ်ီဂနာဘရီ၊ကိုင္လီယန္ဘက္ေပး၊အယ္ဘန္လာဖြန႔္တို႔ျဖစ္ပါတယ္။

တကယ္လို႔မ်ားဖီးလ္ဖိုဒန္သာ 10/10 ရရွိလာမည္ဆိုပါကသမိုင္းတြင္ပထမဆုံးအႀကိမ္အျဖစ္တစ္ပြဲတည္းတြင္တစ္သင္းတည္းမွကစားသမား၂ဦး10/10 ရရွိမႈျဖစ္လာပါဦးမယ္။ဒါေပမဲ့ယူႏိုက္တက္ပြဲတြင္ဟာလန္းကဲ့သို႔ပင္ဟက္ထရစ္သြင္းႏိုင္ခဲ့တဲ့ဖီးလ္ဖိုဒန္မွာ 9.9/10 ရရွိခဲ့ပါတယ္။