ဆယ်တာဗီဂိုကိုကြိုက်တယ်

အင်္ဂါည စပိန်လာလီဂါ ပွဲစဉ်-၆ ပွဲကြိုသုံးသပ်ချက်

လီဗန်တေး နှင့် ဆယ်တာဗီဂို (ည ၂း၃၀)(သတိုး မှော်ဘီ)

နောက်ဆုံး ၁၃ပွဲဆက်တိုက်ဂိုးပေးထားရတဲ့လီဗန်တေးခံစစ်ကြောင်းကယုံကြည်ချင်စရာမကောင်းလှဘူး။ဒါကြောင့်လည်းဒီရာသီမှာနိုင်ပွဲရှာမတွေ့သေး တာပါ။ သေသေချာချာကြည့်ရင်လီဗန်တေးဟာမနှစ်ကတည်းကခြေစွမ်းပိုင်းယိမ်းယိုင်လွန်းနေတာတွေ့ရတယ်။

ဆယ်တာဗီဂိုကလည်းဒီရာသီမှာနိုင်ပွဲရှာတွေ့ခြင်းမရှိသေးဘဲခြေစွမ်းပိုင်းအတော်လေးရုန်းကန်နေရတဲ့အသင်းပါ။ဒီပွဲဟာလီဗန်တေးအတွက်အနိုင်ရလဒ်ရှာဖွေပြဖို့ အခွင့်ကောင်းဆိုပေမယ့်လတ်တလောညံ့ဖျင်းနေမှုအရသိပ်တော့မလွယ်လှဘူး။အနိမ့်ဆုံးမရှုံးအောင်ကစားနိုင်စွမ်းရှိတဲ့ဆယ်တာဗီဂိုကိုကြိုက်တယ်။

zawgyi




