Best Choice Fighter(5)Thursday

Best Choice Fighter(5)Thursday

Tipster Thiri Shinn Thant

F(1)Slavia Prague(1+10,2-80) Vs Legia Warszawa

ချက်ကလပ် ဆလားဗီးယားဟာပြည်တွင်းအမှတ်ပေးပြိုင်ပွဲမှာ ပွဲစဉ်(၃)ယှဉ်ပြိုင်ကစားပြီးချိန်အထိ ရဂိုး(၆)ဂိုး၊ပေးဂိုး(၁)ဂိုးဖြင့် ရမှတ်(၉)မှတ်ရရှိကာအဆင့်(၄)တွင်ရပ်တည်နေပါသည်။လက်ကျန်ပွဲစဉ်(၁)ပွဲကျန်ရှိနေသေးသောဆလာဗီးယားဟာတိုက်စစ်ကောင်းသလို ခံစစ်ကလည်း လုံခြုံလွန်းနေပါသည်။

ပိုလန်ကလပ်လီဂီယာဝါဆောကတော့ပွဲစဉ်(၃)ယှဉ်ပြိုင်ကစားပြီးချိန် ရမှတ်(၆)မှတ်၊ရဂိုး(၄)ဂိုး၊ပေးဂိုး(၃)ဂိုးဖြင့်အဆင့်(၈)တွင် ရပ်တည်နေပြီးလက်ကျန်(၁)ပွဲကစားဖို့တော့ ကျန်ရှိနေပါသေးသည်။ဝါဆောကတော့ တိုက်စစ်နှင့်ခံစစ်မျှတနေကြောင်း အကြမ်းဖျင်းသုံးသပ်ရပါလိမ့်မည်။

ဈေးကွက်အရတော့(၁:၁)ကိုဦးတည်နေပြီး၊အိမ်ရှင်ဘက်ကကြည့်ရင်တော့(၁:၀)(၂:၀)လည်း ဖြစ်ပေါ်လာနိုင်သောအခင်း အကျင်းလို့သာစာရေးသူမှယူဆထားပါသည်။ချက်နိုင်ငံ ဆီနိုဗိုလ် အားကစားကွင်းကြီးထဲမှာ ယူရိုပါလိဒ်ဝင်ခွင့်ရဲ့နောက်ဆုံးအဆင့်ပထမအကျော့ကို ယှဉ်ပြိုင်ကစားမှာဖြစ်ပြီးTeam Form အရအိမ်ရှင်ဟာ နောက်ဆုံး(၅)ပွဲမှာ(၄)ပွဲနိုင်ပြီး(၁)ပွဲသာ ရှုံးနိမ့်ထားပါသည်။ထူးခြားချက်အနေဖြင့် ဆလာဗီးယားဟာ အဆိုပါ(၅)ပွဲတွင်(၄)ပွဲအား နှစ်ဖက်သွင်းဂိုး(၂)ဂိုးနှင့် သူ့အောက်သာကစားထားကြောင်း လေ့လာသိရှိနိုင်ပါသည်။

အလားတူပင် လီဂီယာဝါဆောဟာ နောက်ဆုံး(၅)ပွဲမှာ နှစ်ဖက်သွင်းဂိုး(၂)ဂိုးနှင့်သူ့အောက်(၄)ပွဲကစားထားပြီး (၂)ပွဲနိုင်(၂)ပွဲရှုံး(၁)ပွဲသရေရလာဒ်တွေကိုပိုင်ဆိုင်ထားကြောင်း Data တွေကထောက်ပြထားပါသည်။Current Form နှင့်ဈေးကွက်အရတော့ အိမ်ရှင်အလေးသာနေတယ်ဆိုတာ ငြင်းလို့မရနိုင်ပါဘူး။

ရွေးချယ်မှု့အနေဖြင့်ဈေးကွက်ကိုအခြေခံကာပြိုင်ဘက် (၂)သင်းပေါင်း၏ နောက်ဆုံး(၁၀)ပွဲရလာဒ်ဟာနှစ်ဖက်သွင်းဂိုးအနည်းကို ဦးတည်နေတယ်ဆိုတာထင်ရှားနေသလို ဥရောပဝင်ခွင့်အတွက်ပထမအကျော့ဖြစ်နေခြင်းကလည်း ဧည့်သည်အနေဖြင့် ခံစစ်ကိုသာအားပြုလာနိုင်တာကြောင့် ဖိုက်တာ(၁)အဖြစ် ” Goal Down ” ကိုသာစွန့်စားရွေးချယ်လိုက်ပါသည်။

zawgyi

Best Choice Fighter(5)Thursday

Tipster Thiri Shinn Thant

F(1)Slavia Prague(1+10,2-80) Vs Legia Warszawa




